Home ဆောင်းပါး တဆင့်တိုးလာသည့် ခြိမ်း‌ခြောက်အကြပ်ကိုင်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်‌ရေး

တဆင့်တိုးလာသည့် ခြိမ်း‌ခြောက်အကြပ်ကိုင်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်‌ရေး

1767

‌မောင်‌ကျော်စွာ

(၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီ ၂၁ရက်)

မကြာမီကာလအတွင်း၌ ကိုးကွယ်ရာဘာသာကို အ‌ကြောင်းပြုပြီး လွတ်လပ်စွာ ‌ဟော‌ပြောခွင့်ကို ခြိမ်း‌ခြောက်တားဆီး‌သော လုပ်ရပ်များ ‌ပေါ်‌ပေါက်ဖြစ်ပွားခဲ့ပါတယ်။ ခြိမ်း‌ခြောက်တားဆီးသူများဟာ သကင်္န်းဝတ်ထားသူ‌တွေဖြစ်ပြီး အ‌ကြောင်းပြချက်က အစ္စလာမ်ဘာသာဝင်/မူဆလင်‌တွေ ဖြစ်‌နေလို့ ‌ဟော‌ပြောခြင်းမပြုရဘူးဆိုပြီး တားမြစ်ကြတာဖြစ်ပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ‌ဟော‌ပြောခွင့်တို့ ဆိုတာ‌တွေဟာ အ‌ရေးကြီးတဲ့ အ‌ခြေခံလူ့အခွင့်အ‌ရေးနဲ့ ဒီမို က‌ရေစီ အခွင့်အ‌ရေး‌တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း (ရခိုင်ပြည်နယ်၊ မိတ္တီလာ၊ ဥက္ကံတိုက်ကြီး၊ လားရှိုး၊ ထန်းကုန်း စသည့်‌နေရာ‌ဒေသများတွင်) ‌ပေါ်‌ပေါက် ဖြစ်ပွားခဲ့‌သော လူမျိုး‌ရေး၊ ဘာသာ‌ရေး ခုတုံးလုပ်သည့် အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုများသည် လူ့အသက်နှင့် အိုးအိမ်စည်းစိမ် အစရှိ‌သော ရုပ်ဝတ္တုများကို ဦးတည်ချက်ထားပြီး သတ်ဖြတ်ဖျက်ဆီးခြင်းဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့စဉ်မှာလည်း သမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့ အစိုးရဟာ ထိထိ‌ရောက်‌ရောက် အ‌ရေးယူခြင်းမပြုဘဲ လက်ပိုက်ကြည့်‌နေခဲ့ပါတယ်။

ယခု ‌ပေါင်းတည်‌ဟော‌ပြောပွဲ၊ ‌မြောက်ဥက္ကလာပ‌ဟော‌ပြောပွဲ၊ မျက်ပါးရပ်‌ဟော‌ပြောပွဲ‌တွေကို ခြိမ်း‌ခြောက်ဟန့်တားမှုများက ‌တော့ လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ ‌ဟော‌ပြောခွင့်တို့ကိုပါ တဆင့်တိုး ရန်မူခြိမ်း‌ခြောက် လာခြင်း ဖြစ်ပါတယ်။

ဒီလိုအခွင့်အ‌ရေး‌တွေကို ခြိမ်း‌ခြောက်အကြပ်ကိုင်ပြီး ဟန့်တား‌နှောက်ယှက်‌နေသူ‌တွေကို “ဒီမိုက‌ရေစီပြုပြင်‌ပြောင်းလဲ‌ရေး”တို့၊ “နိုင်ငံ‌ရေးယဉ်‌ကျေးမှုသစ်”တို့ဆိုတဲ့ စကားလုံး‌တွေကို အာ‌ဘောင်အာရင်း သန်သန်‌ပြောဆို‌နေတဲ့ သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ က ထိထိ‌ရောက်‌ရောက် အ‌ရေးယူခြင်းမပြုဘဲ လက်ပိုက်ကြည့်‌နေပြန်ပါတယ်။ မီး‌ဘေး‌ရှောင် မ‌လောင်ခင်တားဆိုသလို မီးစ၊ မီး ပွား၊ အငုတ်၊ အတက် ထွက်ခါစမှာ ထိထိ‌ရောက်‌ရောက် တားမြစ်၊ ဟန့်တား၊ အ‌ရေးယူရမှာ ဖြစ်ပါတယ်။ ယင်းသို့ အချိန်မီ အ‌ရေးယူ ဟန့်တားရန် လုံးလုံးလျားလျား ပျက်ကွက်‌နေသဖြင့် သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် အဆိုပါ အကြမ်းဖက်ခြိမ်း ‌ခြောက် ဟန့်တား‌နေသူများနဲ့ အလိုတူအလိုပါ သို့မဟုတ် အား‌ပေးအား‌မြှောက်ပြု‌နေသကဲ့သို့ ဖြစ်‌နေပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ‌ဒေအရ ကြည့်မည်ဆိုလျှင် ဤလုပ်ရပ်များသည် ဘာသာ၊ သာသနာဆိုင်ရာပြစ်မှုကို ကျူးလွန်ခြင်းဖြစ်ပါ တယ်။ (နအဖ)စစ်အစိုးရ စိတ်ကြိုက်‌ရေးဆွဲအတည်ပြုခဲ့သည့် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”အရ ကြည့်မည်ဆိုလျှင်လည်း အခန်း(၈) “နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အ‌ရေးနှင့် တာဝန်များ”အခန်းရှိ ပြဋ္ဌာန်းချက်များကို ‌ပြောင်‌ပြောင်တင်းတင်း ချိုး‌ဖောက်‌နေ ခြင်းဖြစ်ပါတယ်။ ထို့အပြင် အဆိုပါလုပ်ရပ်များသည် လူ့အခွင့်အ‌ရေး ‌ကြေညာစာတမ်းအရဆိုလျှင်လည်း အပိုဒ် ၁၈နှင့် ၁၉တို့ကို ချိုး‌ဖောက်ကျူးလွန်ခြင်းဖြစ်ပါတယ်။ သို့ပါ၍ အဆိုပါပြစ်မှုများကို ကျူးလွန်‌နေ‌ကြောင်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှား ‌နေ‌သော်ငြားလည်း သမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည် အ‌ရေးယူ‌ဆောင်ရွက်ခြင်း မရှိပါ။

လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ ‌ဟော‌ပြောခွင့်များအား ခြိမ်း‌ခြောက်ဟန့်တားမှုများကို ထိထိ‌ရောက်‌ရောက် ဆန့်ကျင်ကန့်ကွက်ကြရန် ကိုယ်စီတာဝန်ရှိ‌နေကြ‌သော နိုင်ငံ‌ရေးပါတီအဖွဲ့အစည်းများ၊ လူထုအ‌ခြေပြု လူ့ အဖွဲ့အစည်းများ၊ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများ၏ အ‌ရေးယူ‌ဆောင်ရွက်မှုမှာလည်း အားရဖွယ်ရာမရှိပါ။ လုံ‌လောက်ခြင်း မရှိပါ။

PEN မြန်မာအဖွဲ့က ပထမဆုံး‌ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ၈၈မျိုးဆက်(ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ ထုတ်ပြန် ‌ကြေညာချက်မှာမူ ဝတ်‌ကျေတန်း‌ကျေသ‌ဘော ဆန်လွန်း‌နေခြင်းဖြစ်ပါတယ်။

ပို၍ဆိုးဝါးသည်မှာ နိုင်ငံ‌ရေးပါတီအဖွဲ့အစည်းများက ဤသို့ လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ် စွာ ‌ဟော‌ပြောခွင့်တို့အား ခြိမ်း‌ခြောက်ဟန့်တား‌နေသည့် လုပ်ရပ်များအ‌ပေါ် တစုံတရာ ‌ဝေဖန်၊ ကန့်ကွက်ခြင်းမပြုဘဲ၊ ၎င်းတို့နှင့် မသက်ဆိုင်‌လေဟန်၊ ဥ‌ပေက္ခာပြု‌နေခြင်းပင် ဖြစ်ပါတယ်။

ဤကဲ့သို့ လူမျိုး‌ရေး၊ ဘာသာ‌ရေး ခုတုံးလုပ်ပြီး အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများမှ တဆင့်တက် ၍ လူတစ်ဦးချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ ‌ဟော‌ပြောခွင့်တို့ကို ခြိမ်း‌ခြောက်ဟန့်တားလာ‌နေသည့် ဖြစ်ရပ်များကို အားလုံးက ပြတ်ပြတ်သားသား ထိထိ‌ရောက်‌ရောက် တညီတညွတ်တည်း အချိန်မီ ဝိုင်းဝန်းကန့်ကွက် တားဆီး ကြရန် လိုအပ်လှပါတယ်။