Home သတင်း ‌လေ‌ကြောင်း ထိုးစစ်‌ကြောင့် ကချင်ဒုက္ခသည်များ လုံခြုံ‌ရေးစိုးရိမ်ရဟု WLB ‌ပြော

‌လေ‌ကြောင်း ထိုးစစ်‌ကြောင့် ကချင်ဒုက္ခသည်များ လုံခြုံ‌ရေးစိုးရိမ်ရဟု WLB ‌ပြော

1647
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကချင်‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် စစ်ပွဲတွင် မြန်မာအစိုးရစစ်တပ်ဘက်မှ ‌လေ‌ကြောင်းဖြင့် ထိုးစစ်ဆင်မှု‌ကြောင့် ကချင်စစ် ‌ပြေးဒုက္ခသည်များ လုံခြုံ‌ရေးအတွက် ပိုမို အခက်ကြုံ‌နေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က ယ‌နေ့ ‌ပြော ကြားလိုက်သည်။

“အစိုးရတပ်က ‌လေယာဉ်နဲ့ဗုံးကျဲရာမှာ KIA ကို မဟုတ်ဘဲ ရွာသား‌တွေရှိတဲ့ဘက်ကိုပါကျဲ‌တော့ ရွာသား‌တွေဟာ ထွက်‌ပြေးရ တယ်။ အခုဆို ဒုက္ခသည်‌တွေဟာ ပုန်း‌အောင်းဖို့ ကတုတ်ကျင်းတူးရတဲ့အထိ ဖြစ်လာတယ်။ ထိုးစစ်‌တွေ ပြင်းထန်လာ‌လေ‌လေ ဒုက္ခသည်လည်း ပိုများလာတယ်။ သူတို့ရဲ့ လုံခြုံ‌ရေးအတွက်လည်း ပိုစိုးရိမ်လာရတယ်”ဟု WLB သဘာပတိအဖွဲ့ဝင် ကချင်အ မျိုးသမီး မွန်း‌နေလီက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ တိုက်ပွဲများပြင်းထန်‌နေသည့် ကချင်ပြည်နယ် လဂျားယန်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ဌာနချုပ် အနီးတ ဝိုက်၌ ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့် အလှူရှင်အဖွဲ့များသည် ထိတ်လန့်မှုဖြစ်ကာ ယင်း‌နေရာ၌ ဆက်မ‌နေရဲ‌တော့ဘဲ ပြန် လည်ထွက်ခွါသွားသည့်အတွက်လည်း အ‌ခြေအ‌နေမှာ ပို၍ စိုးရိမ်စရာ ဖြစ်လာရ‌ကြောင်း သူမက ဆက်‌ပြောသည်။

ထို့အပြင် အစိုးရ၏ ထိုးစစ်ပြင်းထန်းလာသည်နှင့်အမျှ မိုင်ဂျာယန်၊ လဂျားယန်၊ လိုင်ဇာအနီးတဝိုက် ခိုလှုံ‌နေရသည့် ဒုက္ခသည် များသည် ‌ထောက်ပံ့မှုများ အလွန်နည်းလာ၍ စားနပ်ရိက္ခာ၊ ‌ဆေးဝါး၊ အဝတ်အထည် စသည့် ‌ထောက်ပံ့‌ရေးပစ္စည်းများ မလုံ ‌လောက်သဖြင့် ကိုယ်ဝန်‌ဆောင်အမျိုးသမီးနှင့် က‌လေးငယ်များအတွက် အခက်ပိုကြုံ‌တွေ့‌နေရသည်ဟု သိရသည်။

ဆက်လက်၍ KIA ထိုးစစ်ဆင်ရန် ဗန်း‌မော်လမ်းတစ်‌လျှောက်နှင့် သျှမ်းပြည်‌မြောက်ပိုင်း‌ဒေသရှိ ကွတ်ခိုင်တွင် ဝင်လာသည့် အစိုးရစစ်‌ကြောင်းများသည် လူ‌နေအိမ်များ၊ ဘုရား‌ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား KIA နှင့် ဆက်သွယ် သည်ဟုဆိုကာ မသကင်္ာမှုဖြင့် ဖမ်းဆီးခြင်းနှင့် ရိုက်နှက်နှိပ်စက်မှု ပြုလုပ်ခြင်း စသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဆက် တိုက် ကျူးလွန်လျှက်ရှိသည်ဟုလည်း WLB က ဆိုသည်။

အစိုးရသည် နှစ်‌ပေါင်း ၂ဝအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသကို ပထမဦးအကြိမ် ‌လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ‌ကြောင့် ‌ဒေသခံလူထုမှ အ‌ကြောက်တရား ပိုမိုများပြားလာသကဲ့သို့ ကချင်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု များ ပြားလာ၍ လက်ရှိ ကချင်စစ်‌ပြေးဒုက္ခသည် ၁သိန်း‌ကျော်ရှိလာပြီဟု ယမန်‌နေ့ ဇန်နဝါရီ ၈ရက်‌နေ့က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

၎င်း‌ကြေညာချက်တွင် WLB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါ်တင်တင်ညိုက “အစိုးရစစ်တပ်‌တွေ ကချင်‌ဒေသကို ဒီအတိုင်း ဂျက်‌လေယာဉ်သုံးပြီး ဆက်လက် ထိုးစစ်ဆင်မယ်ဆိုရင် အ‌ခြေအ‌နေက ဒီထက် ပိုဆိုးလာမယ်။ ဒါ‌ကြောင့် စစ်ပွဲ‌တွေအမြန်ရပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း‌တွေကလည်း သမ္မတ ဦးသိန်းစိန်အစိုးရကို ‌တောင်းဆိုဖို့ ကျမတို့ ‌တောင်းဆိုပါတယ်”ဟု ‌ပြောဆိုထား သည်။

ကချင်‌ဒေသအတွင်းရှိ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု အဆုံးသတ်‌ရေးနှင့် KIA နှင့် အစိုးရတပ်တို့အကြား ဖြစ်ပွား‌နေသည့် စစ် ပွဲများ အမြန်ဆုံး ရပ်တန့်‌ရေးအတွက် လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD မှလည်း ဝင်‌ရောက်ကြိုးပမ်း‌ဆောင်ရွက်‌ပေးရန် WLB က ‌တောင်းဆိုထားသလို ကချင်‌ဒေသအတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေး‌ရေးအတွက် WLB အ‌နေဖြင့် လိုအပ်သည့်ဘက်မှ အခြားတက်ကြွ လှုပ်ရှားသူများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု မွန်း‌နေလီက ‌ပြောသည်။

WLB ကို ၁၉၉၉ခုနှစ်က စတင် တည်‌ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသူအဖွဲ့အစည်း ၁၃ဖွဲ့ဖြင့် ပါဝင်ဖွဲ့ စည်းထားသည်။