Home သတင်း လုပ်ငန်းခွင်တွင် ဒဏ်ရာရသူ မြန်မာအလုပ်သမားတစ်ဦး ‌နေ့စားခ လိုလား

လုပ်ငန်းခွင်တွင် ဒဏ်ရာရသူ မြန်မာအလုပ်သမားတစ်ဦး ‌နေ့စားခ လိုလား

1632
Photo-JACBA (မဲ‌ဆောက်မြို့ရှိ ဂျာကွာစတီးလ်စက်ရုံ)

ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ဂျာကွာစတီးလ်စက်ရုံ၌ အလုပ်လုပ်‌နေသူ မြန်မာအလုပ်သမားတစ်ဦးမှာ ဒီဇင်ဘာ ၁၁ရက် ‌နေ့က လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း စက်ချွတ်ယွင်းမှု‌ကြောင့် ညာဘက်လက်မ ပြတ်သွားသည်ကို အလုပ်ရှင်က ‌နေ့စားခ မ‌ပေးဘဲ ထားရှိသည်ဟု သိရသည်။

ကိုပြည့်ဖြိုး‌အောင်က “အခုလို ကျ‌နော့်လက်မပြတ်သွားတာ အလုပ်ရှင်ဘက်က စဉ်းစား‌ပေး‌စေချင်တယ်။ ကျ‌နော် ထိုင်းဥပ‌ဒေအ တိုင်း ‌နေ့စားခ ရချင်တယ်။ အခု အလုပ်မလုပ်နိုင်သလို ဘာဝင်‌ငွေမှမရှိ‌တော့ အစားအ‌သောက်အတွက် ‌တော်‌တော်ဒုက္ခ‌ရောက် ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အသက် ၂၆နှစ်အရွယ် အဆိုပါအလုပ်သမား ကိုပြည့်ဖြိုး‌အောင်သည် ဒဏ်ရာရရှိပြီး အလုပ်နား‌နေချိန်တွင် ဥပ‌ဒေအရ ပုံမှန် ရရှိ ရမည့် ‌နေ့စားခ ထိုင်းဘတ်‌ငွေ ၃၀ဝ မရသည့်အတွက် လူမှုဖူလုံ‌ရေးရုံးသို့ တင်ပြထား‌ကြောင်း ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး လိုက်လံ‌ဆောင်ရွက်‌ပေး‌နေသည့် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ကေအိုင်စီ သို့ ‌ပြောသည်။

“အလုပ်ရှင်က‌တော့ သူ့ကို ‌လော‌လောဆယ် ‌နေ့စားခ မ‌ပေးလို့ အခု ဒီဇင်ဘာ ၂၇ရက်‌နေ့မှာ မဲ‌ဆောက်မှာရှိတဲ့ ထိုင်းအလုပ် သမားဝန်ကြီးဌာန လူမှုဖူလုံ‌ရေးရုံးကို တင်ထားပါတယ်။ အလုပ်ရှင်က နစ်နာ‌ကြေးနဲ့ တစ်ခါတည်း ‌ပေါင်း‌ပေးမယ်လို့ ‌ပြောထား တယ်။ ထိုင်းဥပ‌ဒေအရဆိုရင် အခုပဲ ‌ပေးရမယ်။”ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းအလုပ်သမား ဥပ‌ဒေအရ အလုပ်သမားတစ်ဦးသည် အလုပ်ခွင်အတွင်း အလုပ်လုပ်ရင်း ကိုယ်ခန္ဓာ တစုံတရာ ထိခိုက်ဒဏ် ရာရရှိပါက နစ်နာ‌ကြေး‌ပေးရန် အဆင့်အမျိုးမျိုး သတ်မှတ်ထားပြီး ယခုကဲ့သို့ လက်မတစ်‌ချောင်း ဆုံးရှုံးလျှင် ဘတ် ၅‌သောင်း နစ်နာ‌ကြေး သတ်မှတ်ထား‌ကြောင်း သိရသည်။

လက်ရှိ အလုပ်နား‌နေသည့် ကိုပြည့်ဖြိုး‌အောင်၏ကိစ္စကို ထိုင်းဥပ‌ဒေအရ ‌ဆောင်ရွက်လျှင် တနှစ်ကြာမည်ဖြစ်‌သော‌ကြောင့် ယင်းသို့ ‌နေ့စားခ မ‌ပေးပါက အလားတူ ဒဏ်ရာရအလုပ်သမားများအတွက်လည်း များစွာနစ်နာ‌ကြောင်း ကိုမိုးကြိုးက ဆက် ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်မြို့နယ်အတွင်း၌ တရားဝင် စက်ရုံအလုပ်ရုံ‌ပေါင်း ၂၀ဝခန့်ရှိပြီး အလုပ်သမားများ၏ တစ်ရက် လျှင် ၈နာရီအတွက် ‌နေ့စားလုပ်အားခမှာ ဘတ်‌ငွေ ၃၀ဝရရှိသည့် စက်ရုံများမှာ ဂျာကွာစတီးလ်စက်ရုံ အပါအဝင် TK ဖက်ရှင်၊ ဆာဟာဖက်နှင့် Top Found အထည်ချုပ်စက်ရုံတို့ဖြစ်‌ကြောင်း သိရသည်။