Home သတင်း ကရင်ပြည်နယ်အတွင်းရှိ IDP များအတွက် နီပွန်‌ဖောင်‌ဒေးရှင်းမှ ဆန်အိတ်များ‌ပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ IDP များအတွက် နီပွန်‌ဖောင်‌ဒေးရှင်းမှ ဆန်အိတ်များ‌ပေးအပ်

2226
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ကရင်ပြည်နယ်အတွင်းရှိ ပြည်တွင်းဌာ‌နေမဲ့ ဒုက္ခသည်-IDP များအတွက် အဓိကရည်ရွယ်ပြီး ဂျပန်နိုင်ငံရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ စားနပ်ရိက္ခာများအဖြစ် ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီလ ၁၂ ရက်‌နေ့)က ဆန်အိတ်များ ‌ထောက်ပံ့‌ပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။

‌ထောက်ပံ့‌ပေးအပ်မှုကို ဖားအံမြို့ရှိ ပြည်‌ထောင်စုကွင်းတွင် အခမ်းအနားတရပ်ပြုလုပ်၍ ‌ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌ ယိုဟီဆာဆာဝါကာ (Mr. Yohei sasawaka)၊ ကရင်ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌အောင်ဝင်း‌ရွှေတို့အပြင် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်-DKBA၊ KNU/KNLA ကရင် ငြိမ်းချမ်း‌ရေး‌ကောင်စီနှင့် ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ-CIDKP စသည့်အဖွဲ့တို့မှ တာဝန်ရှိသူများ လည်း တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နီပွန်‌ဖောင်‌ဒေးရှင်းမှ ဥက္ကဌ အပါအဝင် ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ CIDKP ၏ တာဝန်ခံ ‌စောဆဲပွယ်(စတိဗ်)တို့က ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်ရှိ တ‌ရေဖိုးကွီးရွာနှင့် ကူး‌လော်ဖလိုးရွာတို့တွင် IDP များအား ဆန်အိတ်‌ပေါင်း ၁,၄၀ဝ (တစ်‌ထောင့်‌လေးရာ) သွား‌ရောက်‌ပေးအပ်ခဲ့သည်ဟု သိရသည်။

KNU ကာကွယ်‌ရေးဌာနမှ တာဝန်ခံ ပဒို‌စော‌ရောဂျာခင်က “ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ IDP ‌တွေကို အဓိက ‌ပေးတာ‌ပေါ့။ အခုလို တရားဝင်အ‌နေနဲ့ လာပြီး‌တော့ ‌ပေးအပ်တာ ပထမဆုံးပါ။ ‌နောက်ပြီး လွတ်လွတ်လပ်လပ်နဲ့ ‌ပေးအပ်တဲ့အခါကျ‌တော့ ကိုယ့်ပြည်သူ‌တွေအတွက်လည်း ဝမ်းသာရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ DKBA နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီတို့အပြင် အခြားအဖွဲ့အစည်းများထံသို့တဆင့် IDP များအတွက် ဆန် အိတ် ၄၀ဝစီ ‌ပေးအပ်ခဲ့ပြီး KNU ခရိုင် ၇ခုရှိသည့်အနက် ခရိုင်တစ်ခုလျှင် IDP များအတွက် ဆန်အိတ် ၂,၄၀ဝ ‌ပေးသွားရန် ရှိသ ကဲ့သို့ ‌ဆေးဝါးများလည်း‌ပေးရန် စီစဉ်ထား‌ကြောင်းလည်း နီပွန်‌ဖောင်‌ဒေးရှင်း ဥက္ကဌမှ ‌ပြောသွားခဲ့သည်ဟု ပဒို‌စော‌ရောဂျာခင်က ပြန်လည်‌ပြောဆိုသည်။

KNU နိုင်ငံခြား‌ရေးတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေကလည်း “အခုက နီပွန်အ‌နေနဲ့ ‌နောက်လာမယ့် အကြိမ်‌တွေမှာ သူတို့ကိုယ် တိုင် မဟုတ်ဘဲ KNU က‌နေတဆင့် ခရိုင်အသီးသီးမှာရှိတဲ့ တာဝန်ရှိသူ‌တွေ၊ ပြီး‌တော့ CIDKP စတဲ့အဖွဲ့‌တွေနဲ့ ပူး‌ပေါင်းပြီး‌တော့ IDP ‌တွေရဲ့လက်ထဲအ‌ရောက်ပို့‌ပေးဖို့ကို စီစဉ်ထားပါတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ၊ တိုင်းရင်းသား‌ဒေသအတွင်းရှိ ဒုက္ခသည်များအတွက် အကူအညီ‌ပေးရန် နီပွန်‌ဖောင်‌ဒေးရှင်းနှင့် မြန်မာအစိုးရတို့က သ‌ဘောတူညီထားပြီး ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလကလည်း ဆန်တန်ချိန် ၅ဝနှင့်အတူ ‌ဆေးဝါးများ၊ ‌ဆေး‌သေတ္တာများကို မွန်ပြည် သစ်ပါတီ-NMSP ထံသို့ ‌ပေးအပ်ခဲ့ပြီးဖြစ်သည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်းများတွင် အကူအညီ‌ပေး‌လေ့ရှိပြီး မြန်မာနိုင်ငံတွင် အဆိုပါ‌ဖောင်‌ဒေး ရှင်းမှ ကူညီ‌ထောက်ပံ့‌ပေးမှု လုပ်ငန်းမှာ ၄၀‌ကျော်ရှိ‌ကြောင်း သိရသည်။