Home သတင်း နှစ်သစ်ကူး‌နေ့သည် စည်းလုံးညီညွှတ်မှု‌နေ့ဟု ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ‌ပြောကြား

နှစ်သစ်ကူး‌နေ့သည် စည်းလုံးညီညွှတ်မှု‌နေ့ဟု ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ‌ပြောကြား

3347

ဇန်နဝါရီ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် နှစ်သစ်ကူး‌နေ့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ပြသသည့်‌နေ့ဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာ၌ ယမန်‌နေ့က ပြုလုပ်သည့် စု‌ပေါင်းနှစ်သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနား တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ်က ‌ပြောကြားလိုက်သည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ဒီနှစ် ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူး‌နေ့ထူး‌နေ့မြတ်မှာ ကရင်ပြည်သူ‌တွေ‌ကော၊ ကရင် လက်နက်ကိုင်အဖွဲ့‌ပေါင်းစုံနဲ့ပါ သိုက်သိုက်ဝန်းဝန်း ကျင်းပခွင့်ရတာ ဂုဏ်ယူမိသလို ဒီ‌နေ့ဟာ ကရင်အမျိုးသား‌တွေရဲ့ စည်းလုံးညီ ညွှတ်မှု‌နေ့လည်း ဖြစ်ပါတယ်”ဟု ‌ပြောကြားသွားခဲ့သည်။

မြန်မာပြည်၏ နှစ်‌ပေါင်း ၆၀‌ကျော်ကြာ ပြည်တွင်းစစ်‌ကြောင့် ကရင်ပြည်နယ်အတွင်းရှိ ကရင်လူမျိုးများသည် ကရင်နှစ်သစ်ကူး ‌နေ့ကို အဖွဲ့စုံညီစွာ မကျင်းပနိုင်ခဲ့ကြ‌သော်လည်း ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် စု‌ပေါင်းကျင်းပနိုင်သည်မှာ ဂုဏ်ယူစရာဖြစ် ‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက ဆက်‌ပြောသည်။

ယခု ၂၇၅၃ခုနှစ် နှစ်သစ်ကူး‌နေ့မှာ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီ ၁ရက်‌နေ့တွင် ကျ‌ရောက်ခြင်းဖြစ်ပြီး ‌ရွှေကုက္ကိုမြိုင်‌ကျေးရွာ၌ ကျင်းပ ‌သော နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို မြဝတီ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဖားအံနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် (၅)ခုအ‌နေဖြင့် စု‌ပေါင်းပြု လုပ်ကျင်းပကြခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့် နယ်ခြား‌စောင့် တပ်-BGF(ကရင်ပြည်နယ်)တို့က ဦးစီး‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

၎င်းနှစ်သစ်ကူးပွဲ‌တော်သို့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ပဒို‌စောအားတိုး၊ BGF တိုက်နယ်(၃)မှူး ဗိုလ်မှူးကြီး‌စောချစ် သူ၊ ဗိုလ်မှူး‌စောမုတ်သုန်၊ ဒီမိုက‌ရေစီအကျိုးပြုကရင်အမျိုးသားတပ်မ‌တော်(DKBA)မှ ဗိုလ်မှူး‌စော‌ကျော်သက်တို့အပြင် ကရင် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ လွှတ်‌တော်အမတ်၊ နယ်ခြား‌စောင့်တပ် ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်‌မောင်‌မောင်အုန်း၊ လူဝင်မှု ကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီ၊ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်းနှင့် မြန်မာငြိမ်းချမ်း‌ရေးစင်တာမှ အဖွဲ့ဝင်များ အပါအဝင် လူထုပရိဿတ် တစ်‌သောင်းခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်က‌လေးဆရာ‌တော် ဦးပညာသာမိ၊ KNU၊ KNU/KNLA ငြိမ်းချမ်း‌ရေး ‌ကောင်စီ၊ ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် ကွပ်ကဲ‌ရေးအဖွဲ့၊ ကရင်နီမျိုးနွယ်စုများက ‌ပေးပို့ လာသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။
DSC00524

ဝန်ကြီးဦး‌အောင်မင်းက “အခု ကျ‌နော်တို့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ‌ဖော်‌ဆောင်‌နေကြတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ဟာ မပြီးဆုံး‌သေးသည့်အတွက် ဆက်လက်ပြီး‌တော့ တညီတညွှတ်တည်း ‌ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါ တယ်”ဟု အခမ်းအနားအပြီးတွင် သတင်း‌ထောက်များကို ‌ပြောဆိုခဲ့သည်။

ထို့အပြင် စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားကြသည့် ‌ကေအဲန်ယူ အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့ဝင် အင်အား ၂၀ဝခန့်က ၎င်းကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်ကို ကိုင်‌ဆောင်ကာ ဂုဏ်ပြုချီတက်ခဲ့ကြပြီး ကရင်အမျိုး သားသီချင်းကို သံပြိုင်သီဆိုကာ အမျိုးသားအလံတင် အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာ ၃ဝရက်မှ ဇန်နဝါရီ ၂ရက်‌နေ့အ ထိ ပြုလုပ်ကျင်းပသည့် အဆိုပါပွဲ‌တော်၌ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ လက်‌ဝှေ့ပြိုင်ပွဲ အပါအဝင် ကရင်‌ခေတ်‌ပေါ်ဂီတပွဲ‌တော်၊ ဇာတ်သဘင်နှင့် ရိုးရာယဉ်‌ကျေးမှု အခင်းအကျင်းများကို ပြသထားသည်။

ပွဲ‌တော် တက်‌ရောက်ခဲ့သူ ကရင်အဆို‌တော် ‌စောထူးဝါးက “ဒီ‌နေ့ နှစ်သစ်ကူး‌နေ့မှာ ကျ‌နော်တို့ကရင်‌တွေ စုံစုံညီညီ လာကြတာ ကို‌တွေ့ရ‌တော့ အရမ်းဝမ်းသာတယ်။ ဒီလိုပဲ ကရင်အမျိုးသား‌တွေအကြားမှာ အရင်က အချင်းချင်း အပြစ်‌တွေမြင်ခဲ့ကြတာ‌တွေ ကို သင်ပုန်း‌ချေပြီး တ‌သွေးတည်းတသားတည်းဖြစ်ဖို့ ဒီနှစ်သစ်မဂင်္လာမှာ ကျ‌နော် ဆုမွန်‌ကောင်း ‌တောင်းလိုက်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၂၇၅၃ခုနှစ်၊ ကရင်နှစ်သစ်ကူး‌နေ့ ပွဲ‌တော်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများ၊ ပြည်တွင်းရှိ ကရင်လူမျိုးများရှိရာ ‌ဒေသများနှင့် ပြည်ပ‌ရောက် ကရင်လူမျိုးများကလည်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။