Home ရင်ဖွင့်သံများ ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဒုက္ခသည်များ၏ ရင်ဖွင့်သံ

ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဒုက္ခသည်များ၏ ရင်ဖွင့်သံ

1582

‌နော်‌ဒေးဝါထူး ၂၂နှစ် (မယ်ရာမိုစခန်း ဒုက္ခသည်)

ကျမတို့ဒုက္ခသည်စခန်းမှာ‌နေတာ စားဖို့‌သောက်ဖို့အတွက် အပြင်ထွက်သွားလာတဲ့ အခွင့်အ‌ရေးမရဘူး။ အခုအချိန်မှာ အခက် အခဲ‌တွေများ‌တော့ အပြင်မှာသွားပြီး အလုပ်လုပ်ဖို့ ဘာမှမလုပ်တတ်ဘူး။ ဒုက္ခသည်‌တွေကို ပြန်ပို့မယ်ကြား‌တော့ ဒီအ‌ပေါ်မှာ တကယ်ပဲ သူတို့ပြန်ခဲ့ရင် အခုအ‌ခြေအ‌နေက မ‌သေချာ မ‌ရေရာ‌သေးဘူး။ အစိုးရနဲ့ ‌ကေအဲန်ယူ ပဏာမအပစ်ခတ်ရပ်စဲ‌ရေး လုပ်‌နေပြီးဆို‌ပေမဲ့ ကရင်ပြည်နယ်မက တခြားတိုင်းရင်းသား‌တွေ ‌နေတဲ့‌နေရာမှာ စစ်ပွဲ‌တွေ အကြမ်းဖက်မှု၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ရှိ‌နေတုန်းပဲ။ တချို့ဒုက္ခသည်‌တွေက စခန်းမှာအ‌နေကြာပြီမို့ သူတို့ပြန်ဖို့ ‌နေရာ‌ဒေသ မရှိ‌တော့ဘူး။ သူတို့အ တွက် စီစဉ်‌ပေးတယ်‌ပြော‌ပေမယ့် မ‌သေချာ‌သေးပါဘူး။ ဒုက္ခသည်စခန်းမှာ ကူညီ‌ထောက်ပံ့မှု‌တွေ ‌လျှော့လိုက်‌တော့ ကျမတို့ အခက်အခဲ‌တွေ ပိုပိုတိုးလာတယ်။ ကျန်းမာ‌ရေးမှာ ‌ဆေးဝါးလည်း မလုံ‌လောက်ဘူး။ ဆိုးရွားတဲ့‌ရောဂါ‌တွေဆိုရင် စခန်းမှာ ကုမရ လို့ စခန်းအပြင်က မဲ့စရင်းကိုသွားဖို့လည်း စခန်း‌ဆေးရုံဝန်ထမ်း‌တွေ ကားမစီစဉ်‌ပေးနိုင်‌တော့ဘူး။ ပညာ‌ရေးလည်း ကူညီ ‌ထောက်ပံ့မှု‌တွေ‌လျှော့လာ‌တော့ ကျမတို့ဒုက္ခသည်‌တွေကို လစ်လျူရှူထားသလို ခံစားရတယ်။ ကျမတို့ လိုချင်တာက လူမှုအဖွဲ့ အစည်းနဲ့ တခြားအဖွဲအစည်း‌တွေအားလုံး ကျမတို့ဒုက္ခသည်‌တွေကို ဆက်လက် ‌စောင့်‌ရှောက်ပါ။ ဒုက္ခသည်‌တွေရဲ့အ‌ကြောင်း ကို ‌ဆွေး‌နွေးပြီး ဆက်လက်ကူညီ‌ထောက်ပံ့မှု‌ပေးပါ။ အစိုးရနဲ့ ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု လုပ်သွား‌ပေမယ့် ငြိမ်းချမ်း ‌ရေး အစစ်အမှန် မရှိ‌သေးဘူး။ ဒါ‌ကြောင့် ကျမတို့ဒုက္ခသည်‌တွေရဲ့အသံနဲ့ ကျမတို့ လိုအပ်ချက်ကို နား‌ထောင်‌စေချင်တယ်။ ဘာပဲလုပ်လုပ် တွန်းအား‌ပေးပြီး လုပ်ခိုင်းတာမျိုး မဖြစ်ချင်ဘူး။ ကျမတို့သ‌ဘောထားအ‌ပေါ်မှာပဲ မူတည်‌စေချင်တယ်။ ဘာပဲလုပ် လုပ် ဒုက္ခသည်‌တွေရဲ့သ‌ဘောထားကို‌မေးပြီးမှာဆုံးဖြတ်‌စေချင်တယ်။ မက်ဖာလွန်(Mae Fah Long Foundation) ‌မေးတဲ့‌မေး ခွန်း‌တွေကလည်း မ‌ဖြေ ချင်တဲ့‌မေးခွန်း‌တွေ။ အတင်းပြန်ခိုင်းတာ‌တွေ မလုပ်‌စေချင်ဘူး။ စစ်အစိုးရပဲဖြစ်ဖြစ် ‌ကေအဲန်ယူပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမဆို ဒုက္ခသည်အ‌ပေါ်မှာ ဆုံးဖြတ်ချက်ချရင် ဒုက္ခသည်‌တွေရဲ့ အဆုံးအဖြတ်နဲ့ သ‌ဘောထားကို‌မေးပြီးမှ၊ ကျမတို့ သ‌ဘောတူကြည်ဖြူမှ ဆုံးဖြတ်‌စေချင်ပါတယ်။

‌စော‌ကျော်‌ကျော်စိန် ၂၃နှစ် (ထမ်းဟင်စခန်း ဒုက္ခသည်)

‌ကော်သူး‌လေကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးအဖွဲ့ (Kawthoolei Department of Health Welfare – KDHW)
ကျ‌နော်တို့ စခန်းမှာကျ‌တော့ လူငယ်‌တွေအ‌နေနဲ့ ပညာ‌ရေး ကျန်းမာ‌ရေးအရဆို တခြားစခန်း‌တွေထက်ကို နည်းနည်း နိမ့်ကျ‌နေ တယ်လို့ ထင်တယ်။ ‌နောက်ပြီး‌တော့ ဒုက္ခသည်စခန်းကလူ‌တွေဆို ဘယ်သွားသွား လူအထင်အမြင်‌သေးတာ ခံရတယ်။ စခန်း မှာ‌နေရတာ စီးပွား‌ရေးအဆင်မ‌ပြေဘူး၊ အခွင့်အ‌ရေးလည်း မရှိဘူးဆိုတဲ့အခါကျ‌တော့ ဒီမှာအချိန်အကြာကြီး‌နေဖို့ ‌တော်‌တော် ‌လေးကို ခက်ခဲပါတယ်။ စား‌ရေး‌သောက်‌ရေးကျ‌တော့ သူများ‌ထောက်ပံ့တာပဲ စားရတာဆို‌တော့ မ‌လောက်ဘူး‌လေ။ အဲဒီ‌တော့ တစ်ချို့အပြင်အလုပ် ထွက်လုပ်ကြတယ်။ အခုဆို စခန်းမှာ ဘယ်သူမှမ‌နေချင်ကြ‌တော့ဘူး၊ တစ်ချို့က တတိယနိုင်ငံ သွားချင် တယ်။ တစ်ချို့က ထိုင်းနိုင်ငံမှာပဲ‌နေချင်တယ်။ အနည်းစုကသာ မြန်မာကိုယ်‌နေတဲ့‌နေရာဆီ ပြန်‌နေချင်ကြတယ်။ ကျ‌နော်က ‌တော့ ရှင်းရှင်းပါပဲ မပြန်ပါဘူး။ ပြန်လို့ရှိရင်လည်း သူတို့‌ပေးထားအိမ်မှာပဲ‌နေ၊ အရင်းအနှီးမရှိ လုပ်ကိုင်စား‌သောက်ဖို့ ‌မြေ‌နေရာ လည်း မရှိ‌တော့ဘူး။ ကျ‌နော်တို့ဒီမှာ‌နေရတာ နည်းနည်း‌တော်‌သေးတယ်။ ကျ‌နော်တို့ထက် အ‌ခြေအ‌နေ ဆိုးတဲ့သူ‌တွေ ရှိပါ တယ်။ အဲဒါကိုပဲ အရင်‌ပြေလည်‌အောင် ‌ဖြေရှင်း‌ပေးပါအုံးလို့ ကျ‌နော်‌ပြောချင်ပါတယ်။ ကျ‌နော်တို့လို လူငယ်‌တွေအ‌နေနဲ့က ‌တော့ တတိယနိုင်ငံထွက်ချင်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ရဲ့ဘဝကို ပိုမို‌ကောင်းမွန်‌အောင် ပြန်လည်ထူ‌ထောင်ချင် တယ်။ ပညာ‌ရေး‌ရော‌ပေါ့။ အဲဒါမှ ကျ‌နော်တို့ တိုးတက်မှုရှိမှာ‌လေ။ ဒီမှာပညာသင်ရတာက ကျ‌နော်တို့‌ကျောင်းပြီးရင် အလုပ်လုပ် ဖို့က ဘဝအာမခံချက်မရှိဘူး။ ကျ‌နော်တို့သင်ရတဲ့ ပညာ‌ရေးကလည်း အစိုးရ‌တွေ နိုင်ငံတကာက‌နေ အသိအမှတ်ပြုထားတာ မရှိတဲ့အခါကျ‌တော့ ‌တော်‌တော်‌လေး အခက်အခဲရှိပါတယ်။

‌နောက်ပြီးစခန်းမှာကျ‌တော့ လူသစ်လူ‌ဟောင်းခွဲခြားတာရှိပါတယ်။ တတိယနိုင်ငံသွားဖို့အတွက်ဆို အဲဒါ‌တွေက အခက်အခဲရှိပါ တယ်။ အဲလိုမျိုး‌တော့ မခွဲခြား‌စေချင်ပါဘူး၊ မြန်မာပြည်ပြန်ပို့မယ်ဆိုလည်း ဒုက္ခသည်‌တွေက‌တော့ ပြန်ရမှာပဲ။ ဒါ‌ပေမယ့် မြန်မာ ပြည်ပြန်ရင် ဟိုမှာလုပ်ကိုင်စား‌သောက်ဖို့ ‌မြေ‌နေရာ‌တွေ အရင်းအနှီး‌တွေ ထုတ်‌ပေးမယ်ဆိုရင်‌တော့ ပြန်ဖို့ဖြစ်နိုင်ပါတယ်။ အဲလိုမဟုတ်ရင် ပြန်ဖို့ကို လုံးဝ မဖြစ်နိုင်‌သေးပါဘူး။

‌နော်လယ်ထူး ၄၅ နှစ် (မယ်လစခန်းဒုက္ခသည်)
‌ကျောင်းဆရာမ

ကျမအ‌နေနဲ့ ဒီစခန်းမှာ‌နေလာတာ ၅နှစ်ရှိပါပြီ။ အချိန်ကြာလာတဲ့အမျှ ကျမအပါအဝင် ဒီမှာရှိတဲ့ လူ‌တော်‌တော်များများက စိတ်ဖိစီးမှု ‌တော်‌တော်များများ ခံစားလာခဲ့ရပါတယ်။ ဒီကြားထဲမှာ ပိုပြီးစိတ်ဖိစီးတာက ကျမတု့ိကို ‌နေရပ်ပြန်လည် ပို့‌ဆောင်‌ရေး ပ‌ရောဂျက်ကြီးပါပဲ။ ပြန်ဖို့ဆိုတာက ဒုက္ခသည်‌တွေအ‌နေနဲ့ ဘယ်သူမှမပြန်ချင်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ‌နောက်ပြီး‌တော့ပြန်လို့လည်းမရနိုင်တဲ့ အ‌ခြေအ‌နေရှိတယ်‌လေ။ အခုတိုင်းရင်းသား‌ဒေသ‌တွေမှာ ဖြစ်‌နေတာ‌တွေ ‌တောင် မ‌ပြောနဲ့။ အခုလက်ရှိ ရန်ကုန်မှာဖြစ်‌နေတဲ့ လူ‌နေအိမ်‌တွေကို အတင်းဖျက်သိမ်း‌ရွှေ့‌ပြောင်းခိုင်းတာ‌တွေ ကြားရတယ်။

အဲဒီလို မြို့လယ်‌ခေါင်မှာ‌တောင်မှ လူ့အခွင့်‌ရေးချိုး‌ဖောက်တာခံရတာ‌တွေကို အစိုးရကလျစ်လျူရှုနိုင်ရင် ကျမတို့အ‌နေနဲ့ အစိုးရ ကို ဘယ်လိုမှ ယုံကြည်စရာမရှိပါဘူး။ ဘာအာမခံချက်မှလည်းမရှိဘူး။ ဘယ်လိုမှယုံကြည်လို့မရတဲ့ အ‌ခြေအ‌နေမျိုးမှာ‌တောင် အခု‌နေရပ်ကို အတင်းအကြပ်ပြန်ဖို့ကို လုပ်‌ဆောင်‌နေတာ‌တွေ ‌တွေ့ရတဲ့အခါကျ‌တော့ ကျမတို့လို ဒုက္ခသည်‌တွေအ‌နေနဲ့ ‌တော်‌တော်‌လေးကို စိတ်ဖိစီးမှုခံရပါတယ်။ ယူအဲန်လက်မှတ်ရှိသူ‌ရော မရှိသူ‌ရော‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ ယူအဲန်လက်မှတ်ရှိ လည်း ပြန်ပို့ရင်ပြန်ရမှာပဲ‌လေ။ ကျမတို့အ‌နေနဲ့ကလည်း ထိုင်းမှာချည်း‌နေဖို့ကျ‌တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ မြန်မာပြည်ပြန်ဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ အဲဒီ‌တော့ ပြန်ပို့ရင်ပြန်ရမယ်ဆို‌တော့ ဒုက္ခသည်‌တွေအ‌နေနဲ့ အ‌တော်‌လေး စိတ်ဒုက္ခ‌ရောက်‌နေကြ တယ်။ ‌နောက်ပြီး‌တော့ အခုစခန်း‌တွေမှာ မက်ဖာလွန် (Mae Fah Long Foundation – MFLF) က လာပြီး‌တော့ စာရင်း ‌ကောက်တယ်။ ပြန်မှာလား၊ ဆက်‌နေမလား၊ သွားမလား‌ပေါ့ ။ ကျမတို့အ‌နေနဲ့ ကျမတို့ရဲ့ သ‌ဘောထား‌တွေကို ဟိုလွန်ခဲ့တဲ့ ၂နှစ်ကတည်းက ရပ်ကွက်အလိုက်ကို ပြတ်ပြတ်သားသား သ‌ဘောထား‌ပေးခဲ့ပြီးပြီပဲ။ အဲဒီမှာ ကျမတို့ ဒုက္ခသည်‌တွေအတွက် မှန်မှန်ကန်ကန်၊ တိတိကျကျနဲ့ လုပ်‌ဆောင်ခဲ့မယ်ဆိုရင် ဒီမက်ဖာလွန်ဆိုတာချည်းက လာစရာအ‌ကြောင်းကို မရှိပါဘူး။