Home သတင်း ‌ကော့ကရိတ်မြို့နယ် သမိန်ဒွတ်ရွာတွင် လူထုများကို စုပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူ‌နေ

‌ကော့ကရိတ်မြို့နယ် သမိန်ဒွတ်ရွာတွင် လူထုများကို စုပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူ‌နေ

2249

ဧပြီ ၃ ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်‌ကျေးရွာတွင် သန်း‌ခေါင်စာရင်း‌ကောက်ယူရန်အတွက် ဧပြီ ၁ရက်‌နေ့မှစ၍ ‌ကျေးရွာရှိ သတ်မှတ်ထားသည့်‌နေရာတွင် လူထုများကို စုပြီး စာရင်း‌ကောက်‌နေယူ‌ကြောင်း သိရသည်။

သန်း‌ခေါင်စာရင်း‌ကောက်ရာယူရာတွင် ‌ကျေးလက်‌ဒေသရှိ ‌ကျေးရွာအများစုသည် တစ်အိမ်နှင့် တစ်အိမ် ‌ဝေးကွာပြီး သန်း‌ခေါင်စာရင်းလိုက်လံ‌ကောက်ယူသည့် စာရင်း‌ကောက် ဆရာမများအတွက် အသွားအလာ အချိန်ကြာမြင့်‌သော‌ကြောင့် ယခုလို ‌နေရာသတ်မှတ်၍ ‌ကောက်ယူရခြင်းဖြစ်‌ကြောင်း သမိန်ဒွတ်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး မန်းမြ‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီအချိန်မှာ စာရင်း‌ကောက် ဆရာမများအတွက် တစ်ဖက်က‌နေ ကြည့်‌ပေးရတယ်။ ဒီအချိန်က ‌နေလည်း ပူတယ်။ ရွာကလည်း တစ်အိမ်နဲ့ တစ်အိမ်‌ဝေးတယ်။ အဲဒီတစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်‌ကောက် မယ်ဆိုရင် ပြီးမှာ မဟုတ်ဘူး။ ဆရာမတို့လဲ‌နေပူထဲသွားတာကို ခံနိုင်ရည် ရှိ‌တော့မှာ မဟုတ်ဘူး။ ဒါ‌ကြောင့် အခုလို သတ်မှတ်တဲ့‌နေရာမှာ အစုလိုက်ရွာသား‌တွေကို လာထည့်ခိုင်းတာပါ”ဟု ၎င်းက ‌ပြောဆိုသည်။

အဆိုပါ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ရွာသားများ၏ သ‌ဘောတူညီမှုများကို ယူထားပြီးမှသာ သတ်မှတ်ထားသည့် ‌နေရာများတွင် လာ‌ရောက်ထည့်ခိုင်းခြင်းဖြစြ်ပီး အခြားရွာများလည်း ယခုလို ‌ဒေသခံများကို စုပြီး သန်း‌ခေါင်စာရင်‌ကောက်ယူမှုများ ရှိသည်ဟုလည်း ‌ဒေသခံများက ဆိုသည်။

သမိန်ဒွတ်ရွာမှ ‌နော်‌ပေကလဲက “ကျမ အိမ်မှာ‌တော့ သန်း‌ခေါင်စာရင်း မလာ‌ကောက်ရ‌သေးဘူး။ သန်း‌ခေါင် စာရင်းက သူတို့(စာရင်း‌ကောက်)ကိုယ်တိုင် မလာ‌ကောက်ဘူး။ သူတို့ စုတဲ့‌နေရာမှာဘဲ သွားထည့်ရမှာ‌ပေါ့ ‌နော်။ အခုလို လုပ်‌ပေးတာ ‌ကောင်းပါတယ်။ သူတို့ လာ‌ကောက်မယ့်အချိန်ကို အလုပ်ပျက်ခံပြီး ‌စောင့်စရာ မလို‌တော့ဘူး”ဟု ‌ပြောသည်။

ထို့အပြင် စာရင်း‌ကောက် ဆရာမနန်းရီပြုံးက “ဒီလိုလုပ်‌ပေးတာ အရမ်းကို ‌ကောင်းပါတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းထက်စာရင် ‌ကောင်းပါတယ်။ ‌အေး‌အေး‌ဆေး‌ဆေး‌မေးလို့ ရတယ်။ သူတို့နားလည်တဲ့အထိ ရှင်းပြ‌ပေးလို့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သန်း‌ခေါင်စာရင်း‌ကောက်ယူရန်အတွက် စာရင်း‌ကောက် ဆရာမတစ်ဦးသည် ၎င်း‌ကောက်ယူရမည့် နယ်‌မြေ အတွင်းရှိ ‌နေအိမ်တိုင်းကို တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် စာရင်း‌ကောက်ယူကြမည်ဖြစ်‌ကြောင်း သန်း‌ခေါင်စာရင်း မ‌ကောက်ခံမီကာလအတွင်း အစိုးရက ‌ပြောဆိုထားသလို ‌ကောက်ယူပြီးစီးသည့် အိမ်များကို အမှတ်အသားအဖြစ် စတစ်ကာ ကပ်ထားရမည်ဟု သတ်မှတ်ထားသည်။

လက်ရှိ‌ကောက်ခံ‌နေသည့် ပြည်လုံးကျွတ် လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းကို ၂၀၁၄ခုနှစ်၊ မတ် ၂၉ရက်‌နေ့ ညသန်း‌ခေါင်ယံမှ ဧပြီ ၁ဝ ရက်‌နေ့အထိ ‌ကောက်ခံသွားမည်ဖြစ်ပြီး ယခုဆိုလျှင် တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သည်။