Home သတင်း မယ်လဒုက္ခသည်‌နေအိမ်အလုံး ၅၀‌ကျော် မီး‌လောင်ပျက်စီး

မယ်လဒုက္ခသည်‌နေအိမ်အလုံး ၅၀‌ကျော် မီး‌လောင်ပျက်စီး

2004

မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီရပ်ကွက် ၄တွင် ယ‌နေ့ည ထိုင်းစံ‌တော်ချိန် ၉နာရီခွဲမှ ၁ဝနာရီ‌ကျော်အထိ မီး ‌လောင်မှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၅၀‌ကျော် မီး‌လောင်ပျက်စီးသွားခဲ့သည်ဟု မယ်လစခန်းဥက္ကဌက ခန့်မှန်း‌ပြောဆိုသည်။

မယ်လစခန်းဥက္ကဌ ‌စော‌အောနက်စ်က “လူ‌နေအိမ် ၅၀‌ကျော် ပါသွားမယ်ထင်တယ်။ အ‌ခြေအ‌နေ အတိအကျကို‌တော့ မနက်ဖြန် မှ သိရမယ်။ ‌လော‌လောဆယ် မီးသတ်ကား ၄-၅စီး‌ရောက်လာလို့ အခု မီးငြိမ်းသွားပါပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မီး‌လောင်ကျွမ်းမှုမှာ မည်သို့ စတင်ဖြစ်ပွားသည်ကို အတိအကျ မသိရှိရ‌သေး‌သော်လည်း မီး‌ကြောင့် လူအ‌သေအ ‌ပျောက်နှင့် ထိခိုက်ဒဏ်ရာရသူများ မရှိ‌ကြောင်း ‌စော‌အောစ်နက်က ဆက်‌ပြောသည်။

မီး‌လောင်မှုတွင် ကိုယ်တိုင် မီးငြိမ်းသတ်ခဲ့သူ ‌စောည‌မွှေးက “ဘယ်က စ‌လောင်တာလဲ‌တော့ အတိအကျ မသိဘူးဗျ။ မီး‌လောင် တာ တအားမြန်တာပဲ။ မီးသတ်နိုင်တာက လူအင်အားများတာလည်း ပါပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေအိမ် မီး‌လောင်ကျွမ်းခံရသူ တီးဂျိုးက “အခု ငါ့မှာ ထမင်းအိုးလည်း မရှိ‌တော့ဘူး။ မနက်ဖြန် ဘာနဲ့ သွားစားမလဲ‌တော့ မသိ ဘူး။ အခု ‌လော‌လောဆယ် သူများ ပုဆိုးငှားပြီး ဝတ်‌နေရတယ်။ ကျ‌နော့်မှာ မိသားစု ၄-၅‌ယောက်ရှိတယ်‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ကီလိုမီတာ ၆၀‌ကျော် အကွာအ‌ဝေးရှိ မယ်လဒုက္ခသည်စခန်းမှာ ထိုင်း-မြန်မာနယ်စပ် တွင် အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီး ဒုက္ခသည်‌ပေါင်း ‌လေး‌သောင်း‌ကျော် ‌နေထိုင်လျှက်ရှိသလို ယမန်နှစ် ဒီဇင်ဘာလကလည်း မီး‌လောင်ခဲ့ရာ အိမ်‌ခြေ ၁၂ဝ ပျက်စီးသွားခဲ့သည်။