သု့ိ
ပြည်ထောင်စုဝန်ကြီး
ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)
နေပြည်တော်ကောင်စီ
အကြောင်းအရာ ။ ။ ကျူရှင်မတက်၍ ကျောင်းသားအား အတန်းအဆင့်ချနေသော ဆရာမအား စိစစ်အရေးယူပေးနိုင် ပါရန် တင်ပြခြင်း။
၁။ ဖော်ပြပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ရပ်ကွက်(၃)ရှိ အလယ်တန်းကျောင်းတွင် ပဉ်စမတန်း သိပ္ပံဘာသာရပ် သင်ကြားပေးနေသော ဆရာမတစ်ဦးသည် ၎င်း၏နေအိမ်တွင် မိမိအတန်းရှိ ကျောင်းသား/သူများအား အခပေး ကျူရှင်ပြ သင်ကြားလျက်ရှိပါသည်။ ထိုသို့ သင်ပြရာတွင် သိပ္ပံဘာသာရပ်အတွက် ကျူရှင်မတက်သော ကျောင်းသား/သူများ အား လပတ်စာမေးပွဲများတွင် အဆင့်နှိမ့်ချ၍ ခွင်ကျအကွက်ဆင်၍ ဆောင်ရွက်နေပါသည်။ ထို့အပြင် အခြားသော အောက်ပါ ကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိပါသည်။
(က) ကျူရှင်မတက်သော ကျောင်းသား/သူများအား စောင်းမြောင်းအော်ငေါက်၊ ရွေးပြီး မတ်တပ်ရပ်ခိုင်းမှုများ ပြုလုပ်ခြင်း
(ခ) ကျောင်းရှေ့အိမ်တွင် မုန့်ရောင်းပြီး မဝယ်ပါက အော်ငေါက်ခြင်း၊ အကြွေးဖြင့်ဝယ်ခိုင်းခြင်း၊ အပြင်မှမုန့်များ ယူဆောင်လာ ပါက ကျောင်းဝင်းအတွင်းသို့ သယ်ဆောင်ခွင့်မပြုခြင်း၊ အတန်းတွင်းရောက်ပါက မုန့်မဝယ်သော ကျောင်းသား/သူများအား စောင်းမြောင်းပြောဆို အပြစ်ရှာခြင်းများ ပြုလုပ်ခြင်း
(ဂ) မိမိဘာသာရပ်ကို ကျူရှင်တက်ပါက အဖြေလွှာကို ကြိုတင်ပြောပြခြင်း၊ မတက်သူများကို နည်းမျိုးစုံဖြင့် အဆင့်နှိမ့်ကျ အောင် ပြုလုပ်တတ်ခြင်း၊ ၎င်းအတန်းတွင် မြို့နယ် စကော့လားရှစ်ရရှိသူ ပြည်နယ်အဆင့် သချာင်္စွမ်းရည် ဒုတိယရရှိသူ ကျောင်း သားများရှိပြီး ၎င်းကျောင်းသားများ ကျူရှင်မတက်၍ လပတ်စာမေးပွဲများတွင် အဆင့်နှိမ့်ကျအောင် ပြုလုပ်ပြီး ကလေးစိတ်ဓါတ် ကျအောင် ဆောင်ရွက်ခြင်း
(ဃ) ကျောင်းမှ ဆရာ/ဆရာမများသိပြီး ၎င်းအား ညှိနှိုင်းပြောပြသော်လည်း မိမိဘာသာရပ်ကို မိမိသဘောဆိုပြီး ပြန်လည်ငြင်း ခုန်မှုများ ပြုလုပ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီးမှ ၎င်းအား ပြောဆိုညှိနှိုင်းသော်လည်း ပြန်လည်ငြင်းခုန်မှုများ ပြုလုပ်ခြင်း၊ ငြင်းခုန် မှုများရှိလာပါက ကျောင်းနှင့် မသက်ဆိုင်သော ၎င်း၏မိသားစုများမှ ကျောင်းဝင်းတွင်းသို့ဝင်ရောက်၍ ဆရာမကြီးအား ဝိုင်း၍ ပြောဆိုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂။ အထက်ပါကိစ္စများအား ကျောင်းသားမိဘများမှ မြို့နယ်ပညာရေးမှူးသို့ သွားရောက်တင်ပြရာတွင် ပညာရေးမှူးမှ သွားရောက် ဆုံးမပြောသော်လည်း ယခင်အတိုင်းပင် ပြုလုပ်မြဲဆောင်ရွက်မြဲ၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသားမိဘတစ်ဦးမှ ကျေနပ်မှု မရှိသဖြင့် ပညာရေးမှူး၏ ခွင့်ပြုချက်တောင်းခံပြီး ၂၅-၁၁-၂၀၁၃ ရက်နေ့တွင် အလယ်တန်းကျောင်းမှ ကျောင်းထုတ်ပြီး ကျောင်း ပြောင်းရွှေ့သွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပညာရေးအဆင့်မြင့်တင်မှု အစီအစဉ်နှင့် ကျောင်းနေကလေးတိုင်း ကျောင်းပျော်ရမည် ဆိုသောအချက်နှင့် မကိုက်ညီသဖြင့် အခြားသော ပညာရေးဝန်ထမ်းများပါ ထိခိုက်နစ်နာလာနိုင်သဖြင့် ၎င်းဆရာမအား ထိရောက်စွာ အရေးယူပေးနိုင်ပါရန် ကျောင်းသားမိဘ ဆရာ/ဆရာမများကိုယ်စား ဝမ်းနည်းစွာဖြင့် တင်ပြတိုင်ကြားအပ်ပါသည်။
မြင့်/အောင်အောင်
ကျောင်းသား/သူမိဘများ