Home သတင်း KWO ဥက္ကဌအဖြစ် နန်းဒါးအဲ့ကလယ် ‌ရွေးချယ် တင်‌မြှောက်ခြင်းခံရ

KWO ဥက္ကဌအဖြစ် နန်းဒါးအဲ့ကလယ် ‌ရွေးချယ် တင်‌မြှောက်ခြင်းခံရ

2062
‌ဖေ‌ဖော်ဝါရီလ ၈ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌လေးဝါး‌နေရာ တွင် ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသမီးအစည်းအရုံး -KWO ၏ (၆)ကြိမ်‌မြောက် ညီလာခံသည် ယ‌နေ့ ပြီးစီးပြီဖြစ်ရာ KWO ဥက္ကဌသစ်အဖြစ် နန်းဒါးအဲ့ကလယ် ဖြစ်လာ‌ကြောင်း သိရသည်။

တဆက်တည်းမှာပင် – ဒုဥက္ကဌအဖြစ် ‌နော်‌ဖော‌ဒေးတိုး၊ အ‌ထွေ‌ထွေအတွင်းအ‌ရေးမှူးချုပ်အဖြစ် ‌နော်က‌ညော‌ဖော၊ တွဲဘက် အတွင်း‌ရေးမှူး(၁)အဖြစ် ‌နော်တာမလာ‌စောနှင့် တွဲဘက် အတွင်း‌ရေးမှူး(၂)အဖြစ် ‌နော်‌စေးယို‌ဖော တို့အသီးသီး ‌ရွေးချယ်တင်‌မြှောက်ခြင်း ခံခဲ့ရသည်။