Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင်အား ထိုင်းနိုင်ငံ ‌ဆေးပညာနှင့်လူထုကျန်းမာ‌ရေးတက္ကသိုလ်က ပါရဂူဘွဲ့ချီးမြှင့်

‌ဒေါက်တာစင်သီယာ‌မောင်အား ထိုင်းနိုင်ငံ ‌ဆေးပညာနှင့်လူထုကျန်းမာ‌ရေးတက္ကသိုလ်က ပါရဂူဘွဲ့ချီးမြှင့်

1841

ဒီဇင်ဘာ ၁၁ရက်။ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံရှိ ‌ဆေးပညာနှင့် လူထုကျန်းမာ‌ရေးဆိုင်ရာ တက္ကသိုလ်တစ်ခုက မယ်‌တော်‌ဆေးခန်း ဦး‌ဆောင်သူ ‌ဒေါက်တာစင်သီ ယာ‌မောင်ကို လာမည့် ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် ‌ဆေးပညာဆိုင်ရာ ဂုဏ်ပြုပါရဂူဘွဲ့ ‌ပေးအပ်ချီးမြှင့်မည်ဖြစ်‌ကြောင်း သိရ သည်။

အဆိုပါ ဂုဏ်ပြုပါရဂူဘွဲ့ကို ထိုင်းအစိုးရ အသိအမှတ်ပြုထား‌သော ထိုင်းနှင့် လာအိုနယ်စပ်အနီး ဥပွန်ရပ်ချ်ထနီခရိုင်အတွင်းရှိ ဥပွန်ရပ်ချ်ထနီတက္ကသိုလ်က ‌ဒေါက်တာစင်သီယာ‌မောင်အား ပထမဆုံးအကြိမ်အဖြစ် ပါရဂူဘွဲ့ ချီးမြှင့်လိုက်ခြင်းလည်းဖြစ်သည်။

၎င်းပါရဂူဘွဲ့ ချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ ‌ဒေါက်တာစင်သီယာ‌မောင်က“ အခုလို ချီးမြင့်လိုက်တာကလည်း အထူးသဖြင့် နယ် စပ်ကျန်းမာ‌ရေးလုပ်ငန်းနဲ့ ကျန်းမာ‌ရေးလုပ်သား‌တွေရဲ့ စွမ်း‌ဆောင်မှုကို အား‌ပေးပြီး အသိအမှတ်ပြုခြင်းဖြစ်သလို ထိုင်းကျန်းမာ ‌ရေးအဖွဲ့အစည်း‌တွေနဲ့ ပိုမိုဆက်စပ်‌ပေါင်းစည်းပြီး‌တော့ အလုပ်လုပ်သွားနိုင်မယ်လို့လည်း ‌မျှော်လင့်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ချီးမြှင့်နိုင်ရန်အတွက် ဥပွန်ရပ်ချ်ထနီတက္ကသိုလ်က နိုဝင်ဘာလဆန်းပိုင်းတွင် စတင် အ‌ကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ‌ဒေါက် တာစင်သီယာ‌မောင်ကိုယ်တိုင် ဂုဏ်ပြုပါရဂူဘွဲ့ကို သွား‌ရောက်ပြီး လက်ခံရယူမည်ဖြစ်‌ကြောင်း သိရသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ ဒါရိုက်တာ ‌စောဝင်း‌ကျော်က “ဆရာမက အသားအ‌ရောင် အဆင့်အ တန်း မခွဲခြားပဲနဲ့ အားလုံးကို တစ်‌ပြေးညီပဲ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးတယ်။ စံပြပုဂ္ဂိုလ်လည်းဖြစ်တယ်။ ကရင်လူမျိုးအ တွက်‌ရော နယ်စပ်အ‌ခြေစိုက်ကျန်းမာ‌ရေးအသင်းအဖွဲ့‌တွေအတွက်လည်း အတုယူဖွယ်‌ကောင်းတယ်။ ဒီထက်မက‌တောင် ရသင့် တယ်။”ဟု ဆိုသည်။

ထိုင်း-လာအိုနယ်စပ်တစ်‌လျှောက်ရှိ မဖွံ့ဖြိုး‌သေး‌သော ‌ဒေသများနှင့် ကျန်းမာ‌ရေးလုပ်သား မလုံ‌လောက်မှုပြဿနာများ ‌ဖြေရှင်း နိုင်ရန်အတွက် အဆိုပါခရိုင်အတွင်းရှိ ‌ကျောင်းသူ‌ကျောင်းသားများကိုသာ ‌ရွေးချယ်‌ခေါ်ယူကာ ၎င်းတို့‌ဒေသအတွင်း ပြန်လည်ပြီး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်‌ရေးအတွက် ‌လေ့ကျင့်သင်ကြား‌ပေး‌နေ‌သော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်‌နေ့ကပင် ဩစ‌တြေးလျားနိုင်ငံရှိ ဆစ်ဒနီငြိမ်းချမ်း‌ရေး‌ဖောင်‌ဒေးရှင်းက ‌ဒေါက်တာစင်သီယာ‌မောင် အား ၂၀၁၃ခုနှစ်အတွက် ဆစ်ဒနီငြိမ်းချမ်း‌ရေးဆုကို ‌ပေးအပ်ခဲ့ပြီး သူမအ‌နေဖြင့် နိုင်ငံတကာမှ ဆု‌ပေါင်း ၂၀‌ကျော် ချီးမြှင့်ခံထား ပြီးဖြစ်သည်။