Home သတင်း ဩစ‌တြေးလျားတွင် ပြည်‌ထောင်စု‌နေ့ ငြိမ်းချမ်း‌ရေးဆန္ဒပြပွဲပြုလုပ်

ဩစ‌တြေးလျားတွင် ပြည်‌ထောင်စု‌နေ့ ငြိမ်းချမ်း‌ရေးဆန္ဒပြပွဲပြုလုပ်

1683
‌ဖေ‌ဖေါ်ဝါရီလ ၁၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

မြန်မာပြည် ဒီမိုက‌ရေစီရရှိ‌ရေး တပ်‌ပေါင်းစု(JACDB)မှ ဦး‌ဆောင်၍ (၆၆)နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ ငြိမ်းချမ်း‌ရေးဆန္ဒပြပွဲကို ဩစ‌တြေးလျားနိုင်ငံမြို့‌တော် ကန်ဘာရာ(Canberra)ရှိ မြန်မာသံရုံး‌ရှေ့၌ ယ‌နေ့ ‌နေ့လည် (၁၂)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ထိုငြိမ်းချမ်း‌ရေးဆန္ဒပြပွဲသို့ ဒီမိုက‌ရေစီအင်အားစုများဖြစ်သည့် ရဟန်းပျိုသမဂ္ဂ ဥက္ကဌ ဦး‌ခေမာစာရ အပါအဝင် ABSDF ‌ကျောင်း သားရဲ‌ဘော်များ၊ NLD(LA) ကိုယ်စားလှယ်များ၊ ဝါကာဝါကာမှ ကချင်အ‌ရေး တက်ကြွသူများနှင့် ကန်ဘာရာရှိ အ‌ဝေး‌ရောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ သျှမ်း တိုင်းရင်းသား‌ပေါင်းစုံ စုစု‌ပေါင်း ၁၀၀‌ကျော် ပါဝင်ခဲ့ကြသည်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ဖြစ်‌ပေါ်လာဖို့၊ ကချင်တိုင်းရင်းသားများအ‌ပေါ် တိုက်ခိုက် ထိုးစစ်ဆင်‌နေမှုများ ရပ်တန့်ဖို့နဲ့ ကချင်စစ်‌ပြေးဒုက္ခသည်‌တွေကို နိုင်ငံတကာက‌နေ ‌ထောက်ပံ့မှု‌တွေ ပြုလုပ်‌ပေးနိုင်ကြဖို့ ရည်ရွယ်ပြီး ဆန္ဒပြပွဲကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု JACDB ၏ တာဝန်ခံ ကို‌အောင်နိုင် ဆန္ဒပြပွဲတွင် ‌ပြောကြားသွားခဲ့သည်။

၎င်းဆန္ဒပြပွဲတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းကာ စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး၊ ကချင်ပြည်တွင် ထိုး စစ်ဆင်‌နေမှုများ ရပ်တန့်‌ရေး၊ စစ်မှန်‌သော ပြည်တွင်းငြိမ်းချမ်း‌ရေးရရှိ‌ရေးနှင့် ဒီမိုက‌ရေစီရရှိ‌ရေး၊ တိုင်းရင်းသားအားလုံး ပါဝင် ‌သော UNFC မှ ချမှတ်ထားသည့် အချက်များအတိုင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်‌ရေး စသည့်အချက်များကို ‌တောင်းဆိုသွားခဲ့သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ ကချင်တိုင်းရင်းသား ကို‌နော‌နော်က “မဟာဝါဒီသမား စစ်အာဏာရှင်‌တွေဟာ တိုင်းရင်းသား‌တွေကို ကွဲ ပြား‌အောင် လုပ်‌နေတယ်။ ကရင်ပြီးရင် ကချင်ကို အပြတ်တိုက်‌နေတယ်။ ကချင်ပြီးရင် တခြားတိုင်းရင်းသား‌တွေဆီ လှည့်လာ မယ်ဆိုတာ အားလုံးသတိထားပြီး အခုကတည်းက စုစုစည်းစည်းနဲ့ မတရားတဲ့ မဟာဝါဒီသမား‌တွေကို ‌တော်လှန်ရမှာ ဖြစ် တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကန်ဘာရာမြို့တွင် ပြုလုပ်သည့် ပြည်‌ထောင်စု‌နေ့ ငြိမ်းချမ်း‌ရေး ဆန္ဒပြပွဲ

ယင်းသို့ ဆန္ဒပြရာတွင် ဆစ်ဒနီမြို့ ပါဝင်သူများက ဆစ်ဒနီမြို့ Guildford စာကြည့်တိုက်တွင် ဆုံရပ်အဖြစ်ထားကာ ဘတ်စ်ကား စင်းလုံးငှား၍ သွား‌ရောက်ခဲ့ကြသလို ည‌နေ(၂)နာရီခွဲတွင် JACDB မှ ထုတ်ပြန်‌သော သ‌ဘောထား ‌ကြေညာချက်တစ်‌စောင်ကို ဩစ‌တြေးလျားနိုင်ငံခြား‌ရေးဌာနရုံးသို့ သွား‌ရောက်‌ပေးအပ်ခဲ့ကြရာ လုံခြုံ‌ရေးဝန်ထမ်းတစ်ဦးမှ လက်ခံရယူ‌ပေးခဲ့သည်။

ကချင်အ‌ရေးလှုပ်ရှားသည့်အဖွဲ့မှ ဥက္ကဌ ကိုဆစ်ဒနီက “မြန်မာနိုင်ငံမှာ ‌ဖေ‌ဖေါ်ဝါရီလ ၁၂ရက်‌နေ့ကို သတ်မှတ်ထား‌ပေမယ့် ဩစ‌တြေးလျားမြန်မာသံရုံးမှာ မြန်မာအလံကို စိုးစဉ်းမျှ တင်ထားခြင်းမရှိတာကို ကြည့်ရင် လက်ရှိ ဦးသိန်းစိန် ဦး‌ဆောင်တဲ့ အစိုး ရဟာ ပြည်‌ထောင်စု‌နေ့ကို ‌လေးစားအသိအမှတ်မပြုတာကို ‌တွေ့မြင်နိုင်တယ်”ဟု ‌ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကို မပြင်သမျှကာလပတ်လုံး စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်ထွန်း ‌ရေးကို လုပ်‌ဆောင်နိုင်မည် မဟုတ်‌သော‌ကြောင့် ပြည်သူလူထုအသံမပါ‌သော ၎င်းဖွဲ့စည်းပုံဥပ‌ဒေကို အစိုးရမှ ပြုပြင်‌ပြောင်းလဲ သင့်‌ကြောင်းလည်း JACDB က ဆန္ဒပြပွဲတွင် တိုက်တွန်းသွားခဲ့သည်။