Home သတင်း မီး‌လောင်မှုဖြစ်ပွား၍ မယ်ဒုက္ခသည်စခန်းမှ လူ‌နေအိမ် ၁၀၀‌ကျော် မီးထဲပါသွား

မီး‌လောင်မှုဖြစ်ပွား၍ မယ်ဒုက္ခသည်စခန်းမှ လူ‌နေအိမ် ၁၀၀‌ကျော် မီးထဲပါသွား

1780
မယ်လစခန်း ဇုံစီ-3 မီး‌လောင်မြင်ကွင်း

ဒီဇင်ဘာလ ၂၇ရက်။ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံ(စီ) ရပ်ကွက်(၃)၌ယ‌နေ့မွန်းလွဲ ၁နာရီခွဲခန့်တွင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားရာ လူ‌နေအိမ် ၁၀၀‌ကျော် မီး‌လောင်ကျွမ်းသွားခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လစခန်း၏ အတွင်း‌ရေးမှူး(၂) ‌နော်‌ဒေး‌ဒေးဖိုးက “အခုမီးငြိမ်းသွားပါပြီ။ လူအင်အားများတဲ့အတွက် မီးငြိမ်းနိုင်တာဖြစ်တယ်။ ‌လော‌လောဆယ် လူ‌နေအိမ်‌တော့ (၁၂၀)လုံး မီး‌လောင်ကျွမ်းသွားတယ်။ ‌နောက်ပြီး က‌လေးတစ်ဦး‌ပျောက်ဆုံး‌နေတယ်။ က‌လေး ၁‌ယောက်၊ လူကြီး ၁‌ယောက်ဒဏ်ရာရသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု မီး‌လောင်ကျွမ်းမှုသည် ‌ကျောင်းသား‌နေ ‌ဘော်ဒါ‌ဆောင်တစ်ခုတွင် မီး‌လျှော့ဖြစ်၍ စတင်‌လောင်ကျွမ်းခြင်းဖြစ်ရာ မီးစတင် ‌လောင်ကျွမ်းရာတွင် အိမ်ရှင်တစ်ချို့က ၎င်းတို့၏‌နေအိမ်ကို မဖျက်ဆီးချင်‌သော‌ကြောင့် မီးအရှိန်တဖြည်းဖြည်းရလာပြီး ယခုလို မီး‌လောင်ပျက်စီးမှု များပြားလာရခြင်းဖြစ်သည်ဟု ‌နော်‌ဒေး‌ဒေးဖိုးက ဆက်‌ပြောသည်။

ယ‌နေ့မွန်းလွဲ ၁နာရီခွဲမှ ၃နာရီအချိန်ထိ ‌လောင်ကျွမ်းခဲ့သည့် ၎င်းမီး‌လောင်ကျွမ်းမှုအတွင်း ‌နေအိမ်မီးထဲပါသွားသည့် ဒုက္ခသည် များမှာ နီးစပ်ရာ အသိအိမ်များတွင် ‌ခေတ္တခိုလှုံခဲ့ကြရသည်ဟု သိရသည်။

ကိုယ်တိုင်သွား‌ရောက်မီးငြိမ်းခဲ့သူ ဇုံစီ ရပ်ကွက်(၂)မှ ‌စောအယ်ထီး‌ကော်က “မီးစ‌လောင်တာ အထဲကို နည်းနည်းကျတယ်။ ‌နောက်ပိုင်း‌လေက ကားလမ်းမကြီးဘက်ကို လမ်း‌ကြောင်း‌ပြောင်းသွား‌တော့ မီးသတ်ကား ၂စီး ‌ရောက်ရှိလာပြီး အလွယ်တကူ ‌ရေပက်လို့ရတာရယ်၊ လူအင်အားများတာရယ်‌ကြောင့် မီးငြိမ်းသတ်နိုင်တာဖြစ်တယ်။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ကီလိုမီတာ ၆ဝနီးပါးအကွာအ‌ဝေးရှိ လူဦး‌ရေ ၅‌သောင်းဝန်းကျင် ‌နေထိုင်‌သော မယ်လ ဒုက္ခသည်စခန်းတွင် ယခင်က မီး‌လောင်မှု အနည်းငယ်ရှိခဲ့‌သော်လည်း ယခုကဲ့သို့ ထိခိုက်‌ပျောက်ဆုံးမှုများနှင့် လူ‌နေအိမ်များစွာ မီး‌လောင်ကျွမ်းခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။

အလားတူ ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကလည်း ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ မီး ‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် (၃၀၀၀)‌ကျော် ပျက်စီးပြီး ‌သောင်းနှင့်ချီ‌သော ဒုက္ခသည်များ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။