Home သတင်း KIA တပ်စခန်း ဖွန်းပြင်ဘွမ်း‌တောင်ကုန်း သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်း‌နေ

KIA တပ်စခန်း ဖွန်းပြင်ဘွမ်း‌တောင်ကုန်း သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်း‌နေ

2483
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်လွတ်‌မြောက်‌ရေးအဖွဲ(KIO)ဌာနချုပ် လိုင်ဇာအနီး ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA) တပ်ရင်း ၂၄ စခန်းချသည့် ဖွန်းပြင်ဘွမ်း‌တောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်‌နေ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်‌နေ့မှ စတင်ပြီး ဖွန်းပြင်ဘွမ်း‌တောင်ကုန်းကို အစိုးရမှ ‌မြေပြင်နှင့် ‌လေ‌ကြောင်း နှစ်မျိုးစလုံးဖြင့် ထိုး စစ်ဆင်တိုက်ခိုက်လာခဲ့ရာ ယ‌နေ့အထိ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျှက်ရှိ‌နေ‌ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)‌မြောက်ပိုင်းမှ ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူးမင်း‌ဌေးက ယခုလို‌ပြောသည်။

၎င်းက “မ‌နေ့ကဆိုရင် ရဟက်ယာဉ်က ၃စီးနဲ့ ၇၇၁ ‌တောင်ကုန်းမှာ သူတို့ဆင်းပြီး ပစ်ကြတယ်။တိုက်‌လေယာဉ် ၂စီးနဲ့ အ‌ပေါ်က ‌နေ ပျံဝဲပြီး ပစ်တယ်။ဒီ‌နေ့က‌တော့ မနက်ကတည်းက‌နေစပြီး တိုက်ပွဲ‌တွေဖြစ်‌နေတာ သူတို့က ကွင်းပြင်‌ပေါ်ကို တက်ထိုးတယ်။ တက်ထိုးလို့မရ‌တော့ သူတို့ အခု ခဏရပ်‌နေကြတယ်” ဟု‌ပြောသည်။

တဆက်တည်းမှာပင် စစ်အစိုးရဘက်မှ ‌မြေပြင်တိုက်ပွဲများအပြင် ‌လေ‌ကြောင်းလိုင်းမှ စစ်ရဟတ်ယာဉ်များဖြင့် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ခြင်း‌ကြောင့် လိုင်ဇာအနီး ဘွမ်ဒရယ်‌တောင်ကုန်း(ပွိုင့် ၇၇၁)တွင် စခန်းချ‌နေသည့် KIA တပ်ရင်း ၂၃ကို ဒီဇင်ဘာလ ၃ဝ ရက်‌နေ့က သိမ်းပိုက်ခဲ့ပြီး ယင်းကုန်း‌ပေါ်မှ‌နေရာယူကာ ဖွန်းပြင်ဘွမ်း‌တောင်ကုန်းသို့ အပြင်းအထန် တိုက်ခိုက်‌နေ‌ကြောင်းလည်း ဗိုလ်မှူးမင်း‌ဌေးက ဆက်‌ပြောသည်။

သို့‌သော် ဇန်နဝါရီလ ၄ရက်‌နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော်၏ သတင်းထုတ်ပြန်‌ရေးအဖွဲ့က ကချင်ပြည်နယ် KIO/KIA လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်း‌မော် ပြည်‌ထောင်စုလမ်းမကြီးအား အဓိကပိတ်ဆို့လျက် တပ်မ‌တော်စစ်‌ကြောင်းများအား မိုင်း‌ထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းနှင့် အများပြည်သူ အသုံးမပြုနိုင်‌အောင် ပိတ်ဆို့ခြိမ်း‌ခြောက် မှုများ ပြုလုပ်လျက်ရှိသည့် ပွိုင့် ၇၇၁‌တောင်ကုန်းနှင့် ပတ်ဝန်းကျင်‌ဒေသကို မြန်မာ့တပ်မ‌တော်မှ ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ ‌ကြောင်း သတင်း‌ဖော်ပြထားသည်။

ထို့အပြင် KIO/KIA တပ်ဖွဲ့များအား တပ်မ‌တော်မှ ထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီး ဖြစ်‌သော်လည်း ၎င်းတို့ဘက်မှ ရထားလမ်း၊ ကားလမ်း၊ တံတားများအား အ‌ကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးခြင်း၊ စီးပွား‌ရေးလုပ်ငန်းများအား ဟန့်တား‌နှောက်ယှက် ခြင်း၊ ‌ရေအားလျှပ်စစ်ဓာတ်အား‌ပေးလိုင်းများအား ‌ဖောက်ခွဲဖျက်ဆီးခြင်းတို့‌ကြောင့် တပ်မ‌တော်တပ်ဖွဲ့များက ထိန်းသိမ်း‌ဆောင် ရွက်ခဲ့ခြင်းဖြစ်‌ကြောင်းလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ထပ်မံ ‌ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်များအ‌ပေါ် ABSDF ပြန်ကြား‌ရေးတာဝန်ခံ ဗိုလ်မှူးမင်း‌ဌေးက “KIO/KIA က‌တော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နယ် ‌မြေထဲ ဝင်လာပြီး ကျူး‌ကျော်လာရင်‌တော့ သူတို့နယ်‌မြေကို ကာကွယ်တဲ့အ‌နေနဲ့ အသက်စွန့်ပြီး ကြိုးပမ်းသွားကြမှာပဲ။ ဒါ‌ကြောင့် လည်း ကျ‌နော်တို့ ‌မြောက်ပိုင်းအဖွဲ့‌တွေကပါ ဝိုင်းဝန်း တိုက်ပွဲဝင်‌နေကြတာပါ”ဟု ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေတွင် ဖွန်းပြင်ဘွမ်‌တောင်ကုန်းကို အစိုးရစစ်တပ်မှ အင်အား ၁၀၀ဝ ဝန်းကျင်ခန့် ထိုးစစ်ဆင် တိုက်ခိုက်‌နေပြီး အစိုးရဘက်မှ ကျဆုံးမှုကို မသိရ‌သော်လည်း KIA တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိ‌ကြောင်း သိရသည်။