Home သတင်း တိုင်းရင်းသားပညာ‌ရေးအဖွဲ့များ MINE ပညာ‌ရေးကွန်ယက် ဖွဲ့စည်း

တိုင်းရင်းသားပညာ‌ရေးအဖွဲ့များ MINE ပညာ‌ရေးကွန်ယက် ဖွဲ့စည်း

1627

‌ဖေ‌ဖေါ်ဝါရီ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားပညာ‌ရေးအဖွဲ့များ စု‌ပေါင်း၍ မြန်မာနိုင်ငံ ဌာ‌နေတိုင်းရင်းသားများ ပညာ‌ရေးကွန်ယက် (Myanmar/Burma Indigenous Network for Education-MINE)အဖွဲ့တစ်ဖွဲ့ကို ယ‌နေ့ (အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကား‌နေ့) ‌ဖေ‌ဖေါ်ဝါရီ ၂၁ရက်‌နေ့၌ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဖွဲ့စည်းလိုက်သည်။

ကရင်‌ကျောင်းဆရာများအသင်း(KTWG)မှ ဦးစီး၍ မဲ‌ဆောက်မြို့၌ ‌ဖေ‌ဖေါ်ဝါရီ ၁၂ရက်မှ ၁၄ရက်‌နေ့အထိ ပြုလုပ်သည့် တိုင်းရင်း သားပညာ‌ရေး နှီး‌နှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံရှိ စာသင်‌ကျောင်းနှင့် ပြင်ပနယ်ပယ်များတွင် ဌာ‌နေတိုင်းရင်းသားများ၏ ဘာသာ စကားဆိုင်ရာ အခွင့်အ‌ရေးများမြှင့်တင်ရန် ရည်ရွယ်ပြီးMINE အဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ယ‌နေ့ထုတ် MINE အဖွဲ့ သတင်း ထုတ်ပြန်တွင် ‌ဖော်ပြထားသည်။

MINE အဖွဲ့၏ ‌ပြောခွင့်ရသူ Salween Institute မှ ‌စောကပိက “တိုင်းရင်းသားက‌လေး‌တွေ မိခင်ဘာသာစကားနဲ့ သင်ကြားနိုင် မယ့် အခွင့်အ‌ရေးကိုရရှိဖို့၊ မတူကွဲပြားတဲ့ တိုင်းရင်းသား‌တွေ အတူတကွ ‌နေထိုင်တဲ့ ‌ဒေသ‌တွေမှာ ဘာသာစကားမျိုးစုံ ပါဝင်တဲ့ ပညာ‌ရေးစနစ် ဖြစ်‌ပေါ်လာဖို့ ဒီMINE အဖွဲ့ကိုဖွဲ့တာပါ။ ကျ‌နော်တို့‌တွေဟာ ကိုယ့်ဘာသာစကားနဲ့ ယဉ်‌ကျေးမှုအခွင့်အ‌ရေးအ တွက် ‌အောင်မြင်မှု မရ‌သေးဘဲ ရုန်းကန်‌တောင်းဆိုလာတာ ကြာပါပြီ။ အခု‌တော့ ပံ့ပိုးမှု‌တွေ ရရှိလာပြီ”ဟု ‌ပြောဆိုသည်။

ဩစ‌တြေးလျားနိုင်ငံ၊ မဲလ်ဘုမ်းတက္ကသိုလ်မှ ဘာသာစကားနှင့် စာ‌ပေပညာ‌ရေး ပါ‌မေက္ခာ၊ ဘာသာစကားနှင့် ငြိမ်းချမ်း‌ရေးတည် ‌ဆောက်ခြင်း အကြံ‌ပေးပုဂ္ဂိုလ် ပညာရှင် ‌ဒေါက်တာဂျိုးဇက်ဖ်လိုဘီးယန်းက ဦး‌ဆောင်ခဲ့သည့် ၎င်းနှီး‌နှောဖလှယ်ပွဲတွင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ မွန်၊ ရခိုင်၊ သျှမ်း၊ ပအိုဝ်း၊ တအာင်း(ပ‌လောင်)၊ လားဟူ အပါအဝင် တိုင်းရင်းသားမျိုးနွယ်စု ၁၂မျိုးကို ကိုယ်စားပြု‌သော အဖွဲ့အစည်း၂၂ဖွဲ့တို့မှ တိုင်းရင်းသားပညာ‌ရေး‌ခေါင်း‌ဆောင် စုစု‌ပေါင်း ၆၄ဦး တက်‌ရောက်ခဲ့ကြသည်ဟုလည်း MINE အဖွဲ့၏ ‌ကြေညာချက်တွင် ပါရှိသည်။

နှီး‌နှောဖလှယ်ပွဲတက်‌ရောက်ခဲ့သူ တအာင်း(ပ‌လောင်)‌ကျောင်းသားနှင့် လူငယ်အစည်းအရုံးမှ ‌လွေး‌နော်ချီးက “ကျမတို့ဟာ ဒီ MINE အဖွဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် ပညာ‌ရေး၊ စာ‌ပေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပူး‌ပေါင်းပြီး အတူတကွ လုပ်သွားမယ်။ အခုလို စု‌ပေါင်းအလုပ်လုပ်မှာ ဖြစ်တဲ့အတွက် အရင်ကထက် ပိုပြီးတိုးတက်မှု‌တွေ ရှိလာမယ်လို့ ယုံကြည်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော ဆိုသည်။

လက်ရှိ MINE အဖွဲ့ကို ယာယီ‌ကော်မတီအဖြစ် ကချင်၊ ကရင်၊ သျှမ်း၊ ကရင်နီ(ကယား)၊တအာင်းနှင့် ပအိုဝ်းအဖွဲ့တို့မှ ‌ကော်မတီ ဝင် ၇ဦးဖြင့် ဖွဲ့စည်းထားပြီး ‌ရှေ့ဆက်လုပ်‌ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အ‌သေးစိတ် တိုင်ပင်‌ဆွေး‌နွေးသွားရန် ရှိ သည်ဟုလည်း သူမက ဆက်‌ပြောသည်။

ထို့အပြင် MINE အဖွဲ့အ‌နေဖြင့် ဌာ‌နေတိုင်းရင်းသားများက မိခင်ဘာသာစကားဖြင့် ပညာသင်ကြားနိုင်‌သော အခွင့်အ‌ရေးရရှိရန်၊ ဌာ‌နေတိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်‌ကျေးမှုဆိုင်ရာ အခွင့်အ‌ရေးကို ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေတွင် ပါဝင်ထည့်သွင်း နိုင်ရန် အပါအဝင် ပညာ‌ရေးအခွင့်အ‌ရေးဆိုင်ရာ အချက် ၈ချက်ကို မြန်မာအစိုးရ၊ သက်ဆိုင်ရာ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ နှင့် နိုင်ငံတကာများအား ‌တောင်းဆို‌ကြောင်း ယင်းထုတ်ပြန်စာတွင် ထည့်သွင်း‌ဖော်ပြထားသည်။

တိုင်းရင်းသားအဖွဲ့အစည်းများသည် ပညာ‌ရေးနှင့် စာ‌ပေဘာသာစကားဆိုင်ရာများကို ၎င်းတို့သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းများ ဖြင့် လုပ်‌ဆောင်လာခဲ့ရာမှ ယခုလို ကရင်‌ကျောင်းဆရာများအသင်း(KTWG)က ဦးစီးကျင်းပသည့် နှီး‌နှောဖလှယ်ပွဲတွင် MINE ကွန်ယက်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။