Home သတင်း ‌ရှေ့လုပ်ငန်းစဉ် ‌လေးရပ်ကို KUPC ချမှတ်

‌ရှေ့လုပ်ငန်းစဉ် ‌လေးရပ်ကို KUPC ချမှတ်

1785
Photo-KIC (KUPC ဒုတိယအကြိမ် အစည်းအ‌ဝေး)

နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)သည် နိုဝင်ဘာ ၂ဝရက်မှ ၂၁ရက်‌နေ့အထိ အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ စိန့်ပီတာနှင့် စိန်‌ပေါလ်ဘုရား‌ကျောင်း၌ ဒုတိယအကြိမ် အစည်းအ‌ဝေးကျင်းပခဲ့ပြီး ‌ရှေ့လုပ်ငန်းစဉ်‌လေးရပ်ကို ချမှတ်လိုက်‌ကြောင်း KUPC အဖွဲ့ဝင် မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

KUPC အ‌နေဖြင့် မပြီးပြတ်‌သေးသည့် လူထု‌တွေ့ဆုံပွဲများ ဆက်လက်ကျင်းပရန်၊ ပြည်‌ထောင်စုလွှတ်‌တော်တွင်းရှိ ပါတီစုံ ကရင် လူမျိုးလွှတ်‌တော်ကိုယ်စားလှယ်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန်၊ ကရင်အမျိုးသား ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး ‌နွေးပွဲ ကျင်းပရန်နှင့် ‌ကော်မတီ၏ ဆုံးဖြတ်ချက်များကို အစိုးရ၊ ‌ကေအဲန်ယူ အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များကို တင်ပြ သွားရန်တို့ကို ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အစည်းအ‌ဝေးတွင် KUPC အဖွဲ့ဝင် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ တနသာင်္ရီ၊ ရန်ကုန်၊ ပဲခူးတိုင်း‌ဒေသကြီးများနှင့် မွန်ပြည်နယ် တို့မှ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးများနှင့် ‌ကော်မတီဝင်များ၊ ‌ကေအဲန်ယူမှ ပဒို‌စောလှထွန်း ဦး‌ဆောင်သည့် အဖွဲ့ဝင်ကိုယ် စားလှယ်များနှင့် ဖိတ်ကြားထားသည့် အထူးဧည့်သည်များ၊ ကရင်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ကရင်နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၇ဝဦး‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

KUPC ၏ သဘာပတိ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌ကေအဲန်ယူမှ ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ဒီ‌နေ့ ‌ရှေ့ဆက်မယ့် လုပ်ငန်း‌တွေမှာ အမြင်မ တူတာ‌လေး‌တွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ်‌ပေါ့။ ကျ‌နော်တို့ ‌တွေးထားတာက ကရင့်အမျိုးသားအ‌ရေးက ကရင်အမျိုးသားတိုင်းရဲ့ တာဝန်ဖြစ်သလို ကျ‌နော်တို့ KUPC က‌တော့ တတတ်တအား ဝိုင်းဝန်းလုပ်‌ဆောင်ရမှာဖြစ်တယ်လို့ ကျ‌နော်‌တော့ မြင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ၎င်းအစည်းအ‌ဝေး၏ ဒုတိယ‌နေ့တွင် အလှည့်ကျ သဘာပတိအဖွဲ့ဝင်သစ်ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ ရာ ‌ကျောက်ကြီးဆရာ‌တော်ဦးကုသလ၊ ဘီး‌ရှော့ဆရာ‌တော် ဒယ်နီရယ်ဗွိုက်ကျင်း၊ ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ မန်းသိန်း‌ရွှေနှင့် မန်း ‌အောင်ပြည်စိုးတို့ ‌ရွေးချယ်ခံခဲ့ရပြီး ထပ်တိုး‌ကော်မတီဝင် ၁၅ဦးကိုလည်း အတည်ပြုခဲ့ကြသည်။

ထိုအစည်းအ‌ဝေးတွင် သက်ဆိုင်ရာ ပြည်နယ်များနှင့် တိုင်းများ အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကရင်နိုင်ငံ ‌ရေးပါတီများမှ ကိုယ်စားလှယ်များက ၎င်းတို့၏ လုပ်ငန်း‌ဆောင်ရွက်ခဲ့မူ အ‌ခြေအ‌နေများကို ရှင်းလင်း‌ပြောကြားခဲ့ကြသည်။

အထူးဧည့်သည်အဖြစ် တက်‌ရောက်ခဲ့သူ ဖားအံမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက တစ်နိုင်ငံလုံးအတိုင်း အတာ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး‌နောက် ပြုလုပ်မည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ကရင်တစ်မျိုးသားလုံး ကိုယ်စားပြုအသံများ ပြည်‌ထောင်စုလွှတ်‌တော်ထဲသို့ ‌ရောက်ရှိရန် KUPC မှ လက်ရှိ ကရင်လွှတ်‌တော်အမတ်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးထားရန်လို ‌ကြောင်း အကြံပြုခဲ့သည်။

သူမက “ပြည်‌ထောင်စုလွှတ်‌တော်ထဲ ‌ရောက်‌နေတဲ့ ကရင်တိုင်းရင်းသားကိုယ်စားလှယ်‌တွေ ရှိပါတယ်။ ပါတီ‌ခြောက်ခုမှာ ကရင် တိုင်းရင်းသား ၂ဝဦး ပါတယ်။ အဲဒီ လွှတ်‌တော်ကိုယ်စားလှယ်‌တွေကိုလည်း ချန်မထားဘဲနဲ ့‌ကော်မတီအ‌နေနဲ့ သူတို့ကို ‌တွေ့ဆုံ ပြီး‌တော့ ကရင်တိုင်းရင်းသား‌တွေ ငြိမ်းချမ်း‌ရေးအတွက် ဘယ်လို‌ဆောင်ရွက်ကြမလဲဆိုတာကို အ‌ဖြေရှာပြီး ဝိုင်းဝန်း‌ဆောင်ရွက် သင့်တယ်လို့ ယူဆပါတယ်။”ဟု ‌ပြောသည်။

KUPC ကို ယခုနှစ် မတ်လ ၂၉-၃ဝရက်‌နေ့က ဖားအံမြို့၊ ဇွဲကပင်ခမ်းမ၌ ကျင်းပခဲ့သည့် ကရင့်‌ရေးရာအစည်းအ‌ဝေးတွင် နယ်ပယ် စုံ ကရင်အမျိုးသား‌ခေါင်း‌ဆောင်များ ပါဝင်သည့် ‌ကော်မတီဝင် ၃၇ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအစည်းအ‌ဝေးတွင် ၅၂ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့ကြသည်။ ၎င်း‌ကော်မတီသည် လှိုင်းဘွဲ၊ ဖားအံ၊ မြဝတီ၊ ထားဝယ်၊ မြိတ်၊ ပဲခူး၊ သထုံ၊ သံဖြူဇရပ်နှင့် အင်းစိန်မြို့နယ် တို့တွင် လူထု‌တွေ့ဆုံပွဲများကို ကျင်းပခဲ့ပြီး ဖြစ်သည်။