Home သတင်း ကရင်ပန်းချီဆရာများ စု‌ပေါင်း၍ ရန်ကုန်တွင် ပထမဆုံးအကြိမ် ပန်းချီပြပွဲပြုလုပ်

ကရင်ပန်းချီဆရာများ စု‌ပေါင်း၍ ရန်ကုန်တွင် ပထမဆုံးအကြိမ် ပန်းချီပြပွဲပြုလုပ်

4050
မတ်လ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

invite letterကရင်ပန်းချီဆရာများမှ စု‌ပေါင်း၍ ပန်းချီ၊ ပန်းပုပြပွဲ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အမှတ်-၁၆၁၊ ဗိုလ်ဆွန်ပက်လမ်းအလယ်ဘ‌လောက်၊ ပန်းဘဲတန်းမြို့နယ်တွင် မတ်လ ၁၅ ရက်‌နေ့မှ စတင်ကာ ၂၁ ရက်‌နေ့ ထိ ပြသမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါပြပွဲကို Karen Diary art group မှ ဦး‌ဆောင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကရင်ပန်းချီဆရာ၊ ဆရာမများ ၃၇ဦးက သီးသန့်အဖြစ် စု‌ပေါင်း၍ ပန်းချီးကား ၇၅ချပ်ကို ပြသခဲ့ခြင်းဖြစ်သည်။

“ဒီပြပွဲဟာ မြန်မာနိုင်ငံမှာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကိုယ့်ကရင်လူမျိုး ပန်းချီဆရာ‌တွေကို ‌ဖော်ထုတ်တာ လည်း ဖြစ်တယ်။ ပြီး‌တော့ ကရင်လူမျိုး‌တွေချည်း သီးသန့် စုစုစည်းစည်းနဲ့ ဒီလိုမျိုး ပြသချင်တဲ့အတွက် ပွဲကို စီစဉ်ရတာပါ”ဟု ပြပွဲဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်ပါဝင်သူ ကို‌စောမိုးဇက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပြပွဲတွင် ပန်းချီကားများအပြင် ဖိုက်ဘာပန်းပု သုံးခုကိုလည်း ပြသထားပြီး ကရင်လူမျိုးတို့၏ ဘဝဓ‌လေ့များ ကို အဓိကထား ‌ဖော်ညွှန်းထားကာ အ‌ကြောင်းအရာများကို ‌ရေ‌ဆေး၊ ဆီ‌ဆေး နှင့် A/C စသည့် လက်ရာများဖြင့် ချယ်မှုန်းပြသထားခြင်းဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

64185_417998144957641_196889720_n
ထို့အပြင် ၎င်းပြပွဲနှင့်ပတ်သက်၍ ပန်းချီဆရာတစ်ဦးဖြစ်သူ ‌စော‌အောင်‌ကျော်သူမှ “ အရင်က ကရင ်ပန်းချီ ဆရာကြီး‌တွေက ဒီလိုပွဲမျိုး‌တွေလုပ်ဖို့ ဆန္ဒရှိခဲ့ကြတယ်။

ဒါ‌ပေမယ့်မလုပ်နိုင်ခဲ့ဘူး။ လုပ်ချင်တာလည်းကြာပြီ။ အခုလို လုပ်နိုင်တာကို ပါဝင်ခွင့်ရတာလည်း အရမ်းဝမ်းသာ ‌ကျေနပ်မိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရက်သတ္တပတ်ကြာ ပြသမည့် ၎င်းပန်းချီပြပွဲကို ‌နေ့စဉ် နံနက် ၉ နာရီမှ ည‌နေ ၆ နာရီအထိ ပြသဖွင့်လှစ်သွား မည်ဖြစ်ပြီး ဝယ်လိုသူများရှိပါက ‌ဈေးညှိနှိုင်းကာ ‌ရောင်းချ သွားမည် ဖြစ်သည် ပြသပွဲတွင် ပါဝင်သည့် ပန်းချီ ဆရာ/မများက ဆိုသည်။

Karen Diary art group မှ ဦး‌ဆောင်ပြီး ရန်ကုန်တွင် ယခုလို ပြပွဲမျိုးကို ကျင်းပလာသည်မှာ ၃ ကြိမ်‌မြောက် ရှိပြီး ကရင်ပန်းချီဆရာ/မများက စု‌ပေါင်း၍ သီသန့်အ‌နေဖြင့် ကျင်းပမည့် အလားတူပြပွဲကို လာမည့်လများ အတွင်း ထပ်မံကျင်းပနိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု ကရင်ပန်းချီဆရာ/မများက ‌ပြောဆို‌နေကြသည်။