Home သတင်း ကရင့်အနာဂတ် တည်‌ဆောက်‌ရေး အ‌ကောင်အထည်‌ဖော်ရန် ၃၇ဦးပါ ‌ကော်မတီ ဖွဲ့စည်း

ကရင့်အနာဂတ် တည်‌ဆောက်‌ရေး အ‌ကောင်အထည်‌ဖော်ရန် ၃၇ဦးပါ ‌ကော်မတီ ဖွဲ့စည်း

1564
မတ်လ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

-4
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် မတ်လ ၂၉ရက်မှ ၃ဝရက်အထိ ကျင်းပပြုလုပ်သည့် ကရင့်‌ရေးရာ အစည်းအ ‌ဝေးမှ ကရင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာလှပ‌ရေးကို တည်‌ဆောက်နိုင်ရန်အတွက် ၃၇ဦးပါ ‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်‌ကြောင်း ယ‌နေ့ သ‌ဘောထားထုတ်ပြန်လိုက်သည်။

၎င်း‌ကော်မတီကို “ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ”ဟု ‌ခေါ်‌ဝေါ်ပြီး အဆိုပါ အစည်းအ‌ဝေးတွင် ‌ဆွေး ‌နွေးခဲ့သည်များကို ဆက်လက်၍ လက်‌တွေ့ အ‌ကောင်အထည်‌ဖော်သွားမည့် လုပ်ငန်းအဖွဲ့အဖြစ် တက်‌ရောက်လာသူ ကိုယ်စား လှယ်များထဲမှ ‌ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီ‌ကော်မတီဟာ တကယ် အလုပ်လုပ်ရမဲ့သူ‌တွေဖြစ်တယ်။ ‌နောက်ပြီး ‌ဒေသအသီးသီး၊ အဖွဲ့အစည်း အသီးသီးက ကရင်‌ခေါင်း ‌ဆောင်‌တွေ ပါဝင်တာမို့ လက်‌တွေ့ကျကျ လုပ်‌ဆောင်သွားရမဲ့ အဖွဲ့လည်း ဖြစ်ပါတယ်”ဟု သဘာပတိ အရှင်စန္ဒာဝရက အစည်းအ‌ဝေး ဒုတိယ‌နေ့တွင် မြွက်ကြားခဲ့သည်။

ယ‌နေ့ ထုတ်ပြန်သည့် ကရင့်‌ရေးရာအစည်းအ‌ဝေး၏ သ‌ဘောထား‌ကြေညာချက်တွင် ကရင်အမျိုးသား စည်းလုံးညီညွှတ်မှုဆိုင် ရာ အ‌ကောင်အထည်‌ဖော်‌ဆောင်မှုများတွင် အဖွဲ့အစည်းအသီးသီးမှ ပူး‌ပေါင်း‌ဆောင်ရွက်သွားကြမည်ဖြစ်ပြီး စာ‌ပေ၊ ယဉ်‌ကျေးမှု နှင့် ဘာသာစကားဆိုင်ရာ ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်။

ထို့အပြင် စစ်မှန်တည်တံ့‌သော ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ခိုင်မာ‌သော အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာများ၊ ကရင်လူထုတစ်ရပ် လုံးကို အာမခံချက်‌ပေးနိုင်သည့် နိုင်ငံ‌တော် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေဆိုင်ရာနှင့် သယံဇာတ ထုတ်ယူသုံးစွဲမှုဆိုင်ရာ ‌ရှေ့လုပ်ငန်း စဉ် ၅ရပ်ကို တက်‌ရောက်လာသူ ကိုယ်စားလှယ်များ၏ သ‌ဘောတူညီချက်ဖြင့် ချမှတ်ခဲ့သည်။

ကရင့်အနာဂတ်အ‌ရေးနှင့်ပတ်သက်၍မူ နိုင်ငံ‌ရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပူး‌ပေါင်း‌ဆောင်ရွက်မှု၊ အမျိုး သမီး အခွင့်အ‌ရေး အပါအဝင် ကရင်အမျိုးသားတို့၏ ဘဝအာမခံချက်၊ လုံခြုံ‌ရေးနှင့် အုပ်ချုပ်‌ရေးဆိုင်ရာ ဥပ‌ဒေ ‌ရေးဆွဲပြဌာန်း ခြင်းများကိုလည်း ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

အစည်းအ‌ဝေးအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် ဆရာ‌စော‌ကျော်စွာက “ကျ‌နော်တို့ ဒီအစည်းအ‌ဝေး ‌ဆွေး‌နွေးတဲ့အထဲမှာ အဓိက အချက်သုံးချက်‌ပေါ့။ ပထမဆုံးက ကရင်အမျိုးသား စည်းလုံးညီညွှတ်‌ရေး၊ ‌နောက် ပြီး စစ်မှန်ပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်‌ရေးနဲ့ ‌နောက်တခုက ကရင့်အနာဂတ်‌ရေး ဆိုပြီး‌တော့ ဒီသုံးခုစလုံး က တခုနဲ့တခု ချိတ်ဆက်ရင်းနဲ့ တပြိုင်တည်း ‌ဖော်‌ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီ၏အ‌မေးကို ‌ဖြေကြားခဲ့သည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက “ကျမအ‌နေနဲ့က ကိုယ့်ရဲ့ မြို့ရွာအလိုက်ပဲဖြစ်ဖြစ် ‌ဒေသအလိုက်ကို ‌ကျေးရွာမှာရှိတဲ့ လူထုအဆင့်ထိကို ‌ရောက်နိုင်ဖို့အတွက်က ဒီမှာတက်‌ရောက်လာတဲ့ ဘာသာ‌ရေး‌ခေါင်း ‌ဆောင်‌တွေ‌ရော၊ ဦး‌ဆောင်ဦးရွက် လုပ်‌ပေး‌နေတဲ့ ဒီအရပ်ဖက်လူ့အဖွဲ့အစည်း‌တွေ အကုန်လုံး‌ပေါ့‌နော် ပြန်ပြီး‌တော့ ရှဲ(ဖလှယ်) လုပ်‌ပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်”ဟု ‌ပြောဆိုသည်။

ဆွစ်ဇာလန်သံရုံး၏ ‌ထောက်ပံ့ကူညီမှုဖြင့် ပြုလုပ်ခဲ့သည့် နှစ်ရက်တာ ကရင့်‌ရေးရာ အစည်းအ‌ဝေးကို ဖြစ်‌မြောက်‌ရေး‌ကော်မတီ ၁၁ဦးဖြင့် ‌ဆောင်ရွက်ခဲ့ကြပြီး ‌ရှေ့ဆက် လုပ်‌ဆောင်သွားရန် အထက်ပါ‌ကော်မတီသစ်ကို ထပ်မံ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အစည်းအ‌ဝေးသို့ မြန်မာနိုင်ငံအရပ်ရပ်ရှိ ကရင်ဘာသာ‌ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ရဟန်းသံဃာ‌တော်များ၊ သိက္ခာ‌တော်ရ ဆရာ‌တော်များ၊ ကရင့်နိုင်ငံ‌ရေး အဖွဲ့အစည်းများ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် အခြားနိုင်ငံ‌ရေးပါတီများမှ ကရင်များ၊ အစိုးရနှင့် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေကြ‌သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်နယ်ခြား‌စောင့်တပ်များ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုအသင်းအဖွဲ့များ၊ လူထုအ‌ခြေပြုအဖွဲ့များ၊ ကရင်လူငယ်၊ ကရင်အမျိုးသမီး အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ ကရင်ရပ်မိရပ်ဖများ၊ နိုင်ငံခြား‌ရောက် ကရင်အမျိုးသားနှင့် ‌လေ့လာသူများ အပါအဝင် စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြ သည်။