Home သတင်း တိုင်းရင်းသားအဖွဲ့များ၏ တနိုင်ငံလုံး အပစ်ရပ်‌ရေးစာချုပ်မူကြမ်းကို ‌ကေအဲန်ယူနယ်‌မြေ၌ ‌ဆွေး‌နွေးမည်

တိုင်းရင်းသားအဖွဲ့များ၏ တနိုင်ငံလုံး အပစ်ရပ်‌ရေးစာချုပ်မူကြမ်းကို ‌ကေအဲန်ယူနယ်‌မြေ၌ ‌ဆွေး‌နွေးမည်

1640

ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ‌ရေးဆွဲထားသည့် အချက် ၁၁ချက်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် မူကြမ်းကို ဒီဇင်ဘာလ တတိယပတ် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင်၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားအဖွဲ့များ ညီလာခံတွင် ‌ဆွေး‌နွေးမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။

‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ကျ‌နော်တို့ တိုင်းရင်းသားဘက်က ပြင်ဆင်‌ရေးဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ကို အကျယ်တဝင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး‌တော့ ‌ဆွေး‌နွေးတင်ပြသွားမယ်။ အဲဒါပြီးမှပဲ နိုင်ငံ‌ရေးအရ ဘယ်လိုသွားမလဲဆိုတာ ‌ရှေ့ဆက်ပါလာမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ၏ (၁၅)ကြိမ်‌မြောက် ညီလာခံအပြီး ဒုတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီအစည်းအ‌ဝေးကို ဒီဇင်ဘာ ၂ရက်မှ ၇ရက်‌နေ့အထိ ကျင်းပခဲ့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေး အဖွဲ့(NCCT)နှင့် မြန်မာအစိုးရဘက်မှ ပြင်ဆင်‌ရေးဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်းများကို ‌ဆွေး‌နွေးသုံးသပ်ခဲ့‌ကြောင်း ‌ကေအဲန်ယူက ဒီဇင်ဘာ ၇ရက်‌နေ့တွင် ‌ကြေညာချက်ထုတ်ပြန်ထားသည်။

၎င်း‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်‌မြောက် ညီလာခံကို ဒီဇင်ဘာ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ‌ကေအဲန်ယူနယ်‌မြေ၌ လက်ခံကျင်းပသွားမည့်အ‌ကြောင်းနှင့် တနိုင်ငံလုံးဆိုင် ရာ သန်း‌ခေါင်စာရင်း‌ကောက်ခံမှုတို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ပဒိုမန်းမန်းမန်းက “အစည်းအ‌ဝေးမှာ ဒုတိယအကြိမ် ‌ကေအဲန်ယူနယ်‌မြေမှာ လုပ်မယ့် ညီလာခံကို ဘယ်လိုလုပ်သွားမလဲ။ ညီလာခံပြီးရင် အစိုးရနဲ့ ဘယ်လိုဆက်‌တွေ့မလဲ‌ပေါ့။ ‌နောက် သန်း‌ခေါင်စာရင်း‌ကောက်ရင် ကရင်မျိုးနွယ်စုအားလုံးဟာ ကရင် လူမျိုးဆိုတာရဲ့ ‌အောက်မှာပဲ ထားရမယ်။ အဲဒါ‌တွေ ‌ဆွေး‌နွေးတယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ၄၅ဦး တက်‌ရောက်ခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် ၎င်းတို့၏ (၁၅)ကြိမ်‌မြောက် ညီလာခံမှ ချမှတ်ထား‌သော လုပ်ငန်းစဉ်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းအ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်မှုများကို ပြန်လည်သုံး သပ်ခဲ့ကြသလို ‌ရှေ့လုပ်ငန်းစဉ်များလည်း ချမှတ်ခဲ့သည်ဟု ‌ကေအဲန်ယူ၏ ‌ကြေညာချက်တွင် ပါရှိသည်။

‌ကေအဲန်ယူနယ်‌မြေအတွင်း ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်‌မြောက် ညီလာခံတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားထားပြီး ၎င်းအဖွဲ့များသည် ညီလာခံသို့ တက်‌ရောက်ကြမည်ဟု ‌မျှော်လင့်‌ကြောင်း လည်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။

‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ဒူးပလာယာခရိုင်ကိုယ်စားလှယ် ပဒို‌စောလစ္စတန်က “တိုင်းရင်းသားညီလာခံကိစ္စ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့‌တွေအားလုံးကို ဖိတ်ကြားဖို့ကိစ္စ အ‌သေအချာ ‌ဆွေး‌နွေးခဲ့ကြပြီးမှ အများသ‌ဘောတူ ဆုံးဖြတ်လိုက် ကြတာ ဖြစ်ပါတယ်။”ဟု ဆိုသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာ ၃ဝရက်မှ နိုဝင်ဘာ ၂ရက်‌နေ့အထိ ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်တွင် ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပထမအကြိမ်‌မြောက် ညီလာခံတွင် NCCT က ပြင်ဆင်‌ရေးဆွဲထားသည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မူကြမ်းကို လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ဖွဲ့တွင် ‌ကေအဲန်ယူလည်း ပါဝင်ခဲ့သည်။