Home သတင်း ဩစ‌တြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

ဩစ‌တြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

1825
မတ်လ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Photo-Jade Land copyနယူးဇီလန်နိုင်ငံမှတဆင့် ဩစ‌တြေးလျားနိုင်ငံသို့ အလည်အပတ် ‌ရောက်ရှိ‌နေသည့် မြန်မာသမ္မတ ဦးသိန်းစိန် ကို ဩစ‌တြေးလျား‌ရောက် မြန်မာနိုင်ငံသား ၂၀ဝ ‌ကျော်က ယ‌နေ့ ဆန္ဒပြခဲ့ကြသည်။

သမ္မတဦးသိန်းစိန်ကို ဩစ‌တြေးလျားနိုင်ငံ၊ ကင်ဘာရာမြို့‌တော်ရှိ ဘုရင်ခံချုပ်အိမ်‌ရှေ့တွင် ‌နေ့လည် ၁၂ နာရီ မှ ၂နာရီအထိ တကြိမ်၊ ပါလီမန်အ‌ဆောက်အဦး‌ရှေ့တွင် ည‌နေ ၂နာရီခွဲမှ ၃နာရီအထိ တကြိမ် ဆန္ဒပြသူများက အချက် ၇ချက်ပါဝင်သည့် ‌တောင်းဆိုချက်နှင့်အတူ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲသို့ ‌ရောက်ရှိ‌နေသည့် ‌ကေအိုင်စီသတင်း‌ထောက် ‌စော‌ကျော်ခွီးက ‌ပြောဆိုသည်။

၎င်းက “ဘုရင်ခံက ဦးသိန်းစိန်ကို သူ့အိမ်ကို ဖိတ်တယ်‌လေ။ အဲဒီအိမ်ကို ‌ရောက်ချိန်မှာ ဆန္ဒပြသူ‌တွေ စတင် ‌ကြွေး‌ကြော် ဆန္ဒပြကြတာပါ။ သမ္မတဘက်က ဆန္ဒပြသူ‌တွေကို ဘာမှ တုံ့ပြန် မသွား‌ပေမယ့် သမ္မတ‌နောက်ကို ပါလာတဲ့ စကိုင်းနက်မီဒီယာက တာဝန်ခံ ဦး‌ကျော်ဝင်းက ထွက်လာတယ်။ ဆန္ဒပြသူ‌တွေဘက်က သူတို့‌တောင်း ဆိုထားတဲ့ အချက်‌တွေကို သမ္မတကို ‌ပေးဖို့ သူက‌နေတဆင့် အိတ်ဖွင့်‌ပေးစာ ‌ပေးလိုက်တယ်”ဟု ‌ပြောသည်။

သမ္မတ ဦးသိန်းစိန်အား ‌ပေးရန် ဦး‌ကျော်ဝင်ထံမှတဆင့် ‌ပေးလိုက်သည့် အဆိုပါ အိတ်ဖွင့်‌ပေးစာတွင် မြန်မာနိုင် ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ဖျက်သိမ်း‌ရေး၊ နိုင်ငံ‌ရေးအကျဉ်းသား အားလုံး လွှတ်‌ပေး‌ရေး၊ တိုင်းရင်းသား‌ဒေသများ၌ ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်‌ပေး‌ရေး၊ ပြည်တွင်းငြိမ်းချမ်း ‌ရေး ရရှိ‌ရေးနှင့် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲ‌ရေး စသည့် ‌တောင်းဆိုချက်များ ပါဝင်သည်ဟု သိရသည်။

ယ‌နေ့ ဆန္ဒပြပွဲတွင် ဩစ‌တြေးလျာနိုင်ငံ‌ရောက် မြန်မာတိုင်းရင်းသားများအဖွဲ့မှ လူ ၁၀ဝ ‌ကျော်နှင့် ဘင်ဂါလီ ‌ခေါ် ရိုဟင်ဂျာအဖွဲ့မှ လူ ၇ဝ ‌ကျော်တို့ဖြင့် အုပ်စု (၂)ခုမှ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသားများပါသည့် အဖွဲ့တွင် Joint Action Committee for Democracy in Burma-JACDB က ဦး‌ဆောင်ခဲ့သည်ဟု ‌စော‌ကျော် ခွီးက ‌ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ JACDB မှ ဥက္ကဌ မန်း‌အောင်လန်းဒိုက “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး တည် ‌ဆောက်ပြီးမှ ဖွံ့ဖြိုး‌ရေး‌တွေ လုပ်သွားဖို့ လိုတယ်တာ အစိုးရဘက်က သိ‌အောင် ကျ‌နော်လာ‌ရောက် ဆန္ဒပြတာ ပါ။ အစိုးရဟာ တိုင်းရင်းသားအဖွဲ့‌တွေကို ဟိုတဖွဲ့၊ ဒီတဖွဲ့ လိုက်‌ဆွေး‌နွေးတာ မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့‌တွေ ကို ကိုယ်းစားပြုတဲ့ UNFC ၊ ‌နောက် ဒီမိုက‌ရေ စီအင်အားစု‌တွေကို သုံးပွင့်ဆိုင်အ‌နေနဲ့ ‌ဆွေး‌နွေးဖို့ တိုက်တွန်း ချင်တယ်”ဟု ‌ပြောဆိုသွားခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် ‌စောလွယ်မူးကလည်း “လူ့အခွင့်အ‌ရေးလိုက်နာကျင့်သုံး‌နေတဲ့ ဩစ‌တြေးလျားလို နိုင်ငံဟာ စစ်တပ်အ‌ရေခြုံထားတဲ့ ဦးသိန်းစိန် အစိုးရကို အကျိုးစီးပွားအတွက်ကြည့်ပြီး အခုလို လိုက်‌လျော‌နေ တာကို အံ့ဩမိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယ‌နေ့ ဒီဆန္ဒပြပွဲသည့် အုပ်စုနှစ်ခုမှာ ရည်ရွယ်ချက်ခြင်း မတူဘဲ ဆန္ဒပြသည့် တိုင်းရင်းသားအဖွဲ့သည် ဘုရာခံချုပ်အိမ်‌ရှေ့နှင့် ပါလီမန်အ‌ဆောက်အဦး‌ရှေ့ပါ ဆန္ဒပြကြခြင်းဖြစ်ပြီး ရိုဟင်ဂျာတို့ဘက်မှာ ပါလီမန် အ‌ဆောက်အဦး‌ရှေ့ တ‌နေရာတည်း၌သာ ဆန္ဒပြ‌ကြောင်းနှင့် ‌တောင်းဆိုလဲချက်လည်း မတူညီကြ‌ကြောင်း ‌စော‌ကျော်ခွီးက ဖြည့်စွက်‌ပြောသည်။

ဩစ‌တြေးလျားနိုင်ငံသို့ ‌ရောက်ရှိ‌နေသည့် သမ္မတ ဦးသိန်းစိန်သည် ဩစ‌တြေးလျား ဝန်ကြီးချုပ် မစ္စ ဂျူလီယာ ဂီးလတ်(Julia Gillard)နှင့် ‌တွေ့ဆုံခဲ့ပြီး ‌တွေ့ဆုံမှုအပြီးတွင် သတင်းစာရှင်းလင်းတရပ်ကျင်းပကာ ဩစ‌တြေး လျားဝန်ကြီးချုပ်ဘက်က မြန်မာနိုင်ငံအ‌ပေါ် အကူအညီ‌ပေးမည့် အစီအစဉ်သစ် အ‌ကြောင်း‌ပြောကြားခဲ့သလို နှစ်နိုင်ငံ တပ်မ‌တော်ချင်းဆက်ဆံ‌ရေးကိုလည်း ပြန်လည်စတင်မည်ဟု ‌ပြောကြားခဲ့သည်ဟု သမ္မတဦးသိန်းစိန် ၏ ‌ပြောခွင့်ရ ဦးရဲထွဋ် ‌ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ယ‌နေ့ ‌ဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန်သည် မနက်ဖြန် မတ်လ ၁၉ရက်‌နေ့တွင် ဩစ‌တြေးလျားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည် ဟု သိရသည်။