Home ကဗျာ ကို‌ပေါလို့ အများ‌ခေါ်တယ် (ကဗျာ)

ကို‌ပေါလို့ အများ‌ခေါ်တယ် (ကဗျာ)

3572
(လကင်္ာဒီပ)

‌စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးပြည့်စုံ‌စေချင်တာ
ကိုယ့်မှာ‌တော့ ဘာမှမရှိချင်‌နေ
‌လေ‌လေးချွှန် နှီး‌လေးဖျာ
ဝမ်းတထွာ‌လေး ပြည့်ရင်‌တော်ပြီပဲဆိုတဲ့
အတ္တမဲ့သူ့အသွင်သဏ္ဍန်
ဗြဟ္မစိုတရားပဲ လက်ကိုင်ထား‌လေသလား။

‌စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးငြိမ်း‌နေ‌စေချင်သူ
ကိုယ့်လူမျိုးမှာ ဘာဖြစ်ဖြစ် ဖာဖြစ်ဖြစ်
နွံနစ်နစ် ကျွန်ဖြစ်ဖြစ်
မွဲ‌တေ‌ပေရစ်‌နေပါ‌စေကွယ်
ငယ်နိုင်လိုပြုကျင့်လူ့အလွှာ
စို‌ပြေသာယာဖွံ့ဖြိုး‌ရေး
ပူးတွဲ‌ပေးဆပ်ချင်တဲ့လူစား
ရိုးသားလွန်းသလား “အ”သလား။

‌စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီး ပိပြား‌စေချင်သူ
‌မောင်ဖြူ‌မောင်မဲ မခွဲခြား
ရန်သူလား မိတ်‌ဆွေလား မထားရန်
ကိုယ့်‌တော်လှန်‌ရေး သိက္ခာကျ‌အောင်သူပြု
ဟိုလူစု မငြိုငြင်ဖို့က
ကမ္ဘာ့အ‌ရေးကြီးဆုံးလို့များ သူခံယူ‌လေသလား။

‌စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီးဖွံ့ဖြိုး‌ရေးအမှု
ကိုယ့်အုပ်စု ကိုယ့်လူစု
ပြုစုတည်‌ဆောက်လူ‌မွေး
ဝမ်းစာ‌ရေးခက်ခဲ
‌ကျောမွဲလူအနည်းငယ်
စားဖွယ်‌ပေး မိမိလူလုပ်ယူ
ပြည်သူလူထုအားလုံးကိုပဲ ကိုယ်စားပြုသ‌ယောင်
လုပ်‌ဆောင်ဘန်းပြ အကွက်ထွင်
လုပ်ချင်ရာလုပ်တဲ့လူစား။

‌စေတနာရှင်လည်း မဟုတ်ပါ
မာယာရှင်လည်း မဟုတ်ပါ
ခုံထက်မှာ မိန့်မိန့်ကြီးထိုင်ကြည့်
‌ခေါင်းမရှိလည်း မျက်စိမှိတ်ထား
လူ‌လေးစား‌လောက်ပါရဲ့ဆိုတဲ့အသိ
ပကတိဖုံးကွယ်ဟိတ်ဟန်
နိုင်ငံ‌ရေးပဲ ‌ဇောက်ချလုပ်‌တော့မ‌ယောင်
ဟန်‌ဆောင်‌ကောင်းတဲ့ “ကို‌ပေါ”
‌စေတနာ‌ပေါ အနစ်နာ‌ပေါ
သစ္စာ‌ပေါ ‌မေတ္တာ‌ပေါ
ဂရုဏာ‌ပေါ ဥ‌ပေက္ခာ‌ပေါ မုဒိတာ‌ပေါ
‌လောဘမရှိ အတ္တမထား
အားလုံးကို ‌ရောင်းစား‌တော့မယ်
‌ဈေးသည်ကြီးလား ပရဟိတသမားကြီးလား။ ။

ဒီဇင်ဘာ ၂၈၊ ၂၀၁၂