Home ကဗျာ တစ်က ပြန်စကြစို့

တစ်က ပြန်စကြစို့

2024

(လကင်္ာဒီပ)၂၂ နိုဝင်ဘာ၊ ၂၀၁၃။

နာဂစ်နဲ့ စခဲ့တဲ့ဥပ‌ဒေ
အသက်‌တွေ မျက်ရည်မိုး‌တွေ
‌ပေကျံထုဆစ်ခဲ့တဲ့ ရက်လ‌တွေ
ဘဝအ‌ထွေ‌ထွေ အ‌မောတ‌ဝေ‌ဝေ
‌မြေခ‌ကြေမွ တစစီဖြစ်ခဲ့ရအ‌ခြေ
ဒါ‌တွေဒါ‌တွေ ကမ္ဘာမ‌ကြေစရာ‌ပေ
ကူညီ‌တွေ ပိတ်ပင်ခံခဲ့ရ‌ပေ
သက်ဆိုးရှည်လူတစု လုပ်ရက်ခဲ့ကြပြီ။

ခုမှပဲ ‌နောင်တရလာသလိုလို
ဟိုယခင်အစိုးရလိုမျိုး
လက်ညိုး ထိုးလိုထိုး ယိုးလိုယိုး
အပိုးမကျိုးတဲ့ မျက်နှာ‌ပြောင်
ခပ်‌ကြောင်‌ကြောင်စကားလုံး
တစ်ပြည်လုံး အတိုင်းအတာစနစ်
အပစ်အခတ်ရပ်စဲ‌ရေးလား
လက်နက်များ ချခိုင်းခြင်းလား
ကွဲကွဲပြားပြား သိကြဖို့လိုတယ်။

မ‌ရေမရာ အပစ်အခတ်ရပ်စဲ
တလွဲဖွံ့ဖြိုး‌ရေး‌တွေနဲ့
ဇာချဲ့နယ်ချဲ့တဲ့ ‌မြေယာစိုးမိုး‌ရေး
သူ‌ဌေးမဖြစ်ပဲ …. ဖြစ်မဲ့ကိန်း‌တွေ
‌မြေယာ‌တွေလည်း ‌ပျောက်လို‌ပျောက်
‌ခြောက်စားလှန့်စားခံ ‌ပြေစာအတု
အမှု‌တွေ‌ပွေ‌နေကြရတဲ့ ပြည်သူ‌တွေ
ဘာ‌တွေ‌ပြောင်းလဲသွားကြလို့တုန်း
ကြိမ်မီးအုံးလို့ ယူကြုံးမရကြ
‌အောက်‌ခြေဘဝ‌တွေများ မလူးသာမလွန့်သာ။

မဟာဝါဒီအတ္တသမား‌တွေ
‌သေနတ်တကားကား အာဏာရူး‌တွေ
‌မြေကြီးစား ခရိုနီ‌တွေ
‌ရေ ‌မြေ ‌လေ မိုး ပိုင်စိုးချင်သူ‌တွေ
စုန်းပြူး‌တွေ သွားရည်ကျရာ
မဟာဗမာ‌တွေ သည်း‌ခြေကြိုက်ခြင်း
တိုင်းရင်းသားနယ်‌မြေ‌တွေဟာ
ရတနာအပြည့်နဲ့ ရွာတဲ့လား။

ဘယ်နှစ်ခါ ကတိတည်ဖူးလို့တုန်း
ဆုံးဖြတ်ချက် မမှား‌ကြေး‌နော်
အ‌လျော်အစား လုပ်ကြမှာလား
ပြတ်သားကြမှာလား ‌ပြောကြစမ်း
(၁၇)နှစ် သင်ခန်းစာပိုင်သူလည်း ရှိခဲ့ပြီ
ဟိုဟိုဒီဒီ ပလီပလာလမ်းညွန်ချက်‌တွေ
ကျုပ်တို့‌တွေ ဖရိုဖရဲဖြစ်
သတိလစ်မျက်ဖြူဆိုက်မှ
သိုက်ဆရာကြိုက်တဲ့ ဂွင်နဲ့မူ‌ဘောင်
‌ယောင်‌ခြောက်ဆယ်‌တွေ မလုပ်ကြပါနဲ့ဗျို့။

မ‌ပြေလည်ကြတဲ့ နိုင်ငံ‌ရေးပြဿနာ
မျက်နှာစုံညီ ပွင့်ပွင့်လင်းလင်း
ငြင်းခုံ‌ဆွေး‌နွေး အ‌ဖြေရှာကြ
မနှစ်မြို့စရာ အ‌ခြေခံဥပ‌ဒေကို
ပြုပြင်ရိုကျိုး ဖာ‌ထေး‌နေမဲ့အစား
အားလုံးအ‌ရေး တစ်သက်တာ‌အေးရစ်‌စေ
တစ်က‌နေ ပြန်စကြဖို့
ကျုပ်တို့ ခင်ဗျားတို့ ရဲရင့်ကြဖို့လို‌နေပြီ။