Home သတင်း (၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ မျိုးဆက်သစ်ပျိုး‌ထောင်‌ရေး သင်တန်း‌ကျောင်းဆင်းပွဲ ပြီးစီး

(၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ မျိုးဆက်သစ်ပျိုး‌ထောင်‌ရေး သင်တန်း‌ကျောင်းဆင်းပွဲ ပြီးစီး

1766

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ဖွင့်လှစ်‌သော ( ၅)ကြိမ်‌မြောက် မျိုးဆက်သစ်ကရင်လူငယ်များ ပျိုး‌ထောင်‌ရေး သင်တန်း‌ကျောင်း New Generation Program (NGP) ဆင်းပွဲကို ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ‌သေ‌ဘေထာ့သင်တန်း‌နေရာ တွင် ဒီဇင်ဘာ ၇ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်‌နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မျိုးဆက်သစ်ကရင်လူငယ်များအ‌နေဖြင့် အသိပညာပြည့်ဝစွာဖြင့် အနာဂတ်တွင် ‌ခေါင်း‌ဆောင်မှု‌ပေးနိုင်ရန် ရည်ရွယ်ပြီး သင်ကြားပို့ချ‌ပေးရခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဘက်က ‌ပြောသည်။

ဒီဇင်ဘာ ၇ရက်‌နေ့၊ ည‌နေ ၃နာရီက ပြုလုပ်‌သော သင်တန်းဆင်းပွဲအခမ်းအနားသို့ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်း၊ တွဲ ဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲ၊ ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလှထွန်း၊ ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ် အပါအဝင် ‌ကေအဲန်ယူ ၏ အရပ်ဘက်၊ စစ်ဖက်‌ခေါင်း‌ဆောင်များ၊ သင်တန်း‌ကျောင်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်များနှင့် ‌ကျောင်းသူ‌ကျောင်းသား စုစု ‌ပေါင်း လူဦး‌ရေ ၂၀ဝနီးပါး တက်‌ရောက်ခဲ့ကြပြီး အမှာစကား‌ပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သူများအား ဂုဏ်ပြုဆု ‌ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သင်တန်း‌ကျောင်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဥက္ကဌ ဗိုလ်မှူး‌စောလှ‌ငွေက “‌ကျောင်းသူ‌ကျောင်းသား‌တွေအ‌နေနဲ့ ကိုယ့်လူမျိုးရဲ့ အတိတ်က သင်ခန်းစာ‌တွေကိုယူပြီး ကရင့်အနာဂတ်ကို ရဲရင့်စွာ ပုံ‌ဖော်ဖို့ လိုအပ်ပါတယ်။ ‌နောက်ပြီး ဒီမိုက‌ရေစီစံနှုန်းနဲ့အညီ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်မှသာလျှင် အားကိုးထိုက်တဲ့ ‌ခေါင်း‌ဆောင်‌တွေ ဖြစ်လာမှာဖြစ်တယ်။”ဟု သင်တန်းဆင်းပွဲ အခမ်းအ နားတွင် ‌ပြောကြားသွားခဲ့သည်။

DSC09946
၁၈လ ကြာမြင့်သည့် အဆိုပါသင်တန်းတွင် သင်တန်းသူသင်တန်းသား ၃၃ဦး တက်‌ရောက်သင်ကြားခဲ့ကြပြီး နိုင်ငံ‌ရေးသိပ္ပံ၊ ကရင့်သမိုင်း၊ ကရင့်‌တော်လှန်‌ရေးသမိုင်းနှင့် ‌ကေအဲန်ယူ၏ လမ်းစဉ်၊ လုပ်ငန်းစဉ်များ၊ အ‌ခြေခံစစ်သင်တန်း၊ ရုံးစီမံခန့်ခွဲ‌ရေး၊ ဖက်ဒရယ်၊ ဒီမိုက‌ရေစီနှင့် လူ့အခွင့်အ‌ရေး၊ လူမှုဆက်ဆံ‌ရေး၊ အဂင်္လိပ်စာ၊ ကွန်ပြူတာ စသည့်ဘာသာရပ်များကို ‌လေ့ကျင့်သင် ကြား‌ပေးခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ၏ ခရိုင် (၇)ခုရှိ ကရင်လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသည့် သင်တန်းသားများ ‌ခေါ်ယူသင်ကြားခဲ့ခြင်းဖြစ်ပြီး ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက အလှည့်ကျ သင်ကြားပြသ‌ပေးခဲ့ခြင်း ဖြစ်သည်။

‌တောင်ငူခရိုင်မှ သင်တန်းသား ‌စော‌စေးသီထူးက“ ဒီသင်တန်းကို တက်လိုက်ရတာ ပညာ‌တွေ အ‌ခြေခံအားဖြင့် အများကြီးရ တယ်။ ဆက်ပြီး‌တော့ သင်ယူစရာ‌တွေလည်း ရှိတယ်။ ဒီက‌နေ ကိုယ့်ကရင်လူမျိုး‌တွေအတွက် တတ်စွမ်းသ‌လောက် လုပ် ‌ဆောင်သွားမှာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုသင်တန်း‌ကျောင်းအတွက် ကုန်ကျသည့် ရန်ပုံ‌ငွေကို ‌ကေအဲန်ယူ၏ ခရိုင်အသီးသီးနှင့် ပုဂ္ဂလိက အလှူရှင်များ၏ ‌ထောက်ပံ့မှု များဖြင့် လည်ပတ်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်တွင် ဘာသာရပ်များကို ပိုမို စနစ်တကျ ပြင်ဆင်‌ဆောင်ရွက်ခြင်း၊ ‌ကျောင်းဝင်ခွင့်စံနှုန်းများ၊ အရည်အချင်းပြည့် ဆရာ၊ဆရာမများဖြင့် ဆက်လက် ဖွင့်လှစ် သင်ကြား‌ပေးသွားမည်ဖြစ်‌ကြောင်း ‌ကျောင်း‌ကော်မတီဝင် ပဒို‌စောလှထွန်းက ‌ပြောသည်။

ယခုဖွင့်လှစ်‌သော‌ကျောင်းကို ကျဆုံးသွားပြီဖြစ်‌သော ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းက ကြီးမှူးပြီး ၂၀၀၁ခုနှစ်တွင် ‌ဝေါ်‌လေခီးနယ်‌မြေ၌ ပထမဆုံး စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။