Home သတင်း BPHWT နှင့် PEDU တို့ ‌ကျေးရွာ အကျိုးပြု အရန်သားဖွားသင်တန်း ပူးတွဲလုပ်‌ဆောင်

BPHWT နှင့် PEDU တို့ ‌ကျေးရွာ အကျိုးပြု အရန်သားဖွားသင်တန်း ပူးတွဲလုပ်‌ဆောင်

1549
မတ်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC05109နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ -BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ်-PEDU တို့ အမှတ်စဉ် (၁) ‌ကျေးရွာအကျိုးပြု အရန်သားဖွား သင်တန်းကို မတ်လ ၃၁ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စတင်၍ ပူးတွဲလုပ် ‌ဆောင်လိုက်သည်။

အဆိုပါသင်တန်းကို ဘားအံမြို့နယ် လှာကမြင်‌ကျေးရွာအုပ်စု၊ ‌တောင်က‌လေး‌ကျေးရွာတွင် ယ‌နေ့ ဖွင့်လှစ်လိုက်ရာ BPHWT ဒါရိုက်တာ‌စောဝင်း‌ကျော်၊ ကရင်ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာနမှူး ‌ဒေါက်တာဝင်းနိုင်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် သူနာပြု ဆရာမများ၊ သင်တန်းသူများ အပါအဝင် စုစု‌ပေါင်း ၄ဝဦး တက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတွင် ‌ဒေါက်တာဝင်းနိုင်က “‌ကျေးရွာတိုင်းမှာ အရံသားဖွား‌တွေ ရှိရမယ်ဆိုပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်ထားပါတယ်။ ကျ‌နော်တို့ ကျန်းမာ‌ရေးမှာက ရန်သူ၊ မိတ်‌ဆွေမရှိပါဘူး။ ကျ‌နော်တို့နိုင်ငံမှာက ဆရာဝန်၊ ဆရာမ‌တွေအပြင် အရံသားဖွား‌တွေ လည်း အများကြီးလိုအပ်ပါတယ်။ လက်ရှိမှာ အ‌ပြောင်းအလဲကာလမို့ ငြိမ်းချမ်း‌ရေးအတွက်ကို ကျန်းမာ‌ရေးက တံတားတစင်း သဖွယ်ဖြစ်‌အောင် လုပ်သွားချင်ပါတယ်”ဟု ‌ပြောသည်။

DSC05093သင်တန်းကို ‌တောင်က‌လေး‌ကျေးရွာ၊ ဦး‌တေနလမ်းတွင် ပြုလုပ်ကာ ဝါရင့်သင်တန်းနည်းပြ အငြိမ်းစားဆရာမ ‌နော်ဟယ်လင်ရင် အပါအဝင် သူနာပြုဆရာ၊ ဆရာမများက ၇လကြာပို့ချသွားမည်ဖြစ်ပြီး ဘားအံနှင့် ‌ကော့ကရိတ်မြို့နယ်မှ သင်တန်းသူ ၂ဝဦး တက်‌ရောက်သင်ယူသွားမည် ဖြစ်သည်။

‌ကော့ကရိတ်မြို့နယ် ‌လောင်းကိုင်‌ကျေးရွာမှ သင်တန်းလာတက်သူ နန်းအဲမွီက “ဒီသင်တန်းကို တက်ရတာက ကိုယ့်မိသားစု၊ ကိုယ့်‌ကျေးရွာနဲ့ အနီးဝန်းကျင်က ‌ကျေးရွာ‌တွေမှာ မြို့နဲအလှမ်း‌ဝေးပြီး က‌လေးလူကြီးအားလုံး ‌ဆေးသွားကုသရတာ အရမ်း ခက်ခဲတယ်။ ဒါ‌ကြောင့် ကျမအ‌နေနဲ့ ပြန်လုပ်‌ပေးသွားဖို့ ရည်ရွယ်ချက်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုသင်တန်းကို ပို့ချမှု(သီအိုရီ)ပိုင်းအဖြစ် ‌လေးလသင်ကြားသွားပြီး‌နောက် ကျန်သုံးလကို လက်‌တွေ့ပိုင်းအဖြစ် ကွင်းဆင်း ‌လေ့လာ‌ပေးသွားမည်ဖြစ်ပြီး အလားတူ သင်တန်းမျိုးကိုလည်း ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း BPHWT ဒါရိုက် တာ ဆရာ‌စောဝင်း‌ကျော်က ‌ပြောသည်။