Home သတင်း ‌ကော်သူး‌လေ‌တောတွင်း‌ဆေး ဝန်ထမ်းများ ‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီးခဲ့

‌ကော်သူး‌လေ‌တောတွင်း‌ဆေး ဝန်ထမ်းများ ‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီးခဲ့

1482
မတ်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

JSMK-2012-students-singing-feb131ကရင်ပြည်နယ်အတွင်း (Free Burma Rangers-FBR)မှ တနှစ်ကြာမြင့်သည့် ‌ကော်သူး‌လေ‌တောတွင်း‌ဆေးသင် တန်း‌ကျောင်း (JSMK) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၈ရက်‌နေ့က ကျင်းပပြုလုပ် ပြီးစီးခဲ့‌ကြောင်း ၎င်းတို့၏ အင်တာနက်စာမျက်နှာ ၌ ‌ဖော်ပြထားသည်။

JSMK ‌ဆေးသင်တန်း တက်‌ရောက်ခဲ့ကြသည့် ကရင်ပြည်နယ်ရှိ ‌ဒေသအသီးသီးမှ ကရင်လူငယ်သင်တန်းသား ၁၈ဦးများအ တွက် ပြုလုပ်သည့် ‌ဆေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ သင်တန်းဆရာများ၊ FBR မှ တာဝန်ရှိသူများ၊ ‌ဒေသဆိုင်ရာ ကရင် ‌ခေါင်း‌ဆောင်များနှင့် ‌ကျောင်းပတ်ဝန်းကျင်မှ ရွာသားများက တက်‌ရောက်အား‌ပေးခဲ့ကြသည်။

၁၂လ(တနှစ်)ကြာမြင့်သည့် ၎င်း‌ဆေးသင်တန်း၏ ပထမ ၂လတွင် ကိုယ်လက်ကြံ့ခိုင်‌ရေး၊ သချင်္ာ၊ အဂင်္လိပ်စာ၊ သိပ္ပံနှင့် လူနာ များ၏ ‌ရောဂါဇစ်မြစ် ‌လေ့လာမှုများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားခဲ့ရပြီး ‌နောက်ပိုင်း ၈လတွင် ကရင် ပြည်နယ်အတွင်းရှိ ‌ကျေးရွာများ၊ IDP နယ်‌မြေများရှိ ‌ဆေးခန်းများတွင် ကွင်းဆင်း‌လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်ဟု FBR က ‌ပြောသည်။

JSMK ၏ ကရင်‌ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Toh က “‌တော‌တောင်ထဲမှာ ပညာသင်ကြားရတာ အင်မတန်ကို ခက်ခဲတဲ့ဘဝပါ။ ဒါ‌ပေမယ့် သင်တန်းသားအားလုံးဟာ တနှစ်တာလုံးမှာ သင်တန်းဆရာ‌တွေနဲ့ ဝန်ထမ်း‌တွေ သင်ကြား‌ပေးခဲ့တာကို စိတ်ဝင်စား ကြတယ်။ အစားအ‌သောက်‌တွေကို ကိုယ်တိုင်သယ်ယူထမ်းပိုးပြီး သင်တန်း‌ကျောင်းကို လည်ပတ်သွားရ‌ပေမဲ့ ‌ကျောင်းသား‌တွေ ဟာ မငြီးငြူဘဲ အ‌ကောင်းဆုံး လုပ်သွားကြတယ်။ ဒါ ကရင်ပြည်နယ်ရဲ့ အနာဂတ် ကျန်းမာ‌ရေးလုပ်ငန်း တိုးတက်လာဖို့အတွက် ‌မျှော်လင့်ချက်ပါပဲ”ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း သင်တန်းဆင်း ‌ကျောင်းသူ‌ကျောင်းသားများက FBR အဖွဲ့ဝင်များ အ‌ခြေစိုက်သည့် ‌နေရာအနီး တဝိုက်တွင် ‌ဒေသအသီးသီးမှ လူနာများအား ‌ဆေးဝါးကုသမှုများ လုပ်‌ဆောင်‌ပေးခဲ့သည်။

FBR အဖွဲ့သည် မြန်မာပြည်၏ တိုင်းရင်းသား‌ဒေသများတွင် မြန်မာစစ်တပ်၏ အဖိနှိပ်ခံ‌နေရ‌သော ဌာ‌နေမဲ့ လူထုများအတွက် ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို လုပ်‌ဆောင်‌ပေး‌နေ‌သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။