Home သတင်း ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ဇန်နဝါရီ တတိယပတ်၌ ကျင်းပမည်

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ဇန်နဝါရီ တတိယပတ်၌ ကျင်းပမည်

1715

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) ‌လေးဝါးစခန်း၌ ဇန်နဝါရီလ တတိယပတ်အတွင်း ကျင်းပသွားမည်ဟု သိရှိရသည်။

၎င်းညီလာခံကို သုံးရက်ကြာ ပြုလုပ်သွားရန် လျာထားပြီး ညီလာခံပြီးသည်နှင့် တပြိုင်နက် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖား အံ မြို့တွင် ဆက်လက်‌တွေ့ဆုံသွားရန် ယာယီအားဖြင့် စီစဉ်ထားသည်ဟု တစ်နုိုင်ငံလုုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုုင်ရာ ညှိနှိုင်း‌ရေး အဖွဲ့(NCCT)၏ ဒုတိယအဖွဲ့‌ခေါင်း‌ဆောင်ဖြစ်သူ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

“ကျ‌နော်တို့ ဇန်နဝါရီလလယ် ရက် ၂ဝ ဝန်းကျင်‌လောက်မှာ ဒီညီလာခံ ပြုလုပ်သွားဖို့ ယာယီအ‌နေနဲ့ ဆုံးဖြတ်ထားတာ ရှိပါ တယ်။ ဒီထက် ပို‌သေချာ‌အောင်‌တော့ အစိုးရနဲ့ ‌ဆွေး‌နွေးရဦးမယ်။ ဘာဖြစ်လဲဆိုရင် ညီလာခံပြီးတာနဲ့ အစိုးရနဲ့ ဖားအံမှာ ဆက် ‌တွေ့ဖို့ ရှိတယ်‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂ဝ ရက်‌နေ့အထိ ပြုလုပ်ရန် မူလက စီစဉ်ထား‌သော်လည်း ပြင်ဆင်‌ဆောင်ရွက်မည့် အချိန်ပိုရ‌စေရန်အတွက် ဒီဇင်ဘာလ ၁၁ရက် ‌နေ့တွင် ရက်‌ရွှေ့ဆိုင်းခဲ့‌ကြောင်းလည်း ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီဥက္ကဌ ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့ ‌သေးသည်။

ထို့အပြင် လက်ရှိအချိန်တွင် ညီလာခံအတွက် ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ စီစဉ်‌ဆောင်ရွက်လျှက်ရှိပြီး ညီလာခံ တက်‌ရောက် လာမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျင်းပမည့်ရက် နီးသည့်အခါမှသာ ဖိတ်ကြားသွားမည်ဖြစ်ပြီး ဖိတ်ကြားခံထား ရသည့် အဖွဲ့အားလုံး တက်‌ရောက်ရန်လည်း ‌မျှော်လင့်‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့က‌တော့ ဖိတ်ကြားသွားမဲ့ အဖွဲ့‌တွေအားလုံး ညီလာခံကို လာတက်‌စေချင်တယ်။ လိုင်ဇာမှာ ပထမအကြိမ် ညီလာခံကျင်းပတုန်းက မလာတက်ဖြစ်တဲ့ ဝနဲ့ ကိုးကန့်အဖွဲ့တို့လည်း ဒီဒုတိယအကြိမ် ညီလာခံကို လာတက် ‌ရောက်ဖို့ ‌မျှော်လင့်ပါတယ်။”ဟု ဆက်‌ပြောသည်။

ဒုတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာခံကို ကျင်းပနိုင်ရန် ဒီဇင်ဘာ ၂ရက်မှ ၇ရက်‌နေ့အထိ ‌လေးဝါး၌ ပြု လုပ်သည့် ‌ကေအဲန်ယူ၏ ဒုတိယအကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေးတွင် အဖွဲ့ဝင် (၉)ဦး ပါဝင်သည့် တိုင်း ရင်းသားညီလာခံဖြစ်‌မြောက်‌ရေး ‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

ယင်းဖြစ်‌မြောက်‌ရေး‌ကော်မတီတွင် ပဒို‌သောသီဘွဲ(ဥက္ကဌ)၊ ပဒိုမန်းမန်းမန်း(ဒုဥက္ကဌ)၊ ပဒို‌စောလှထွန်း(အတွင်း‌ရေးမှူး)နှင့် အဖွဲ့ ဝင်များအဖြစ် ပဒို‌အောင်‌မော်‌အေး၊ ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါ်၊ ဗိုလ်မှူး‌စောတာမလာ‌သော၊ ပဒိုမန်းဘထွန်း၊ ပဒို‌ကော်ကဆာ‌နေစိုး၊ ပဒို‌နော်မြိုင်ဖိုးတို့အပြင် ကျင်းပ‌ရေးဆပ်‌ကော်မတီအဖွဲ့များလည်း ပါဝင်သည်။