Home ဆောင်းပါး ‌ဒေါ်‌အောင်ဆန်းစုကြည် လွှတ်‌တော်ကို စွန့်ခွာသင့်ပြီ

‌ဒေါ်‌အောင်ဆန်းစုကြည် လွှတ်‌တော်ကို စွန့်ခွာသင့်ပြီ

1590
(‌အောင်ထူး)

လွှတ်‌တော်ဥက္ကဌ ဦး‌ရွှေမန်းက မိမိ၏ ‌ဘေးတွင်ကပ်ထိုင်‌နေ‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ညွှန်ပြကာ အတူလက်တွဲ အလုပ် လုပ်‌နေကြပြီဟု ဆိုလျှက် အမျိုးသားစည်းလုံးမှု ရ‌နေသ‌ယောင် ဟစ်‌ကြွေးခဲ့သည့် ဤသို ့‌သောအချိန်တွင် ‌ဒေါ်‌အောင်ဆန်းစု ကြည် လွှတ်‌တော်ကို စွန့်ခွာသင့်ပြီဟု တပ်လှန် ့နိုးလိုက်သံ ကြားလိုက်ရ‌သောအခါ စာဖတ်သူ အံ့ဩ‌ကောင်း အံ့ဩပါမည်။ အ‌ကြောင်းမည်သို ့ဆိုသည်ကို ရှင်းပါအံ့။

‌ရှေ ့‌ခြေနှစ်လှမ်းတိုးရန် ‌နောက်‌ခြေတလှမ်းပြန်ဆုတ် (One step backward, two steps forward) ဟူ‌သော ဆိုရိုးစကား ရှိ သည်။ လူသည် ဘဝ‌ခြေလှမ်းများ လှမ်းရာ၌ တခါတရံတွင် မလှမ်းသင့်‌သော‌နေရာကို လှမ်းမိသဖြင့် ကျွံသွားတတ်သည်။ ဤ သည်ကို မှန်ကန်စွာ သိမြင်လာပါက လမ်း‌ကြောင်းမှန်ကို ပြန်လည်‌လျှောက်လှမ်းရန် မိမိ‌ခြေတစ်လှမ်းကို အမြန်ဆုံး ပြန်ဆုတ်ရ ပါမည်။

၂၀၀၈ ဖွဲ ့စည်း ပုံအ‌ခြေခံဥပ‌ဒေ‌အောက်တွင် ‌ခေါင်းလျှိုးကာ စစ်အစိုးရတည်‌ဆောက်ထားခဲ့သည့် လွှတ်‌တော်အတွင်း ဝင်‌ရောက် သွားခဲ့ခြင်းဖြင့် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် နိုင်ငံ‌ရေးအရသာမက ဥပ‌ဒေအရပါ ‌ခြေလှမ်းကြီး တလှမ်းကျွံသွားခဲ့ခြင်း ဖြစ်သည်။ အမြန်ဆုံးပြန်ဆုတ်ရန် လိုပါမည်။ သို့မဟုတ်လျှင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ပင်လယ်ထဲတွင် ‌မျော‌နေသည့် ဆင်‌သေ‌ကောင် ကြီးအ‌ပေါ်တွင် စီးနင်းလိုက်ပါသွားရင်း ဆင်‌သေ‌ကောင်နှင့်အတူ ‌ရေထဲမြုပ်သွားမည့် ငှက်ငယ်က‌လေး၏ ဘဝနှင့် အလားတူ သွားမှာ စိုးရိမ်မိပါသည်။ အဘယ်‌ကြောင့်ဆို‌သော် စစ်အာဏာရှင်စနစ်ကို စနစ်တကျ အသက်သွင်းထား‌သော ၂၀၀၈ခုနှစ်ဖွဲ ့ စည်းပုံအ‌ခြေခံဥပ‌ဒေသည် ဆင်‌သေ‌ကောင်ပုပ်ကြီး ဖြစ်‌နေ‌သော‌ကြောင့်ပင်။

‌ဒေါ်‌အောင်ဆန်းစုကြည်လွှတ်‌တော်အတွင်း ဝင်‌ရောက်သွားခဲ့သည့် တနှစ်‌ကျော်ကာလ ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်ဖို့ လိုပါ မည်။ သူမ ကြားဖြတ်‌ရွေး‌ကောက်ပွဲဝင်စဉ်က ‌ကြွေး‌ကြော်ခဲ့သည့် ဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ဖွဲ ့စည်းပုံ အ‌ခြေခံဥပ ‌ဒေ ပြင်ဆင်‌ရေး လုပ်ငန်းစံထားချက်များဖြင့် သုံးသပ်ရန်ဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင်သည် ဥပ‌ဒေစိုးမိုး‌ရေး ဟူ‌သော စကားလုံးကို ကြိမ်ဖန်များစွာ ‌ပြော‌နေ‌သော်လည်း ဤသည်မှာ မည်သို့‌သော အဓိပ္ပါယ်ရှိ‌ကြောင်းကို လူထုအား တိတိကျကျ ရှင်းလင်းမှု မပြုခဲ့ပါ။ စစ်အစိုးရ အဆက်ဆက်က ပြဌာန်းထား‌သော မတရားဥပ‌ဒေများကို ဆက်လက် လိုက်နာ‌ရေးနှင့် လက်ရှိ လွှတ်‌တော်က ပြဌာန်း‌နေသည့် မတရား ဥပ‌ဒေများ‌အောက်တွင် လူထုတစ်ရပ်လုံး ငြိမ်ဝပ်စွာ ‌နေထိုင်‌ရေးအား ဥပ‌ဒေ စိုးမိုး‌ရေး ဟူသကဲ့သို ့ ဖန်တီးခံ‌နေရသည်။ ဤသည်ကို ‌ဒေါ် ‌အောင်ဆန်း စုကြည်ကိုယ်တိုင်က လက်ခံလိုက်နာ ပံ့ပိုး‌ပေးသကဲ့သို ့ဖြစ်‌နေသည်။ ဥပ‌ဒေစိုးမိုး‌ရေးနှင့် စပ်လျှဉ်း၍ နိုင်ငံတကာ စံထားချက် များနှင့် ကိုက်ညီရုံသာမက ပြည်တွင်း လိုအပ်ချက်ကိုပါ ဖြည့်ဆည်းနိုင်မည့် ဖွင့်ဆိုချက်တခုခုအား တိတိကျကျ ကိုင်စွဲမထား ‌သော‌ကြောင့် ဖြစ်သည်။

ဥပ‌ဒေ အ‌ထောက်အကူပြု ကွန်ရက်အ‌နေဖြင့် ဥပ‌ဒေစိုးမိုး‌ရေး ဟူ‌သော စကားရပ်ကို အကျဉ်းချုပ်အားဖြင့် ‌အောက်ပါအတိုင်း ဖွင့်ဆိုသည်။ ပြစ်မှုကျူးလွန်သူဟူသမျှကို ထိ‌ရောက်စွာ ‌ဖေါ်ထုတ်ပြီး အပြစ်‌ပေး‌ရေး၊ ပြစ်မှုကျူးလွန်ခံရသူများအ‌နေဖြင့် လွတ် လပ်၊ ဘက်မလိုက်‌သော တရားရုံးများ၌ အ‌ရေးယူ တိုင်တန်းတရားစွဲခွင့်ရရှိ‌ရေးနှင့် ၎င်းတို့၏ ဘဝနစ်နာဆုံးရှုံးခဲ့မှုအတွက် ပြန်လည်ကုစား‌ပေးနိုင်‌ရေး၊ ပြစ်မှုကျူးလွန်ခံရသူ‌ရော စွပ်စွဲခံရသူများအတွက်ပါ မျှတ‌သော တရားခွင် အ‌ခြေအ‌နေ (Fair Trial) ရရှိ‌ရေး အ‌ခြေခံများအ‌ပေါ်တွင် တရားမျှတ‌သော ဥပ‌ဒေများ‌ရှေ့‌မှောက်၌ လူတိုင်း တန်းတူ‌ရေးနှင့် တန်းတူ အကာအကွယ် ရရှိ ‌ရေး ဖြစ်သည်။

ဥပ‌ဒေစိုးမိုး‌ရေး၏ အနှစ်သာရကို ‌သေချာစွာ ဆုပ်ကိုင်မိပါမှ လူထုအတွက် ဥပ‌ဒေစိုးမိုး‌ရေး ခံစားရရှိနိုင်ပါမည်။ ဥပ‌ဒေစိုးမိုး‌ရေး၏ အနှစ်သာရကို ဆုပ်ကိုင်ရန် နှင့် လက်‌တွေ ့‌ဖေါ်‌ဆောင်ရန် မကြိုးစားဘဲ ဥပ‌ဒေစိုးမိုး‌ရေး ဟူ‌သော စကားရပ်အား အကြိမ်‌ပေါင်း ကု‌ဋေမျှပင် ရွတ်ဆို‌စေဦး။ ‌ဟောရင်းသာ ပြန်လွန်‌တော်မူသွားပါမည်။ လူထုသည် ဥပ‌ဒေ စိုးမိုး‌ရေးကို ခံစားနိုင်ဘွယ်မရှိပါ။ အထက်ပါ ဥပ‌ဒေစိုးမိုး‌ရေးစံထားချက်နှင့် တိုင်းတာမည်ဆိုပါက လက်ရှိမြန်မာနိုင်ငံအတွင်းရှိ အ‌ခြေခံလူထုသည် ဥပ‌ဒေစိုးမိုး‌ရေး ဆုံးရှုံးခြင်း၏ ဟိုမှာဘက်ကမ်းသို ့လွန်‌နေ‌ကြောင်း ‌တွေ ့ရပါမည်။

ဥပ‌ဒေစိုးမိုး‌ရေးဟူ‌သော စကားရပ်ကဲ့သို့ပင် ‌ဒေါ်‌အောင်ဆန်းစုကြည်သည် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ဟူသည်ကို အကြိမ် ‌ပေါင်း တစ်‌ထောင်မက ‌ပြောခဲ့ပြီး‌သော်လည်း ဤသည်မှာ မည်သည့်အရာဖြစ်‌ကြောင်း ဘယ်တုန်းကမျှ ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် ဖွင့်ဆိုမပြခဲ့ပါ။ ‌ဒေါ်‌အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်အရ ချစ်ခင်မြတ်နိုးကြ‌သော လူထုအများစုကြီးမှာလည်း မည်သည် မှန်းမသိ‌သော အရာ‌နောက်သို ့‌တောက်‌လျှောက်လိုက်‌နေခဲ့ကြသည်။ သို့ဖြစ်၍ လက်‌တွေ့တွင် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ဟူသည်မှာ စစ်အစိုးရ အဆက်ဆက်က ကျူးလွန်ခဲ့သည့်ပြစ်မှုကြီးများအား ‌ရေငုံနှုတ်ပိတ်‌ရေးနှင့် လက်ရှိကျူးလွန်‌နေမှုများအ ‌ပေါ်တွင်လည်း အမှန်တရားကို ဖုံးကွယ်ထား‌ရေး ဖြစ်‌နေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ဥပ‌ဒေစိုးမိုး‌ရေး‌ကော်မီတီ ဥက္ကဌ‌နေရာတွင် ယူထားပါလျှက် ဥပ‌ဒေစိုးမိုး‌ရေးကို သူမကိုယ်တိုင် ဦး ‌ဆောင် ဥ‌ပေက္ခာပြုလျှက်ရှိသည်။ စစ်အစိုးရအဆက်ဆက်က ကျူးလွန်ခဲ့‌သော နိုင်ငံတကာအဆင့် ရှိ ပြစ်မှုကြီးများအား ‌ဖေါ်ထုတ်အ‌ရေးယူရန် ကြိုးစားဘို ့‌ဝေးရုံသာမက မျက်‌မှောက်မှာပင် ရခိုင်ပဋိပက္ခတွင်လည်း‌ကောင်း၊ မိတ္ထီလာ အဓိကရုဏ်းတွင် လည်း‌ကောင်း၊ အစိုးရအာဏာပိုင်များကိုယ်တိုင် ပါဝင်ကျူးလွန်သည့် အ‌ထောက်အထားများ‌တွေ့ရ၊ နိုင်ငံတကာ လူ ့အခွင့်အ ‌ရေးအဖွဲ ့အစည်းများကလည်း ‌ထောက်ပြကြပါလျှက် မမြင်‌ယောင် မကြား‌ယောင် ပြုခဲ့သည်။ ကချင်ပြည်နယ် စစ်ပွဲများအတွင်း နိုင်ငံတကာ စစ်ရာဇဝတ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် ‌ထောင်‌သောင်းချီ‌သော ကချင်လူထုများသည် ယ‌နေ့တိုင် ဒုက္ခသည် စခန်းများအတွင်း ရှိ‌နေကြဆဲဖြစ်‌သော်လည်း ဥပ‌ဒေ စိုးမိုး‌ရေး အ‌ခြေခံမှ မည်သည့် အ‌ရေးယူ‌ဆောင်ရွက်မှုမျှ မပြု။

လက်ပံ‌တောင်း‌တောင်တွင် သံဃာ‌တော်များမှာ မီး‌လောင်ကျွမ်းခဲ့သည့် ဒဏ်ရာများရခဲ့သည်ကို မည်သူမျှ မငြင်းနိုင်။ ဆင်ကြီး တစ်‌ကောင်လုံး ‌တွေ ့ရပါလျှက် ဆင်‌ခြေရာရှာသည့် အလုပ်ကို သူမ လုပ်ခဲ့သည်။ မီးခိုးဗုံးပါဟု ‌ဗြောင်ငြင်းခဲ့သည်။ မည်သည့် လက်နက်မျှ ကိုင်စွဲခြင်းမရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြ‌နေ‌သော သံဃာ‌တော်များ ညဘက် ကျိန်းစက်‌နေသည့်အချိန်တွင် အကြမ်း ဘက်ဝင်‌ရောက်စီးနင်းကာ မီး‌လောင်ဗုံးနှင့် ဖြိုခွဲခဲ့ခြင်းမှာ ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်။ အကျိုးဆက်အ‌နေဖြင့် သံဃာ‌တော် များမှာ မျက်စိပျက်သူပျက်၊ ကိုယ်လက်အဂင်္ါ ချို ့ယွင်းသူချို ့ယွင်း၊ တကိုယ်လုံးမြင် မ‌ကောင်း‌အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သူ ဖြစ်နှင့် ဘဝနစ်နာပျက်စီးကြရသည်။

ဥပ‌ဒေစိုးမိုး‌ရေးကို တကယ်တန်း ‌ဖေါ်‌ဆောင်လိုပါက ဤပြစ်မှုကြီးအ‌ပေါ် အဆင့်နှစ်ဆင့်ဖြင့် အ‌ရေးယူ ‌ဆောင်ရွက်ရပါမည်။ ပထမအဆင့်မှာ မည်သူပင် ကျူးလွန်သည်ဖြစ်‌စေ ဤ ပြစ်မှု ကို ‌ဖေါ်ထုတ် အ‌ရေးယူရမည်ဖြစ်သည်။ ဒုတိယအဆင့်မှာ ဆိုးဝါးစွာ ဘဝနစ်နာပျက်စီးသွားခဲ့ရ‌သော သံဃာ‌တော်များအား တဘဝလုံးစာအတွက် ထိုက်ထိုက်တန်တန် ‌လျော်‌ကြေး‌ငွေ အ‌မြောက်အ များလည်း ‌ပေးအပ်ရပါမည်။ ဥပ‌ဒေစိုးမိုး‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ဘဝနစ်နာပျက်စီး ဆုံးရှုံးသွားခဲ့ရ ‌သော သံဃာ‌တော်များအတွက် ဘာတခုမျှ ထိထိ‌ရောက်‌ရောက် ‌ဆောင်ကြဉ်းမ‌ပေးခဲ့ပါ။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် သံဃာ‌တော်များအား ရှိခိုး‌နေသည့်ပုံများကို မကြာခဏ ‌တွေ့ရသည်။ ကြည်ညိုဘွယ်‌ကောင်းပါ သည်။ သို ့ရာတွင် အသွင်သဏ္ဍာန်အရ သံဃာကို ရှိခိုး‌နေ‌သော်လည်း အနှစ်သာရအားဖြင့်မူ အာဏာကိုသာ ရှိခိုး‌နေသည်ဟု ရှုမြင်မိသည်။ သူမ ဥပ‌ဒေစိုးမိုး‌ရေး‌ကော်မတီဥက္ကဌဖြစ်‌နေသည့် အချိန်တွင် ဤပြစ်မှုကြီးအ‌ပေါ် အ‌ရေးယူ‌ဆောင်ရွက်‌ပေးရန် ‌ဒေသခံ လက်ပံ‌တောင်း‌တောင် လူထု၏‌တောင်းဆိုမှုကိုလည်း ခပ်တင်းတင်းပင် လျစ်လျှူရှုထားဆဲဖြစ်သည်။ “ငါတို့မှာ ‌မြေ လည်းဆုံး၊ ‌အောင်ဆန်းစုကြည်လဲ ဆုံးပါ‌ပေါ့လား”ဟု ‌အော်မြီရင်း ရင်အုံကို တဘုံးဘုံး ထုကာ ငို‌ကြွေးခဲ့‌သော လက်ပံ‌တောင်း ‌ဒေသခံ အဖွားအိုတဦး၏ ရင်နင့်ဘွယ် ရင်ဖွင့်သံကို ‌ဒေါ်‌အောင်ဆန်းစုကြည် မကြား‌ယောင် ပြုခဲ့ပြီ။

ပြစ်မှုကျူးလွန်သူကို အ‌ရေးယူရန်မကြိုးစားခဲ့ရုံသာမက ပြစ်မှုကျူးလွန်သူဘက်မှ မည်သူကမျှ သူမအား မငှားပါဘဲလျှက်နှင့် ‌ရှေ့‌နေပင်လိုက်‌ပေးခဲ့သည်။ “သံသယအကျိုးကို ခံစားခွင့်‌ပေးရမယ်။” ဟူ‌သောစကားရပ်ကို ထပ်ခါထပ်ခါ သုံးစွဲခဲ့ခြင်းဖြစ်သည်။ ယင်းစကားရပ်အား မည်သည့်အချိန်၊ မည်သည့်‌နေရာတွင် အဓိက သုံးစွဲရသည်ကိုသူမ ‌လေ့လာခဲ့ဘူးပုံမရ။ “တရားရုံးက ပြစ်မှု ထင်ရှား မစီရင်မချင်း စွပ်စွဲခံရသူအ‌ပေါ် အပြစ်ကင်းသူအဖြစ် မှတ်ယူရမည်။”[1] ဟူသည့်မူနှင့် နားလည်မှုလွဲကာ သုံးစွဲ‌နေ‌လေ သလားဟူ၍လည်း စဉ်းစားမိသည်။

ပြစ်မှုဆိုင်ရာမှုခင်းတခုခုကို လက်ခံပြီး‌နောက် အဆင့်ဆင့် စစ်‌ဆေးစီရင်‌နေစဉ်အတွင်းတွင် “သံသယ အကျိုး ခံစားခွင့်” [2] ဟူသည်ကို တရားရုံးက စွပ်စွဲခံရသူအ‌ပေါ် အဓိကအားဖြင့် လက်ခံစဉ်းစားခြင်းဖြစ်သည်။ သံဃာ‌တော်များအား မီး‌လောင်ဗုံးနှင့် ပစ်ကာ ရာဇဝတ်မှုကြီးတရပ် ကြီးကြီးမားမားကျူးလွန်ခဲ့သည့် အာဏာပိုင်များအား ဖမ်းဆီးအ‌ရေးယူ ရုံးတင်စစ်‌ဆေး‌နေသည့် အချိန်တွင်ဖြစ်ပါက “သံသယ အကျိုးခံစားခွင့်”ကို ၎င်းတို့အ‌ပေါ် စဉ်းစားနိုင်သည်။ ယခုမူ သံဃာ‌တော်များအ‌ပေါ် ကျူးလွန်ခဲ့ သည့် ပြစ်မှုကြီးနှင့်စပ်လျဉ်း၍ မည်သည့်ရဲ သို့မဟုတ် အာဏာပိုင်ကိုမျှ ဖမ်းဆီးအ‌ရေးယူခြင်းမပြု၊ ရုံးတင်တရားစွဲဆိုသည့် အဆင့်လည်းမ‌ရောက်၊ သူမကိုယ်တိုင်သည် တရားသူကြီး‌သော်လည်း‌ကောင်း တရားရုံး‌သော်လည်း‌ကောင်းလဲ မဟုတ်ပါဘဲ လျှက် ပြစ်မှုကျူးလွန်သူ အာဏာပိုင်များဘက်မှ ကာကွယ်ကာ “သံသယအကျိုး ခံစားခွင့်” ဟူ‌သောစကားရပ်အား တတွတ် တွတ် ရွတ်ဆိုခဲ့သည်။ အဘယ်‌ကြောင့်နည်း။

ပြစ်မှုကျူးလွန်သူအာဏာပိုင်များကို အ‌ရေးယူခြင်း လုံးဝ မရှိသဖြင့် ဥပ‌ဒေစိုးမိုး‌ရေးပျက်ခြင်းမှာ တစ်ပြည်လုံးအနှံ့ ဖြစ်ပွားလျှက်ရှိ သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ဦး‌ရွှေမန်းတို ့အဖွဲ့သားများနှင့်တွဲကာ ရွှင်လန်းမြူးတူးစွာနှင့် လွှတ်‌တော်အတွင်းတွင် ‌ကွေး ‌နေ‌အောင် က‌နေသည့်အချိန်တွင် ဥပ‌ဒေစိုးမိုး‌ရေးပျက်သည့်‌အောက်၌ တိုင်းရင်းသားအ‌ခြေခံ လူထု အ‌မြောက်အများမှာ ဒူးနှင့် မျက်ရည်သုတ်‌နေကြရသည်။

စစ်အာဏာရှင်စနစ်အ‌ခြေခံ ဥပ‌ဒေအ‌မွေဆိုးကို ချန်ထားခဲ့မည်လား။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် အသက်ခုနှစ်ဆယ်ပိုင်းအတွင်း ဝင်‌ရောက် အရွယ်‌ထောက်လာခဲ့ပြီဖြစ်သည်။ ဇရာ၏သ‌ဘောအရ ‌ကွေး‌သောလက် မဆန့်ခင်၊ ဆန့်‌သောလက် မ‌ကွေးခင် ဖြစ်သည်။ မိမိအသက်ထင်ရှားရှိ‌နေစဉ်အတွင်း နိုင်ငံ‌ရေး ရပ်တည်ချက် ကို ပြန်လည်သုံးသပ်သင့်ပါပြီ။ စစ်အာဏာရှင်စနစ်၏ ၂၀၀၈ ဖွဲ ့စည်းပုံအ‌ခြေခံဥပ‌ဒေ သံကွန်ခြာအတွင်းသို ့ ပြည်သူလူထုကို ‌ခေါ်သွင်းသွားပြီး ရုန်းထွက်ရ လွန်စွာခက်ခဲသည့် အ‌နေအထားမျိုးဖြင့် မထားခဲ့သင့်ပါ။ ‌ဒေါ်‌အောင်ဆန်းစုကြည်မှာ ဘယ်သူဘာ ‌ပြော‌ပြော ကိုယ်မှန်သည်ထင်ရာ လုပ်တတ်သည့် ‌ခေါင်း‌ဆောင်တဦးဖြစ်သည်ကို သတိပြုမိသည်။ မှန်သည့်လမ်းကို ‌လျှောက်မိ သည့်အချိန်၌ ဤညာဉ်မျိုးမှာ ‌ကောင်းကျိုးပြုတတ်‌သော်လည်း မှားသည့်လမ်းကို ‌လျှောက်မိသွားလျှင် ဆိုးကျိုးကိုသာ ‌ပေးစွမ်း နိုင်ပါမည်။