Home သတင်း ကရင်ဒုက္ခသည်စခန်းများ တွင် ‌ကျောင်းဆရာ/မ ၅၀၀‌ကျော် ‌လျော့နည်းလာ

ကရင်ဒုက္ခသည်စခန်းများ တွင် ‌ကျောင်းဆရာ/မ ၅၀၀‌ကျော် ‌လျော့နည်းလာ

1986
ဇွန်လ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ၂၀၁၃ခုနှစ် ပညာသင်နှစ်အတွက် ‌ကျောင်းဆရာ/မ ၅၀ဝဦး‌ကျော် ‌လျော့နည်းသွားသည်ဟု ယ‌နေ့ မယ်လဒုက္ခသည်စခန်း၌ ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့အခမ်းအနားတွင် ကရင်ဒုက္ခသည်များ ‌ကော်မတီ(KRC)က ‌ပြောကြားလိုက်သည်။

ဒုက္ခသည်စခန်းများတွင် ပညာ‌ရေးဝန်ထမ်းများဖြစ်သည့် ‌ကျောင်းဆရာ/မများ ‌လျော့နည်းသွားရသည့် အဓိက အ‌ကြောင်းရင်းမှာ လစာနည်းခြင်း၊ တတိယနိုင်ငံသို့ ထွက်သွားခြင်း၊ မြန်မာပြည်သွားခြင်းနှင့် အခြားအလုပ်များ ‌ပြောင်းလုပ်ခြင်း စသည်တို့‌ကြောင့် ဖြစ်သည်ဟု KRC ၏ တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌မေလတုန်းက လုပ်တဲ့ နှစ်လတစ်ကြိမ် KRC အစည်းအ‌ဝေးမှာ ‌ကျောင်းဆရာ၊ ဆရာမ‌တွေ ဦး‌ရေအဲ‌လောက်ထိ ကျသွားတာကို ကျမတို့ ‌တွေ့ရတယ်။ ပညာ‌ရေးပိုင်းကို‌တော့ အဲ‌လောက် ထိခိုက်တာ‌တော့ မရှိဘူး။ ဒါ‌ပေမယ့် လူဦး‌ရေနည်းသွားတဲ့အ‌ပေါ် ‌ကျောင်းဆရာ၊ ဆရာမ‌တွေဟာ အရင်ကထက် လုပ်အားပိုစိုက်ရမှာ‌ပေါ့”ဟု ‌နော်ဘလူးမင်းနိုက်ဇန်က ‌ပြောဆိုသည်။

မယ်လဒုက္ခသည်စခန်း၌ ယ‌နေ့နံနက် ၇မှ ၁ဝနာရီ‌ကျော်အထိ ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် အခမ်းအနား တက် ‌ရောက်သည့် စခန်းအတွင်းရှိ ‌ကျောင်းသူ‌ကျောင်းသားများ၊ တာဝန်ရှိသူများအပါအဝင် ဒုက္ခသည်များကို ကူညီ‌ပေးသည့်အဖွဲ့များ၊ ထိုင်းအာဏာပိုင်များနှင့် ဧည့်သည်‌တော် စုစု‌ပေါင်း ၃,၀၀၀‌ကျော်ကို ‌ကျောင်း ဆရာ/မ ‌လျော့နည်းသွားခြင်းကိစ္စအ‌ပေါ် သူမက ထိုသို့ ‌ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘမ့်ဒုံယန်းနှင့် ထမ်းဟင်စခန်းများတွင် ပုံမှန်အားဖြင့် ‌ကျောင်းဆရာ/မ ဦး‌ရေ ၃,၅၀၀‌ကျော်ရှိခဲ့ရာမှ ၂၀၁၃ခုနှစ်တွင် ၅၀၀‌ကျော်‌လျော့နည်းသလို လာမည့်နှစ်၌လည်း ‌ကျောင်းဆရာ/မ ဦး‌ရေသည် ယခုနှစ်ကဲ့သို့ပင် ရှိနိုင်‌ကြောင်း KRC က ဆိုသည်။

လက်ရှိ ၎င်းဒုက္ခသည်စခန်းများအတွင်းရှိ စာသင်‌ကျောင်းများတွင် စာသင်ကြား‌နေရသည့် ‌ကျောင်းဆရာ/မများ၏ အ‌ခြေခံလစာ မှာ ထိုင်းဘတ်‌ငွေ ဘတ် ၇၀ဝမှ ၁,၀၀ဝအထိသာရှိ‌ကြောင်း သိရသည်ဟုလည်း ‌နော်ဘလူးမင်းနိုက်ဇန်က ဖြည့်စွက်‌ပြောဆို သည်။
Refugee students
ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့တွင် ဒုက္ခသည်များအား မြန်မာပြည်တွင်းသို့ ပြန်လည်‌နေရာချထား‌ရေးကိစ္စနှင့် ပတ်သက်၍ KRC အပြင် မယ်လစခန်းတာဝန်ရှိသူများနှင့် ဒုက္ခသည်များက ယခုအချိန်တွင် အပစ်အခတ်ရပ်စဲ‌ရေး ကာလဖြစ် ‌သော်လည်း ခိုင်မာတိကျပြီး တည်ငြိမ်သည့်ကာလ မဖြစ်‌သေးသည့်အတွက် ပြန်လည်‌နေရာချထား‌ရေးကိစ္စ မဖြစ်နိုင်‌သေး ‌ကြောင်း ၎င်းတို့၏သ‌ဘောထားကို ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၀ဝခုနှစ်၊ ဒီဇင်ဘာလ ၄ရက်‌နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံက ဇွန်လ ၂ဝရက် ‌နေ့ကို ကမ္ဘာ့ဒုက္ခသည်များ‌နေ့အဖြစ် သတ်မှတ်ရန် စတင် အတည်ပြုခဲ့ပြီး ၂၀၀၁ခုနှစ်မှစ၍ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ကမ္ဘာ့နိုင်ငံ တဝှမ်း၌ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများအပြင် ကရင်ဒုက္ခသည်စခန်း နှစ်ခုဖြစ်သည့် အမှတ်(၁)နှင့် အမှတ်(၂) စခန်းတို့တွင်လည်း ကျင်းပပြုလုပ်သည်ဟု သိရသည်။