Home သတင်း BGF တပ်ရင်းများ နဘူးမြို့နယ်အတွင်း တပ်သားသစ်များ စု‌ဆောင်း‌နေ

BGF တပ်ရင်းများ နဘူးမြို့နယ်အတွင်း တပ်သားသစ်များ စု‌ဆောင်း‌နေ

1952
နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ နဘူး(သ‌နေးချား)မြို့နယ်ရှိ မယ်ပလာ့‌ဒေသအတွင်း လှုပ်ရှား‌နေ‌သော နယ်ခြား‌စောင့်တပ် BGF တပ်ရင်း ၄ရင်း ဖြစ်သည့် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) တပ်ရင်းများသည် သ‌နေးချားမြို့နယ်အတွင်း ‌ကျေးရွာတစ်ရွာလျင် လူ ၅ဦးဖြင့် တပ် သားသစ် စု‌ဆောင်း‌နေသည်ဟု သိရသည်။

နယ်ခြား‌စောင့်တပ်များသည် ရိက္ခာအတွက် တပ်သားဦး‌ရေ စာရင်း အပြည့်အစုံ အစိုးရထံ တင်ထားခဲ့သည့်အ‌ပေါ် အစိုးရတပ်မှ ၎င်းတို့၏ တပ်ရင်းများအား တပ်သားဦး‌ရေ လာ‌ရောက်စစ်‌ဆေးခဲ့ရာ မပြည့်သဖြင့် ပြန်လည်ဖြည့်ဆည်းရန် အစိုးရက ပြန်စု ‌ဆောင်းခိုင်းလိုက်ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသည့် ရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့ တပ်ရင်းအတွင်းမှာ တပ်သားဦး‌ရေ မပြည့်ရင် အစိုးရက စစ်ခုံရုံးအထိ အ‌ရေးယူမယ်။ ‌နောက် သူတို့က အစိုးရ လစာကို စားတာ ဖြစ်တယ်။ အဲဒါ‌ကြောင့် အစိုးရက သူတို့‌တွေကို ပြန်ပြီး အကြပ်ကိုင်တာဖြစ်တယ်”ဟု သူက ဆိုသည်။

‌အောက်တိုဘာလအတွင်း ကိုကို့ထူး‌ကျေးရွာ၌ BGF နှင့် အစိုးရများ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် အစိုးရက နယ်ခြား‌စောင့်တပ်ကို တပ်သားသစ် စု‌ဆောင်းခိုင်းပြီး အခြားတစ်‌နေရာသို့ ပို့‌ဆောင်သွားရန် အစီအစဉ်ရှိ‌ကြောင်း မယ်ပလာ့‌ဒေသအတွင်းရှိ နယ်ခြား ‌စောင့်တပ်နှင့် နီးစပ်သူတစ်ဦးက ယခုလို ‌ပြောဆိုသည်။

“နယ်ခြား‌စောင့်တပ်ကို ကချင်ပြည်နယ်မှာ အစိုးရတပ်အတွက် စစ်ကူအဖြစ် သွားရမှာဖြစ်တယ်။ ဒါ‌ကြောင့် တပ်သားမပြည့်‌သေး တဲ့ တပ်ရင်းကို တပ်သားဖြည့်ခိုင်းတယ်”ဟု သူက ဆိုသည်။

၎င်း BGF တပ်ရင်းများသည် ‌အောက်တိုဘာလကုန်မှ တပ်သားသစ်များ စတင် စု‌ဆောင်း‌နေခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်‌နေ့ ‌နောက်ဆုံးထားကာ နယ်ခြား‌စောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီး‌စောချစ်သူထံ တပ်သားသစ်စာရင်း တင်ပြသွားရ မည်ဖြစ်‌ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ နယ်ခြား‌စောင့်တပ် (၁၀၁၈)တပ်ရင်းမှူး ဗိုလ်မှူး‌မောင်ဝင်းထံ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ “ကျ‌နော်တို့ တပ်သား‌တွေဟာ သက်တမ်း ၃နှစ် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး‌ပေမဲ့ သူတို့မှာ ကိုယ်ပိုင်နံပါတ်‌တွေ အသီးသီး ရှိကြပါ တယ်။ ဒီအ‌ပေါ်မှာ သူတို့ကို တာဝန် ဆက်လက် ထမ်း‌ဆောင်ဖို့ ပြန်ပြီး ညွှန်ကြားတာဖြစ်ပါတယ်”ဟု ပြန်လည် ‌ဖြေကြားခဲ့သည်။

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ မြန်မာစစ်အစိုးရက တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် DKBA ကို နယ်ခြား‌စောင့်တပ် BGF အဖြစ်သို့ ၂၀၁ဝ ဩဂုတ်လက အသွင်‌ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။