Home သတင်း ဆု‌တောင်းပွဲကျင်းပရန် အစိုးရမှ တားမြစ်ခဲ့ခြင်းအ‌ပေါ် သံလွင် ချစ်သူများအဖွဲ့ ရှုတ်ချ

ဆု‌တောင်းပွဲကျင်းပရန် အစိုးရမှ တားမြစ်ခဲ့ခြင်းအ‌ပေါ် သံလွင် ချစ်သူများအဖွဲ့ ရှုတ်ချ

1876
မတ်လ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

Love Salween Group discussionကရင်နီ(ကယား)ပြည်နယ်၊ ဖါး‌ဆောင်းမြို့နယ်တွင် မတ်လ ၁၄ရက်‌နေ့က ကျ‌ရောက်‌သော နိုင်ငံတကာ မြစ်‌ချောင်းများဆိုင်ရာ လှုပ်ရှားမှု‌နေ့အထိမ်းအမှတ်အဖြစ် သံလွင်မြစ်ကမ်းပါးရှိ ဝမ်‌အောင်း‌ကျေးရွာတွင် ဆု‌တောင်းပွဲကျင်းပရန် စီစဉ်ခဲ့သည်ကို အစိုးရ အာဏာပိုင်တို့ တားမြစ်ခဲ့မှုကို ရှုတ်ချ‌ကြောင်း သံလွင်ချစ်သူများအဖွဲ့က ယ‌နေ့ ‌ကြေညာချက်ထုတ်ပြန်လိုက်သည်။

သံလွင်ချစ်သူများအဖွဲ့၏ တာဝန်ခံဖြစ်သူ ‌ဒေါ်‌လေးနွယ်က “‌ဒေသခံလူထုနဲ့စု‌ပေါင်းပြီး အဲဒီ‌နေ့မှာ ဆု‌တောင်းပွဲ‌တွေလုပ်ဖို့ ကြိုပြီး အစိုးရဆီ ခွင့်‌တောင်းထားတယ်။ ခွင့်ပြုမလိုလိုနဲ့ ‌နောက်ဆုံး‌တော့ နင်တို့အဖွဲ့က တရားဝင်အဖွဲ့ မဟုတ်ဘူးဆိုပြီး လုပ်ခွင့်မ‌ပေး ဘူး။ ဒီလို အသွင်ကူး‌ပြောင်း‌ရေးကာလမှာ ဆု‌တောင်းပွဲ‌လေး‌တောင် ပိတ်ပင်တဲ့အတွက် ရှုတ်ချတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ဆု‌တောင်းပွဲကျင်းပနိုင်ရန် ရည်ရွယ်၍ ယခု မတ်လ ၃ရက်‌နေ့က ၎င်း‌ဒေသရှိ ‌ဘောလ်ခဲခရိုင် အစိုးရအာဏာပိုင်များထံသို့ ကြို တင် အ‌ကြောင်းကြားထား‌သော်လည်း အစိုးရ၏ ခွင့်မပြုနိုင်‌သော အ‌ကြောင်းပြန်စာကို သံလွင်ချစ်သူများအဖွဲ့မှ မတ်လ ၁၂ရက် ‌နေ့က လက်ခံရရှိခဲ့သည်။

ထိုသို့ အစိုးရ၏ ခွင့်ပြုချက်မရဘဲ ‌စောင့်ကြည့်ခံရသည့်ကြားမှ သံလွင်ချစ်သူများအဖွဲ့ အပါအဝင် ဖါး‌ဆောင်းမြို့နှင့် ရွာသစ်မြို့ ‌ဒေသတဝိုက်ရှိ ‌ဒေသခံ ၃၀ဝ ဝန်းကျင်သည် ထို‌နေ့၌ ဝမ်‌အောင်း‌ကျေးရွာဘုန်းကြီး‌ကျောင်းတွင် ဆွမ်းများကပ်လှူခဲ့သည်ဟု သိ ရသည်။

“တကယ်ဆိုရင် အဲဒီ‌နေ့မှာ လူ‌တွေ ဆု‌တောင်းပွဲကို အများကြီး လာဖို့ ပြင်ဆင်ထားတယ်။ အစိုးရက ခွင့်မပြုတဲ့ကြားက လာကြ တာ တချို့ဆိုရင် ဝမ်‌အောင်း‌လှေဆိပ်အ‌ရောက်မှာပဲ အိမ်ပြန်ဖို့ အ‌မောင်းထုတ်ခံရတယ်။ ပိုဆိုးတာက အဲဒီ‌နေ့က ရိုးရာဝတ်စုံ ဝတ်ဆင်လာတဲ့ ယင်းတလဲ(ကယား)လူငယ်တစုကို အစိုးရအ‌စောင့်အကြပ်‌တွေက အတင်းချွတ်ပစ်ဖို့ အမိန့်‌ပေးခဲ့တယ်။ ဒီကိစ္စ ‌ဒေသခံ‌တွေ မ‌ကျေနပ်ကြဘူး”ဟု ‌ဒေါ်‌လေးနွယ်က ‌ပြောသည်။

မြန်မာအစိုးရသည် ငြိမ်းချမ်း‌ရေးနှင့် ဒီမိုက‌ရေစီ တည်‌ဆောက်‌နေသည့်ကာလ၌ စီမံကိန်း ပတ်သက်၍ ‌ဒေသခံများ၏ ပူး‌ပေါင်းပါ ဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိ‌သေးသည့်အချိန်တွင် အဆိုပါ‌ဒေသရှိ ရွာသစ်‌ရေကာတာစီမံကိန်း အပါအဝင် သံလွင်မြစ်‌ပေါ် တည် ‌ဆောက်မည့် အခြားစီမံကိန်းများအားလုံး ရပ်တန့်ရန် သံလွင်ချစ်သူများအဖွဲ့၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

၎င်းအပြင် လွတ်လပ်စွာ ဆန္ဒထုတ်‌ဖေါ်‌ပြောဆိုခွင့်‌ပေးပြီး ကရင်နီပြည်နယ်တွင် မည်သည့် အကြီးစား ဖွံ့ဖြိုး‌ရေး စီမံကိန်းကြီးများ မဆို အ‌ကောင်အထည်‌ဖော်ရာတွင် ‌ဒေသခံလူထု၏ ပူး‌ပေါင်းပါဝင်ဆုံးဖြတ်ခွင့်အပြင် မြန်မာနိုင်ငံရှိ ‌ဒေသခံတိုင်းရင်းသားလူမျိုး များ၏ သဘာဝအရင်းအမြစ်ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့် ပါရှိသည့် စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုအတွက် ဖွဲ့စည်းပုံ အ‌ခြေ ခံဥပ‌ဒေ ပြုပြင်ပြဌာန်း‌ရေးကို ဆက်လက်‌ဆောင်ရွက်ရန် သံလွင်ချစ်သူများအဖွဲ့က အစိုးရအား ‌တောင်းဆိုထားသည်။

သံလွင်ချစ်သူများအဖွဲ့ကို ကရင်၊ ယင်းတလဲ(ကယား)၊ မြန်မာနှင့် သျှမ်း စသည့်တိုင်းရင်းသားများ စု‌ပေါင်း၍ ကရင်နီပြည်နယ် အပါအဝင် သံလွင်မြစ်အတွင်း တည်‌ဆောက်‌နေသည့် ‌ရေကာတာ စီမံကိန်းများကို ‌စောင့်ကြည့်သွားရန် ရည်ရွယ်ချက်ဖြင့်
ဖါး‌ဆောင်းမြို့၌ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။