Home သတင်း ‌ကေအဲန်ယူနယ်‌မြေ၌ ကျင်းပမည့် တိုင်းရင်းသားညီလာခံ ရက်‌ရွှေ့ဆိုင်း

‌ကေအဲန်ယူနယ်‌မြေ၌ ကျင်းပမည့် တိုင်းရင်းသားညီလာခံ ရက်‌ရွှေ့ဆိုင်း

1613

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်ရာနယ်‌မြေအတွင်း ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ပါဝင်လုပ်‌ဆောင်သွားမည့် တိုင်းရင်းသားညီလာခံကို ညီလာခံဖြစ်‌မြောက်‌ရေး ‌ကော်မတီက ရက်‌ရွှေ့ဆိုင်းလိုက်‌ကြောင်း သိရ သည်။

ဒီဇင်ဘာလ ၁၈ရက်‌နေ့မှ ၂ဝရက်‌နေ့အထိ၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်ရာနယ်‌မြေ ‌လေးဝါးစခန်း တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့‌သော်လည်း ပြင်ဆင်မှုများ၊ ဆက်သွယ်မှုများအတွက် လုံ‌လောက်‌သောအချိန် ရယူနိုင်ရန် ယခုလို ရက်‌ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်‌ကြောင်း ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

“အရင်တုန်းက‌တော့ ညီလာခံလုပ်ဖို့ရက်ကို သတ်မှတ်ထားတာ‌တော့ရှိတယ်။ ဒါ‌ပေမယ့် အချိန်က အရမ်းတို‌တောင်းတဲ့အခါကျ ‌တော့ ဆက်သွယ်‌ဆောင်ရွက်ဖို့၊ စီစဉ်ဖို့ အချိန်‌တွေပိုရ‌အောင် ရက်ကို‌ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။”ဟု ပဒို‌သောသီဘွဲက ‌ကေ အိုင်စီသို့ ‌ပြောသည်။

၎င်းညီလာခံကို ယခု ဒီဇင်ဘာလအတွင်း ကျင်းပနိုင်မည်မဟုတ်‌ကြောင်းနှင့် ‌နောက်လာမည့် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပ နိုင်‌ရေးအတွက် အစည်းအ‌ဝေး ထပ်မံ ‌ခေါ်ယူပြီး ရက်အတိအကျ သတ်မှတ်သွားမည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

ဒီဇင်ဘာလ ၁၁ရက်‌နေ့တွင် ကျင်းပ‌ရေး‌ကော်မတီအဖွဲ့ဝင်များမှ အစည်းအ‌ဝေးတစ်ရပ် ‌ခေါ်ယူပြီးမှသာ ယခုလို ရက်ကို‌ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်ပြီး ထိုသို့ ‌ရွှေ့ဆိုင်းလိုက်ရခြင်းအ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဖြစ်‌မြောက်‌ရေး ‌ကော်မတီအ‌နေနဲ့ကလည်း အချိန်သိပ်မရှိဘူးဖြစ်တယ်။ တိုင်းရင်းသား ကိုယ်စားလှယ်‌တွေကလည်း ဒီလို‌ရွှေ့ ဆိုင်းလိုက်တာ နိုင်ငံ‌ရေးအရ ဘာမှထိခိုက်တာမရှိဘူးလို့ ‌ပြောတယ်။ ‌နောက်ပြီး ဒီလို‌ရွှေ့ဆိုင်းလိုက်တဲ့အတွက်လည်း လာမဲ့ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ချိန် ပိုရသွားတဲ့သ‌ဘောရှိပါတယ်။”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

‌ကေအဲန်ယူက ညီလာခံကျင်းပနိုင်‌ရေးအတွက် တိုင်းရင်းသားညီလာခံဖြစ်‌မြောက်‌ရေး ‌ကော်မတီကို ဒီဇင်ဘာလ ၂ရက်‌နေ့မှ ၇ရက်‌နေ့အထိ ‌လေးဝါးတွင် ပြုလုပ်မည်ဖြစ်‌သော ဒုတိယအကြိမ်‌မြောက် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေး တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ပဒို‌သောသီဘွဲ၊ ဒုဥက္ကဌအဖြစ် ပဒိုမန်းမန်းမန်း၊ အတွင်း‌ရေးမှူး ပဒို‌စောလှထွန်း၊ ပဒို‌အောင်‌မော် ‌အေး၊ ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်၊ ဗိုလ်မှူး‌စောတာမလာ‌သော၊ ပဒိုမန်းဘထွန်း၊ ပဒို‌ကော်ကဆာ‌စော‌နေစိုး၊ ပဒို‌နော်မြိုင်ဖိုး စသည့် ဖြစ်‌မြောက်‌ရေး‌ကော်မတီအဖွဲ့ဝင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အခြား‌သော ကျင်းပ‌ရေး ဆပ်‌ကော်မတီများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။