Home သတင်း (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်နှင့် ပတ်သက်၍ ပြည် ပ‌ရောက် ကရင်လူငယ်နှစ်ဦး၏ အမြင်

(၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်နှင့် ပတ်သက်၍ ပြည် ပ‌ရောက် ကရင်လူငယ်နှစ်ဦး၏ အမြင်

2466
‌စောဒါးဘူ (မ‌လေးရှား)

ငြိမ်းချမ်း‌ရေး‌ဖေါ်‌ဆောင်တဲ့‌နေရာမှာ သ‌ဘောထားကွဲလွဲမှု‌တွေရှိခဲ့လို့ ဥက္ကဋ္ဌအဖြစ် ‌ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်မူတူး‌စေးဖိုးအ‌ပေါ်ကို လည်း ဂယက်‌တွေ ရိုက်ခတ်သွားတာကို ‌တွေ့ရပါတယ်။ အဲဒီ‌တော့ လက်ရှိ KNU ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌တွေဟာ ပြည်တွင်း ပြည်ပ ကရင်လူထုရဲ့ ယုံကြည်မှုကို ပြန်လည် တည်‌ဆောက်ယူဖို့ လူထုဆန္ဒခံယူပွဲ မလုပ်နိုင်သည့်တိုင်‌အောင် မှန်ကန်တဲ့ လုပ် ငန်းစဉ်နဲ့ သက်‌သေပြဖို့ လိုပါလိမ့်မယ်။ ထိပ်ပိုင်း‌ခေါင်း‌ဆောင်‌တွေထဲ လူလတ်ပိုင်းများတဲ့အ‌ပေါ် သူတို့‌တွေကို အမျိုးသား‌ရေး ဦး‌ဆောင်လုပ်သွားဖို့က‌တော့ ဒါဟာ ကရင်လူထုတိုင်း နှစ်ရှည် ‌စောင့်‌မျှော်‌နေကြတဲ့ ရလဒ်ပါ။ ဒီ(၁၅)ကြိမ်‌မြောက်မှာ အသံ‌တွေ အမျိုးမျိုးကြားခဲ့ရ‌ပေမဲ့ အ‌ရေးကြီးတာက လူလတ်ပိုင်း‌ခေါင်း‌ဆောင်သစ်‌တွေဟာ ကရင့်‌တော်လှန်‌ရေးရဲ့သိက္ခာကို ဆက်လက် ထိန်းသိမ်းထားဖို့လိုအပ်သလို အစိုးရရဲ့ နိုင်ငံ‌ရေးမာယာ‌ထောင်‌ချောက်ထဲ သက်ဆင်းမသွားဖို့ သတိထားရပါမယ်။ ကရင်လူထု တရပ်လုံးအ‌ပေါ် အ‌ခြေပြုတဲ့ သမိုင်းစာမျက်နှာအသစ်‌တွေ ဆက်လက်‌ရေးသားဖို့ကိုလည်း အကြံပြုချင်ပါတယ်။
‌နောက်တခုက အမျိုးသမီး‌တွေ ဗဟို‌ကော်မတီမှာ ပါဝင်မှုနည်း‌နေတာဟာလည်း KNU ရဲ့ အစဉ်အလာလို ဖြစ်‌နေပါတယ်။ ဒါ မဖြစ်သင့်‌တော့ပါဘူး။ အမျိုးသမီး‌တွေဟာ အမျိုးသား‌တွေနဲ့ တန်းတူအခွင့်အ‌ရေး ရှိသလို နိုင်ငံ‌ရေးစားပွဲ‌ပေါ်မှာလည်း အမျိုးသား ‌တွေထက် ‌စေ့စပ်တိကျတဲ့ အချက်အလက်‌တွေ တင်ပြ‌ဆွေး‌နွေးနိုင်တာကိုလည်း ‌တွေ့ရတတ်ပါတယ်။ လာမဲ့ ‌ရွေး‌ကောက်ပွဲ‌တွေ မှာလည်း အမျိုးသမီး‌တွေ ဒီထက်ပိုပြီး ပါဝင်နိုင်‌အောင် တွန်းအား‌ပေးဖို့လိုပါတယ်။

‌စောဇာမဏီမင်း
(၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ကရက်မှ ‌ခေါင်း‌ဆောင်သစ်‌တွေ ‌ရွေးချယ်ထွက်‌ပေါ်လာခဲ့တယ်။ ဗဟို‌ကော်မတီဝင် တဦးချင်း စီရဲ့ပုဂ္ဂိုလ်‌ရေး‌တွေကို ကျ‌နော်မသိပါဘူး။ သို့‌သော် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်တချို့မှ ဦး‌ဆောင်သွား‌နေတဲ့ လမ်းစဉ်ကို ပြန်ကြည့် မယ်ဆိုရင် ‌ကေအဲန်ယူချမှတ်ထားတဲ့ ‌တော်လှန်‌ရေးမူဖြစ်တဲ့ အမျိုးသားလွတ်‌မြောက်‌ရေးလမ်းစဉ်နဲ့ ‌ဖြောင့်‌ဖြောင့်ကြီး ဆန့်ကျင် ‌နေတာကို ‌တွေ့ရပါတယ်။ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်တချို့ ဦးတည်သွား‌နေတဲ့ လမ်း‌ကြောင်းဟာ ကရင်အမျိုးသားတို့ရဲ့ ဂုဏ် သိက္ခာ၊ ကရင့်‌တော်လှန်‌ရေးရဲ့ရည်ရွယ်ချက်‌တွေကို မျက်ကွယ်ပြုပြီး စစ်အစိုးရမှ အ‌ရေခွံလဲထားတဲ့ ဟန်‌ဆောင် အရပ်သား အစိုးရ ဦးသိန်းစိန်တို့ အလိုကျ လိုက်ကပြ‌နေတာကို ရလဒ်‌တွေက သက်‌သေပြ‌နေပါတယ်။
‌ခေါင်း‌ဆောင်‌တွေကို အမျိုးသား‌ရေး ဦး‌ဆောင်လုပ်သွားဖို့က မြန်မာပြည်ရဲ့ ပကတိဖြစ်‌ပေါ်‌နေတဲ့ အခင်းအကျင်း‌တွေကို မျက်‌ခြေ မပြတ်ကြည့်ဖို့၊ အမျိုးသား‌ရေးကိစ္စ‌တွေမှာ ပြည်သူ‌တွေရဲ့ အသံကို နား‌ထောင်ပြီး ဘာသာ‌ရေးအုံဖွဲ့မှုကို ‌ရှေ့တန်းမတင်ပဲ အမျိုး သားလွတ်‌မြောက်‌ရေးကို အဓိကထားပြီး ‌နောင်လာမည့် မျိုးဆက်သစ်များကို တည့်တည့်မတ်မတ်ဦး‌ဆောင်‌ပေးကြပါလို့ အကြံ ပြုချင်ပါတယ်။ ဗဟို‌ကော်မတီမှာ တာဝန်ထမ်း‌ဆောင်ဖို့ အရည်အချင်းရှိတဲ့ အမျိုးသမီး‌တွေကို ပိုမိုပါဝင်‌စေဖို့ ‌ကေအဲန်ယူအ‌နေနဲ့ လမ်းဖွင့်‌ပေးထားတာကို ‌တွေ့ရပါတယ်။ ကရင်အမျိုးသမီး‌တွေဟာလည်း မိမိလူမျိုးလွတ်‌မြောက်‌ရေးအတွက် ပြည်တွင်းမှ ‌နော်အုန်းလှတို့ကို အတုယူပြီး ယုံကြည်မှု ခိုင်မာစွာနဲ့ ကိုယ့်အမျိုးသား တိုးတက်‌ရေးအတွက် ပါဝင်ပူး‌ပေါင်းဖို့ လိုအပ်ပါတယ်လို့ ကျ‌နော့်အ‌နေနဲ့ တင်ပြချင်ပါတယ်။