Home သတင်း အ‌ခြေခံလူတန်းစား၊ တိုင်းရင်းသားအဖွဲ့များနှင့် The Elders သွား‌ရောက်‌တွေ့ဆုံမည်

အ‌ခြေခံလူတန်းစား၊ တိုင်းရင်းသားအဖွဲ့များနှင့် The Elders သွား‌ရောက်‌တွေ့ဆုံမည်

1686

မတ်လ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကမ္ဘာ့‌ခေါင်း‌ဆောင်များ ပါဝင်သည့် The Elders အဖွဲ့သည် မတ်လ ၂၄ရက်မှ ၂၈ရက်အထိ မြန်မာနှင့် ထိုင်းနိုင်ငံများသို့ အလည် အပတ်ခရီး သွား‌ရောက်မည်ဖြစ်‌ကြောင်း ၎င်းအဖွဲ့က မတ်လ ၂၁ရက်‌နေ့တွင် သတင်းမီဒီယာများသို့ ‌ကြေညာအသိ‌ပေးလိုက် သည်။

The Elders အဖွဲ့၏ ခရီးစဉ် ရည်ရွယ်ချက်မှာ အ‌ခြေခံလူတန်းစားများနှင့် တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများ အပါအဝင် မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းမှ ပိုမိုကျယ်ပြန့်သည့် အလွှာ‌ပေါင်းစုံနှင့် ‌တွေ့ဆုံရန်ဖြစ်သည်ဟု အဆိုပါအဖွဲ့၏ အင်တာနက် စာမျက် နှာတွင် ‌ဖော်ပြထားသည်။

ယခု လာ‌ရောက်မည့် ‌ခေါင်း‌ဆောင်နှစ်ဦးမှာ ‌နော်‌ဝေနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သူ The Elders ဒုဥက္ကဌ မစ္စ ဂရိုဟာလမ်ဘရန့်ထ်လန်းနှင့် ၂၀၀ဝခုနှစ်အထိ ဖင်လန်သမ္မတ ဖြစ်ခဲ့သူ မစ္စတာမာတီအာတီဆာရီတို့ဖြစ်ကြပြီး ငါးရက်ကြာ ခရီး စဉ်အတွင်း မြန်မာနိုင်ငံတွင် မတ်လ ၂၄-၂၆ရက်‌နေ့အထိလည်း‌ကောင်း၊ ထိုင်းနိုင်ငံတွင် မတ်လ ၂၇-၂၈ရက်‌နေ့အထိ ဖြစ်သည်။

The Elders ၏ မီဒီယာတာဝန်ခံ Elliott Fox က “ဒီ‌ခေါင်း‌ဆောင်နှစ်‌ယောက်ရဲ့ ခရီးစဉ်ပြီးဆုံးမှသာ အ‌ခြေအ‌နေ‌တွေကို သိရမှာ ဖြစ်ပါတယ်။ ဒီက‌နေ့က‌တော့ သူတို့‌တွေ ‌နေပြည်‌တော်မှာ ‌ရောက်ရှိ‌နေပါတယ်။ ပြီးရင် ကချင်ပြည်နယ်။ အဲဒီကမှ ထိုင်းနိုင်ငံကို ထပ်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခရီးစဉ်အရ အဆိုပါ‌ခေါင်း‌ဆောင်နှစ်ဦးမှာ အစိုးရအဖွဲ့၊ လွှတ်‌တော်များနှင့် အစည်းအ‌ဝေးပြုလုပ်ရန် ‌နေပြည်‌တော်သို့ သွား ‌ရောက်ပြီး ကချင်ပြည်နယ်ရှိ ပဋိပက္ခများနှင့် ‌ဒေသခံပြည်သူများကို ‌လေ့လာရန် မြစ်ကြီးနားမြို့သို့ သွား‌ရောက်မည်ဟု သိရသည်။ ထို့အပြင် နှစ် ၆၀‌ကျော်ကြာ ပြည်တွင်းစစ်‌ကြောင့် ထိခိုက်ခံစားရသူများအ‌ကြောင်း ‌လေ့လာနိုင်ရန် ထိုင်း- မြန်မာနယ်စပ်တစ် ‌လျှောက်ရှိ လူထုအ‌ခြေပြုအဖွဲ့များနှင့် ‌တွေ့ဆုံရန်ရှိသည်ဟုလည်း The Elders ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုခရီးစဉ်နှင့် ပတ်သက်၍ Burma Campaign UK ၏ ကဲန်ပိန်းမန်‌နေဂျာ နမ့်ဇိုယာဖန်းက “တိုင်းပြည်ထဲက တိုင်းရင်းသားနဲ့ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်‌တွေ အပါအဝင် နိုင်ငံ‌ရေး‌ခေါင်း‌ဆောင်‌တွေနဲ့အတူ လုပ်ကိုင်‌ဆောင်ရွက်ရင်း သူတို့ရဲ့ နိုင်ငံတကာ ဗဟု သုတ‌တွေကို အသုံးပြပြီး စိတ်သ‌ဘောထားကျဉ်း‌မြောင်း‌နေမှု‌တွေကို ဘယ်လိုကိုင်တွယ်ပြုပြင်ရမလဲဆိုတာကို အပြုသ‌ဘော ‌ဆောင်တဲ့ အခန်းကဏ္ဍက‌နေ ဗမာပြည်အတွက် The Elders အ‌နေနဲ့ ပါဝင်နိုင်ပါလိမ့်မယ်”ဟု သူမအမြင်ကို ‌ပြောသည်။

အဆိုပါအဖွဲ့၏ အဖွဲ့ဝင်များမှာ ဥက္ကဌအဖြစ် ကိုဖီအာနန်၊ ဒုဥက္ကဌအဖြစ် ဂရိုဟာလမ် ဘရန့်ထ်လန်း၊ အယ်လာဘတ်၊ လတ်ခ်ဒါး ဘရာဟီးမီ၊ မာတီအာတီဆာရီ၊ ဖနန်ဒိုအွန်ရိ‌ကေကာဒိုးစို၊ ဂျင်မီကာတာ၊ ဟီနာဂျီလာနီ၊ ဂရာစာမာချယ်၊ ‌မေရီ‌ရော်ဘင်စန်နှင့် အာနက်စတို‌ဇေဒီးလိုတို့ဖြစ်ကြပြီး ဂုဏ်ထူး‌ဆောင်အဖွဲ့ဝင်မှာ ဒက်စမွန်တူးတူးဖြစ်သည်။

၎င်းအဖွဲ့ဝင်များမှာ ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် လူ့အခွင့်အ‌ရေးတို့အတွက် မိမိတို့၏ စု‌ပေါင်း အ‌တွေ့အကြုံနှင့် ဩဇာလွှမ်းမိုးမှုတို့ကို အသုံးပြု‌သော သီးခြား‌ခေါင်း‌ဆောင်များအဖွဲ့ ဖြစ်သည်။ ယမန်နှစ် စက်တင်ဘာလကလည်း The Elders အဖွဲ့ဝင် ဂျင်မီကာတာ (အ‌မေရိကန်နိုင်ငံ သမ္မတ‌ဟောင်း)၊ မာတီအာတီဆာရီနှင့် ဂရိုဟာလမ်ဘရန့်ထ်လန်းတို့ မြန်မာနိုင်ငံသို့ သွား‌ရောက်ခဲ့‌သေးသည်။