Home ထိပ်တန်းသတင်း ရိက္ခာသယ် အစိုးရစစ်ကား ၁စီး မိုင်းထိ၍ နှစ်ဦး‌သေ၊ နှစ်ဦးဒဏ်ရာရ

ရိက္ခာသယ် အစိုးရစစ်ကား ၁စီး မိုင်းထိ၍ နှစ်ဦး‌သေ၊ နှစ်ဦးဒဏ်ရာရ

2202
‌ဖေ‌ဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပလဲမူဒဲ‌နေရာတွင် ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီလ ၁၂ရက်) ည‌နေ ၅နာရီခန့်က ‌ရှေ့ တန်းစခန်းအတွက် ရိက္ခာသယ်‌ဆောင်‌နေသည့် အစိုးရ စစ်ကားတစ်စီးသည် မိုင်းထိ၍ ရဲ‌ဘော် ၂ဦး‌သေဆုံးပြီး ၂ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

မိုင်းထိသည့် အဆိုပါ အစိုးရစစ်တပ်ကားမှာ တပ်မ(၆၆)လက်‌အောက်ခံ ဒုဗိုလ်မှူးကြီး ရဲသွင်‌အောင် ဦး‌ဆောင်သည့် ‌ခြေမြန် တပ်ရင်း(ခမရ-၄)ဖြစ်ပြီး ယမန်‌နေ့က ‌ဘောဂလိမှ ဘူဆာခီး‌ရှေ့တန်းတပ်စခန်းသို့ စစ်ကားအစီး‌ရေ ၂ဝဖြင့် ရိက္ခာသယ်ခဲ့ ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU လက်‌အောက်ခံ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂) မှ တာဝန်ရှိသူများက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ KNU တပ်မဟာ(၂) တာဝန်ရှိသူတစ်ဦးက “ကားထိတဲ့မိုင်းဟာ အရင်‌ထောင်ထားတဲ့ မိုင်း‌ဟောင်းဖြစ်ပါ တယ်။ ကားနဲ့ရိက္ခာ မပို့ဖို့ ကျ‌နော်တို့ ကန့်သတ်ထားတဲ့‌နေရာပါ။ ရိက္ခာပို့မယ်ဆိုရင် ကားလမ်း‌ပေါက်တဲ့ ကလယ်လာစခန်း အထိပဲ သတ်မှတ်ထားတယ်။ အခု‌နေရာက ကလယ်လာနဲ့ တစ်ရက်‌ကျော် လမ်း‌လျှောက်ရတယ်။ ‌နောက် မြည်းနဲ့ ပို့ဖို့ သတ်မှတ်တဲ့ ‌နေရာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အစိုးရစစ်တပ်သည် ယမန်‌နေ့က ထိုသို့ ရိက္ခာများ သယ်‌ဆောင်ရာတွင် ကလယ်လာရွာမှ အရပ်သားကား ၂စီးကိုလည်း ‌ချောဆွဲထား‌ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာအစိုးရတပ်ဘက်မှ တစုံတရာ အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေးသလို ကားမိုင်းထိ၍ ထိခိုက်သွားသည့် ‌လေးဦးထဲမှ မ‌သေဆုံး‌သော ဒဏ်ရာရရှိသူနှစ်ဦးကို အဆိုပါ‌ဒေသရှိ အစိုးရတပ် ကလယ်လာစခန်းသို့ ပြန်လည်သယ်‌ဆောင်ရာ ယ‌နေ့ည‌နေ ၃နာရီ၌ ‌ရောက်ရှိသွားပြီဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ထန်းတပင်မြို့နယ်အတွင်းရှိ အစိုးရစစ်တပ်သည် ဖ‌လေးဆာလို(တိပ်ပု)စခန်းသို့ ရိက္ခာပို့ရန်အတွက် ယမန်‌နေ့က သ‌ပြေညွှန့်စခန်းဘက်၌လည်း မြည်း(လား) အ‌ကောင် ၂၀ဝ ပို့ထားသည်ဟု KNU တပ်မဟာ(၂)က ‌ပြောသည်။

လက်ရှိ ‌တောင်ငူ‌ဒေသ၌ ကလယ်လာစခန်းမှ ဘူဆာခီးတပ်စခန်းအထိ အစိုးရစစ်တပ် တပ်မ(၆၆) လက်‌အောက်ခံများဖြစ် သည့် ‌ခြေမြန်တပ်ရင်း(ခမရ-၁၀၊ ၁၀၈၊ ၄)နှင့် ‌ခြေလျင်တပ်ရင်း(ခလရ-၁၄၊ ၃၅၊ ၈၀)တို့ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။