Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင် KSNG နှစ်ပတ်လည် အစည်းအ‌ဝေး တက်‌ရောက်အား‌ပေး

‌ဒေါက်တာစင်သီယာ‌မောင် KSNG နှစ်ပတ်လည် အစည်းအ‌ဝေး တက်‌ရောက်အား‌ပေး

2039
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ၏ (၁၇)ကြိမ်‌မြောက် ရှိပြီဖြစ်‌သော နှစ်ပတ်လည်‌ဆွေး‌နွေး ပွဲကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ‌ကျောင်း တွင် ကျင်းပရာ မယ်‌တော်‌ဆေးခန်းထူ‌ထောင် သူ ‌ဒေါက်တာ စင်သီယာ‌မောင်မှ တက်‌ရောက် အား‌ပေးခဲ့သည်။

“ဆရာမက အထူးသဖြင့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ‌ရောဂါကာကွယ်‌ရေး စတာ‌တွေနဲ့ပတ်သက်ပြီး‌တော့ ‌ဆွေး‌နွေးတယ်။ ‌နောက် ပြီး KNU ရဲ့လက်ရှိအ‌ရွေးချယ်ခံရတဲ့ ‌ခေါင်း‌ဆောင်‌တွေ ပတ်သက်ပြီး‌တော့ အမြင်ဘယ်လိုရှိလဲ‌ပေါ့‌နော်။ အဲဒါ‌တွေကို အပြန်အ လှန် အမြင်ဖလှယ်ခဲ့ကြပါတယ်”ဟု KSNG ဥက္ကဌ ‌စော‌မော့က ‌ပြောသည်။

ထိုသို့‌ဆွေး‌နွေးရာတွင် ‌ဒေါက်တာစင်သီယာ‌မောင်မှ ၎င်းတို့လုပ်‌ဆောင်လျှက်ရှိ‌သော ကျန်းမာ‌ရေးလုပ်ငန်းများကို ပညာ‌ပေးရှင်း လင်းခြင်း၊ ‌ကျောင်းသားလူငယ်အဖွဲ့ဝင်များအား အား‌ပေးစကား ‌ပြောကြားခဲ့ခြင်းများကို ပြုလုပ်ခဲ့ပြီး လူငယ်များမှလည်း ၎င်းတို့ သိရှိလိုသည်များကို ‌မေးမြန်း၍ အပြန်အလှန် ‌ဆွေး‌နွေးခဲ့ကြသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “အခုလို လူငယ်‌တွေအချင်းချင်း‌တွေ့ဆုံတဲ့အခါကျ‌တော့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့် ‌ဒေသကိုယ့်ရပ် ရွာ ကိုယ့်ပြည်သူ‌တွေအတွက် ငြိမ်းချမ်း‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးစတဲ့လုပ်ငန်း‌တွေမှာ တစ်ဦးနဲ့တစ်ဦး အ‌တွေးအမြင်‌တွေ ဖလှယ်ပြီး ပူး‌ပေါင်း‌ဆောင်ရွက်ကြပါ”ဟု ‌ပြောကြားခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင် ကိုယ်တိုင်တက်‌ရောက်ပြီး ‌ဆွေး‌နွေး ဖလှယ်ဖြစ်ပုံနှင့် ပတ်သက်ပြီး KSNG ဥက္ကဌ ‌စော‌မော့က “ဆရာမ ကြီးအ‌နေနဲ့ လူမှု‌ရေးလုပ်ငန်း‌တွေမှာ အများကြီးလုပ်ခဲ့တယ်။ ‌ပေးဆပ်ခဲ့တယ်။ ‌နောက် ပြီး‌တော့ အ‌တွေ့ အကြုံ‌တွေလည်း အများ ကြီးဆို‌တော့ သူရဲ့အ‌တွေ့အကြုံ‌တွေကို အခုလိုမျှ‌ဝေ‌ပေးတာ ကျ‌နော်တို့အတွက် အ‌တွေးအမြင်သစ်‌တွေ အများကြီး ရ‌စေပါ တယ်”ဟု ဆက်‌ပြောသည်။

ယ‌နေ့ ဒီဇင်ဘာလ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ၃ရက်ကြာ ကျင်းပမည့် ၎င်းအစည်းအ‌ဝေးကို KSNG အဖွဲ့ဝင် ၁ဝဖွဲ့ အပါအဝင် ကရင်လူထု အ‌ခြေပြုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် အချို့တို့ စုစု‌ပေါင်း လူဦး‌ရေ ၆ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြပြီး အဖွဲ့အ စည်း၏ လုပ်‌ဆောင်ချက်များကို အစီရင်ခံစာတင်ပြခြင်း၊ အဆိုတင်သွင်းခြင်း၊ ‌ရှေ့ဆက် လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိ ‌တွေ့ကြုံ‌နေရ‌သော အ‌ခြေအ‌နေများကို ကဏ္ဍအလိုက် ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။

KSNG ကို ၁၉၉၆ခုနှစ် ဇွန်လ ၁၅ရက်‌နေ့တွင် ကရင်‌ကျောင်းသားကွန်ယက်များဖြစ်သည့် ဝမ်းခါ‌ကျောင်းသားများ ကွန်ယက်၊ ထီးဆဲ့မဲ့ယွားနှင့် ချင်းမိုင်ရှိ‌ကျောင်းသားလှုပ်ရှားမှုအဖွဲ့များဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး တနှစ်တစ်ကြိမ် ပုံမှန် အစည်း အ‌ဝေး ကျင်းပ လာခဲ့‌သော်လည်း ယခုနှစ်ပတ်လည် အစည်းအ‌ဝေးတွင် ‌ဒေါက်တာ စင်သီယာ‌မောင်အ‌နေဖြင့် ပထမဆုံးအကြိမ် ပါဝင်တက် ‌ရောက်ခဲ့ခြင်းဖြစ်သည်။