Home သတင်း ငြိမ်းချမ်း‌ရေးကို ‌စေတနာမှန်ဖြင့် ‌ဆောင်ရွက်ရန် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်‌တောင်းဆို

ငြိမ်းချမ်း‌ရေးကို ‌စေတနာမှန်ဖြင့် ‌ဆောင်ရွက်ရန် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်‌တောင်းဆို

2110

မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့၏ အပစ်ရပ်ကာလအတွင်း နှစ်ဖက်အုပ်ချုပ်‌ရေးလုပ်ငန်းများ ရှုတ်‌ထွေး မှုရှိ‌နေပြီး ယင်းမှာ ငြိမ်းချမ်း‌ရေးနှင့် တိုက်ရိုက်ပတ်သက်‌နေသည့်အတွက် ‌စေတနာမှန်စွာ ‌ဆောင်ရွက်ရန် ၁၄ကြိမ်‌မြောက် ‌ကေအဲန်ယူ ဒူးပလာယာခရိုင် ညီလာခံက ‌တောင်းဆိုလိုက်သည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ရှိ နယ်‌မြေများတွင် မြန်မာအစိုးရနှင့် တိကျသည့် သူပိုင်၊ ကိုယ်ပိုင် နယ်‌မြေသတ် မှတ်ခြင်း မရှိသည့်အတွက် နှစ်ဖက်အုပ်ချုပ်‌ရေးနှင့်ပတ်သက်၍ ရှုတ်‌ထွေးမှု တစုံတရာရှိ‌နေ‌ကြောင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ် ‌မြေ နို့တ‌ကောမြို့နယ်၊ တရိတ‌ခေါင်း‌ကျေးရွာ၌ မတ် ၁၇မှ၂၁ရက်‌နေ့အထိ ကျင်းပသည့် ညီလာခံအပြီး ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ခရိုင်ဥက္ကဌအဖြစ် ပြန်လည်အ‌ရွေးခံရသူ ပဒို‌စော‌ရွှေ‌မောင်းက “အခု သူနယ်‌မြေ၊ကိုယ့်နယ်‌မြေ ရှုတ်‌ထွေးမှုဖြစ်‌နေတာက ‌သေချာ တဲ့ သတ်မှတ်မှုမရှိလို့ပဲ။ အဲလို သတ်သတ်မှတ်မှတ် မရှိတဲ့အ‌ပေါ် ရှုတ်‌ထွေးမှုဖြစ်တယ်။ သတ်သတ်မှတ်မှတ်ဖြစ်ဖို့ဆိုလို့ရှိရင် နှစ်ဖက် ‌တွေ့ဆုံပြီး‌တော့ ယာယီ ကျ‌နော်တို့ ဒီလိုသတ်မှတ်မယ်ဆိုတာ ချထားရင် ရှုတ်‌ထွေးမှု မရှိနိုင်‌တော့ဘူး”ဟု ဒူးပလာယာ ခရိုင် ကွန်ဂရက်၌ ‌ပြောဆိုခဲ့သည်။

ယင်းညီလာခံသို့ ‌ကေအဲန်ယူ ဗဟို‌ခေါင်း‌ဆောင် ပဒို‌စောသမိန်ထွန်း တက်‌ရောက်ခဲ့ပြီး ဒူးပလာယာခရိုင်အတွင်းရှိ အုပ်ချုပ်‌ရေး နှင့် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ အပါအဝင် ခရိုင်အတွင်းရှိ ‌ကျေးရွာများမှ လူထုကိုယ်စားလှယ်များ စုစု‌ပေါင်း ၁၉ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ညီလာခံထုတ်ပြန်ချက်တွင် ခရိုင်‌ဒေသအတွင်း ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ နှစ်ဖက် အုပ်ချုပ်‌ရေးလုပ်ငန်းများ၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း (NGO)များ အပါအဝင် ရှုတ်‌ထွေးမှု အ‌ခြေအ‌နေများကို အပြန်အလှန် ‌ဆွေး‌နွေးမှုများ ပြုလုပ် ကြ‌ကြောင်း ‌ဖော်ပြထားသည်။

“အခုရှုတ်‌ထွေးတာက NGO ‌တွေနဲ့ အစိုးရကလည်း သူတို့ စီမံကိန်း‌တွေနဲ့ လွှတ်လာတာရှိတယ်‌လေ။ တို့ဆီမှာလည်း အုပ်ချုပ် ‌ရေး‌တွေ ချထားတဲ့အ‌ပေါ်မှာ သူတို့လွှတ်တဲ့ NGO ဆိုတာကလည်း တို့ဆီမှာရှိတာကို ‌နောက်ပြီးမှ အစိုးရစီမံကိန်းရှိသလို တို့ဆီ မှာလည်း စီမံကိန်းရှိတယ်။ ဒါကို သင့်တင့်မျှတ‌အောင် ‌တွေ့ဆုံ‌ဆောင်ရွက်သွားဖို့ အတူလုပ်ရမှာ‌ပေါ့”ဟု ‌ကေအဲန်ယူ ဗဟို‌ခေါင်း ‌ဆောင် ပဒို‌စောသမိန်ထွန်းက ‌ပြောသည်။

ညီလာခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ နန်းစိန်မြကလည်း ‌ကေအဲန်ယူနှင့် အစိုးရတို့မှာ အပစ်ရပ်စဲထားသည့် အ‌ခြေအ‌နေတွင် သာရှိပြီး ငြိမ်းချမ်း‌ရေးရရန် မ‌ရေရာ‌သေးသည့်အချိန်တွင် ဒူးပလာယာခရိုင်သို့ လူမှုအဖွဲ့အစည်းအချို့ ဝင်‌ရောက်လာခြင်း၊ အစိုးရ ၏ ‌ကျော‌ထောက်‌နောက်ခံပြု ကျန်းမာ‌ရေး၊ ပညာ‌ရေး စသည့်ဖွံ့ဖြိုး‌ရေးအ‌ကြောင်းပြကာ ဝင်‌ရောက်လာခြင်းများသည် အသွင် သစ် နယ်‌မြေချဲ့ထွင်သည့် ပုံစံမျိုးဖြစ်သလို ရှုတ်‌ထွေးမှုများ ဖြစ်‌ပေါ်‌နေသည်ဟု ‌ပြောသည်။

ငါးရက်ကြာ ပြုလုပ်ခဲ့သည့် ယင်းညီလာခံတွင် ‌ကေအဲန်ယူဗဟိုက အတည်ပြုထားသည့် ဖွဲ့စည်းပုံ မူကြမ်းကို ‌ဆွေး‌နွေးခဲ့သလို ခရိုင်အတွင်း စီပွား‌ရေး၊ စစ်‌ရေး၊ သန်း‌ခေါင်စာရင်းကိစ္စတို ့‌ဆွေး‌နွေးပြီး ခရိုင်အမြဲတမ်း‌ကော်မတီ(၂၁)ဦးကို ‌ရွေး‌ကောက်တင် ‌မြှောက်ခဲ့ရာ ၎င်း‌ကော်မတီအနက် ဦး‌ဆောင်‌ကော်မတီ‌ခေါင်း‌ဆောင်အဖြစ် ဥက္ကဌ ပဒို‌စော‌ရွေ‌မောင်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်‌စော ဆာမိ‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒိုမန်းက‌နေဒီ၊ တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောမိုးအဲ့ဒို့ထူးနှင့် တရားသူကြီးအဖြစ် ပဒို ‌စော‌မောင်မြင့်တို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

‌ကေအဲန်ယူတွင် ခရိုင်အဆင့် ညီလာခံကို ၂နှစ်တစ်ကြိမ် ကျင်းပပြုလုပ်‌လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ဒူးပလာယာခရိုင် (၁၃)ကြိမ်‌မြောက် ညီလာခံကို ဘုရားသုံးဆူမြို့နယ်ခွဲ ထီးဖား‌ထော်(ကျ‌ချောင်း)‌ကျေးရွာ၌ ကျင်းပခဲ့‌သေးသည်။