Home သတင်း မွန်ပြည်နယ်ရှိ ယက္ကန်းစင်များတွင် ကရင်အထည်ယက်လုပ်မှု များပြားလာ

မွန်ပြည်နယ်ရှိ ယက္ကန်းစင်များတွင် ကရင်အထည်ယက်လုပ်မှု များပြားလာ

3313

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်အတွင်းရှိ ယက္ကန်းစင်အများစုတွင် မွန်အဝတ်အထည်များထက် ယက်လုပ်ရန် လွယ်ကူပြီး ‌ရောင်းအားပို‌ကောင်း သည့် ကရင်အဝတ်အထည်များကို အစားထိုး‌ပြောင်းလဲ ယက်လုပ်မှု များပြားလာသည်ဟု ယက္ကန်းစင်ပိုင်ရှင်များက ‌ပြောဆို‌နေ ကြသည်။

မွန်တိုင်းရင်းသားများ၏ အဝတ်အထည်သည် ချည်ထည်ဖြစ်သည့်အတွက် ချည်‌ဆေးဆိုးရခြင်း၊ ‌ကော်ထည့်ရခြင်း စသဖြင့် လုပ် ‌ဆောင်မှုအဆင့်များ‌သော‌ကြောင့် ‌ဆေးဆိုးရန်မလိုဘဲ ဆီလွန်ချည်ဖြင့် ယက်လုပ်နိုင်သည့် ကရင်အထည်များကို ‌ပြောင်းလဲ ယက်လုပ်လာကြခြင်းဖြစ်သည်ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပဲရမ်း‌ကျေးရွာမှ ယက္ကန်းစင်ပိုင်ရှင် မ‌မော်‌မော်က ‌ပြောသည်။

“ရွာမှာက တစ်အိမ်ဆို ၄စင်အထိ ရှိကြတယ်။ တရွာလုံးဆို စင် ၃၀‌လောက်ရှိမယ်။ ကရင်အထည်‌တွေပဲ ယက်ကြတယ်။ မွန်အ ထည်‌တွေက ချည်လုပ်ဖို့ အလုပ်သမားမရှိဘူး။ လုပ်မယ့်လူမရှိဘူး။ ချည်‌ဆေးဆိုးရတာ အခက်အခဲရှိတယ်။ ကရင်ထည်‌တွေကျ ‌တော့ ချည်ဆိုးစရာမလိုဘူး။ သူ့ချည်နဲ့ အ‌ရောင် တိုက်ရိုက်လာတယ်။ ယက်ရုံပဲ”ဟု မ‌မော်‌မော်က ‌ပြောဆိုသည်။

လက်ရှိ မုဒုံ‌ဒေသတဝိုက်ရှိ ယက္ကန်းစင်များတွင် ကရင်ထည်ယက်လုပ်ခြင်းကို လွန်ခဲ့သည့် ၁ဝနှစ်၊ ၁၅နှစ်ဝန်းကျင်ခန့်က စတင် ‌ပြောင်းလဲယက်လုပ်လာကြရာမှ တဖြည်းဖြည်း ကျယ်ပြန့်လာသည်ဟုလည်း သူမက ဆက်‌ပြောသည်။

မွန်ပြည်နယ်အတွင်း၌ ယက္ကန်းလုပ်ငန်းကို မုဒုံမြို့နှင့် ယင်းမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများ၌ အများဆုံး ယက်လုပ်ကြကာ ယခု ‌နောက်ပိုင်းတွင် ကရင်အထည်များဖြစ်ကြသည့် အကင်္ျီ၊ ပုဆိုး၊ လွယ်အိတ်၊ခြုံ‌စောင်၊ စာပွဲခင်း၊ လက်သုတ်အဝတ် စသည့် အထည်အမျိုးမျိုးတို့ကို ‌ပြောင်းလဲယက်လုပ်ကြ‌ကြောင်း သိရသည်။

ယက္ကန်းလုပ်ငန်းကို နှစ် ၅ဝခန့်လုပ်ကိုင်လာခဲ့သူ မွန်ပြည်နယ်၊ ဖား‌အောက်မှ ယက္ကန်းစင်ပိုင်ရှင် ‌ဒေါ်‌မေစန်းက “ကျမတို့လည်း ကရင်အထည်ချည်းပဲ ယက်တယ်။ ကရင်အထည်က ယက်ရလွယ်တယ်။ ကရင်အထည်‌တွေကို ‌ထောင်နဲ့ချီပြီး ကျမတို့ တင်ပို့ ‌ရောင်းချတယ်။”ဟု ‌ပြောသည်။

မွန်ပြည်နယ်မှ ယက်လုပ်သည့် ကရင်အထည်များကို ရန်ကုန်၊ ဖားအံနှင့် ‌တောင်ငူ စသည့်‌ဒေသများသို့ အများဆုံး တင်ပို့လျှက်ရှိ သည်ဟု သိရသည်။

ကရင်အဝတ်အထည် ယက်လုပ်မှု များပြားလာသည့် မွန်ပြည်နယ်တွင် မုဒုံမြို့နယ်မှထွက်သည့် ယက္ကန်းထည်များမှာ ‌ရောင်းအား ‌ကောင်းပြီး အထူးသဖြင့် “မုဒုံ‌စောင်”ဆိုလျင် မြန်မာနိုင်ငံ‌ဒေသအနှံ့တွင် ယခုအချိန်ထိ နာမည်ကြီးကာ လူကြိုက်များ‌နေဆဲဖြစ် သည်။