Home သတင်း ဖင်လန်နိုင်ငံမှ ငြိမ်းချမ်း‌ရေးအထူးကိုယ်စားလှယ် မယ်လဒုက္ခသည်စခန်း လာ‌ရောက်‌လေ့လာ

ဖင်လန်နိုင်ငံမှ ငြိမ်းချမ်း‌ရေးအထူးကိုယ်စားလှယ် မယ်လဒုက္ခသည်စခန်း လာ‌ရောက်‌လေ့လာ

2112
နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ဖင်လန်နိုင်ငံ၊ နိုင်ငံခြား‌ရေးဝန်ကြီးဌာန၏ ငြိမ်းချမ်း‌ရေး အကျိုး‌ဆောင် အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ Mr. Kimmo Kiljunen ယမန်‌နေ့ ည‌နေက လာ‌ရောက်‌လေ့လာ လည်ပတ်ခဲ့ သည်။

အဆိုပါကိုယ်စားလှယ်သည် မယ်လစခန်းမှ တာဝန်ရှိသူများနှင့် တစ်နာရီကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ၎င်းအ‌နေဖြင့် မြန်မာနိုင်ငံ တွင် ငြိမ်းချမ်း‌ရေးအမှန်တကယ် ဖြစ်ထွန်းလာပါက ဒုက္ခသည်စခန်းရှိ စခန်းသူ၊ စခန်းသားများ မည်သို့ဆန္ဒရှိ‌ကြောင်း သိလိုသည့် ရည်ရွယ်ချက်ဖြင့် လာ‌ရောက်‌လေ့လာခြင်းဖြစ်သည်ဟု စခန်းအတွင်း‌ရေးမှူး ‌စောအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူက စခန်းထဲမှာ အ‌ခြေအ‌နေ လာ‌ရောက်‌လေ့လာတဲ့ သ‌ဘော‌ပေါ့။ ‌နောက် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးကာလမှာ တိုင်းရင်း သား‌တွေကို ကူညီ‌ထောက်ပံ့‌ပေး‌နေတဲ့ အဖွဲ့အ‌နေနဲ့ လာမိတ်ဆက်‌နေတာဖြစ်တယ်”ဟု သူက ဆက်‌ပြောသည်။

ဖင်လန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်းများ ကို EU အဖွဲ့နည်းတူ ပါဝင်ကူညီ ‌ထောက်ပံ့‌ပေးခဲ့သည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

Mr. Kimmo သည် မယ်လဒုက္ခသည်စခန်းသို့ မသွား‌ရောက်မှီ ‌နေ့လည် ၁၂နာရီခန့်တွင် ကရင်လူထုအ‌ခြေပြုအဖွဲ့များ ဖြစ်ကြ သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ဌာ‌နေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ‌ကော်မတီ(CIDKP)နှင့် ကရင့်ကယ် ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးရုံး(KORD) အဖွဲ့များနှင့် မဲ‌ဆောက်မြို့၊ Mae Sot Hill hotel တွင် တဖွဲ့ချင်းစီ ‌တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဆိုင်ရာ အ‌ခြေအ‌နေများကို ‌မေးမြန်း‌လေ့လာခဲ့သည်ဟု သိရသည်။

KWO အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး နန်းဒါးအဲ့ကလယ်က “သူ(Mr. Kimmo) လာတာက နယ်စပ်က အဖွဲ့အစည်း‌တွေကို သူ့ကိုယ် သူ လာပြီးမိတ်ဆက်တဲ့သ‌ဘောပါပဲ။ ‌နောက်ပြီး ဒီအဖွဲ့‌တွေရဲ့ လုပ်ငန်း‌တွေ ဘယ်လိုရှိသလဲ စတာ‌တွေ လာ‌တွေ့ဆုံ‌မေးမြန်း ‌လေ့လာတဲ့ သ‌ဘောပါပဲ”ဟု ဆိုသည်။

ဖင်လန်နိုင်ငံ ကိုယ်စားလှယ်သည် ယမန်‌နေ့ည‌နေပိုင်းတွင် မယ်လစခန်းမှ ထွက်ခွာသွားခဲ့ပြီး ၎င်းအ‌နေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့တွင် ကျင်းပပြုလုပ်‌နေသည့် တိုင်းရင်းသားများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကိုလည်း ဆက်လက် တက်‌ရောက်‌လေ့လာသွားမည်ဖြစ် သည်။

ထို့အပြင် မြန်မာနိုင်ငံ၊ တနသင်္ာရီတိုင်း ထားဝယ်မြို့နယ်ရှိ second Pilot Project ကိုလည်း လာမည့်အပတ်တွင် သွား‌ရောက် ‌လေ့လာဦးမည်ဖြစ်‌ကြောင်း သိရသည်။