Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် မဲ့ကသာတွင်စိစစ်‌ရေး ကတ်ပြား ပြုလုပ်‌ပေး‌နေ

ကြာအင်းဆိပ်ကြီးမြို့နယ် မဲ့ကသာတွင်စိစစ်‌ရေး ကတ်ပြား ပြုလုပ်‌ပေး‌နေ

3156
ဇူလိုင်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (ကရင်သတင်းဌာန)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မဲ့ကသာ‌ကျေးရွာအုပ်စုရှိမဲ့ကသာရွာကြီးတွင် မြန်မာအစိုးရ လူဝင်မှု ကြီးကြပ်‌ရေး-လဝက၊ Norwegian Refugee Council (NRC)နှင့် ကရင်အမျိုးသား အစည်းအရုံး-‌ကေအဲန်ယူတို့ ပူး‌ပေါင်း၍ ‌ဒေသခံ လူထုများအတွက် နိုင်ငံသား စိစစ်‌ရေး ကတ်ပြားများ ပြုလုပ်‌ပေးလျှက်ရှိသည်။

နိုင်ငံသားစိစစ်‌ရေးကတ်ပြားကို ဇူလိုင်လ ၂၉ရက်‌နေ့မှစ၍ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လဝကမှ ၆ဦး၊ NRC အဖွဲ့ဝင် ၂ဦးနှင့် ‌ကေအဲန်ယူ အဖွဲ့ဝင်အချို့က ကူညီ‌ဆောင်ရွက်ကာ ‌ဒေသခံများအား နိုင်ငံသားစိစစ်‌ရေးကတ်ပြား ထုတ်‌ပေးခြင်းဖြစ်သည်ဟု ၎င်းကတ်ပြားရိုက်‌ပေးရာ တွင် ပါဝင်‌ဆောင်ရွက်‌ပေး‌နေသည့် ‌ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ၎င်းတာဝန်ခံက “ကျ‌နော်တို့ မှတ်ပုံတင်(နိုင်ငံသားစိစစ်‌ရေးကတ်ပြား)လုပ်‌ပေးတာက ကုန်ကျစရိတ် ဘာမှ မယူပါဘူး ဆို‌တော့ လာလုပ်တဲ့သူ တ‌နေ့ တစ်ရာ‌ကျော်တယ်။ အခု ပြုလုပ်‌ပေးတဲ့အကြိမ်ဟာ မိုးပွင့်စီမံချက်-၃ ဖြစ်ပါတယ်”ဟု ကရင်သတင်းဌာနသို့ ‌ပြောသည်။

မြန်မာအစိုးရ လဝကမှ ကြီးကြပ်၍ နိုင်ငံသားစိစစ်‌ရေးကတ် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို မိုးပွင့်စီမံချက်အဖြစ် အမည်‌ပေးခဲ့ပြီး ပြီးခဲ့သည့် ‌မေလ ၂၈ရက်‌နေ့တွင် မိုးပွင့်စီမံချက်-၁အဖြစ် ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင်းမှ အိုးအိမ်မဲ့ ကရင်လူ မျိုး ၃၆ဦးကို နိုင်ငံသားစိစစ်‌ရေးကတ်ပြား ထုတ်‌ပေးခဲ့သည်။ ထို့အပြင် ‌မေလဆန်း၌လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ‌ရွှေကုက္ကို ‌ကျေးရွာမှ ‌ဒေသခံများကို မိုးပွင့်စီမံချက်-၂အဖြစ် နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်‌ပေးခဲ့‌သေးသည်။

လက်ရှိ မဲ့ကသာရွာ၌ မနက် ၆း၃ဝမှ ည‌နေ ၅နာရီအထိ နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်‌ပေးလျှက်ရှိပြီး ဇူလိုင် ၂၉ရက်‌နေ့မှ ၃၁ရက်‌နေ့ အထိ ‌ဒေသခံ ၄၀၀‌ကျော် ပြုလုပ်ပြီးစီးသွားပြီဟု သိရသည်။ ယင်းစိစစ်‌ရေးကတ်ပြား ပြုလုပ်သည့် ကုန်ကျစရိတ်‌ငွေအားလုံးကို NRC မှ တာဝန်ယူ‌ပေးကာ ‌ဒေသခံများအ‌နေဖြင့် သွားလာမှုနှင့် စားစရိတ်များသာ ကုန်ကျရသည်ဟု ကူညီ‌ပေးသူများက ‌ပြောဆိုသည်။

နိုင်ငံသားစိစစ်‌ရေးကတ် ပြုလုပ်သူ ‌ဒေသခံ အမျိုးသားတဦးက “ကျ‌နော်တို့ကို ဒီလို တခါမှ လာလုပ်‌ပေးတာ မရှိဘူး။ ‌နောက် တစ်ရက် လုပ်တာနဲ့ ပြီးတယ်‌လေ။ ဒါ‌ကြောင့် အခုလို အမြန်လုပ်‌ပေးတာ အရမ်းဝမ်းသာတယ်။ ‌နောက် ကုန်ကျစရိတ်လည်း မ‌ပေးရဘူးဆို‌တော့ ‌တော်‌တော်‌ကောင်းပါတယ်”ဟု ‌ပြောသည်။

ယခု မဲ့ကသာ‌ကျေးရွာအုပ်စုအတွင်း နိုင်ငံသားစိစစ်‌ရေးကတ် ပြုလုပ်သည့် ‌ကျေးရွာများမှာ မဲ့ကသာရွာကြီး၊ မဲ့ကသာရွာ‌လေး၊ မဲ့ကသာ ကွီး၊ ‌မော်‌တော်၊ ဆင်တဲ၊ သဘာဝ၊ ဆီးနှစ်ပင်၊ တဲသုံးလုံး၊ ထီးသဘလု၊ ‌လေးတာ‌ဝေါ်၊ ‌မောင်းဖာ‌ထောင်း၊ ထီးလယ်‌ဘောခီးနှင့် ‌လောသျှမ်း စုတို့ ဖြစ်ကြသည်။

မဲ့ကသာတွင် ပြုလုပ်ပြီးပါက မိုးပွင့်စီမံချက်၏ ‌နောက်ဆက်တွဲအဆင့်များအဖြစ် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ လအထိ ထုတ်‌ဝေ‌ပေးသွားမည်ဟုလည်း သိရသည်။