Home သတင်း တိုင်းရင်းသားအ‌ရေးသည် တိုင်းပြည်၏ အ‌ခြေခံအုတ်မြစ်

တိုင်းရင်းသားအ‌ရေးသည် တိုင်းပြည်၏ အ‌ခြေခံအုတ်မြစ်

1534

အယ်ဒီတာ့အာ‌ဘော်

‌နေပြည်‌တော်၌ ကျင်းပလျှက်ရှိသည့် ပြည်သူ့လွှတ်‌တော် စတုတ္တပုံမှန် အစည်းအ‌ဝေးတွင် တက်‌ရောက်‌နေကြသူ ပါတီ‌ပေါင်းစုံမှ အမတ်များက တိုင်းရင်းသားအ‌ရေး အရာများကို အ‌တော်‌လေး ‌ဆွေး‌နွေး တင်ပြ ‌ထောက်ခံ‌နေကြသည်ကို ကြား၊ သိ‌နေရသည်။ ပြည်တွင်းစစ်မီး မငြိမ်းချမ်း‌သေးသည့် တိုင်းရင်းသား‌ဒေသများအ‌ရေးမှစ၍ တိုင်းရင်းသားစာ‌ပေများကိစ္စ၊ မတိုးတက်သည့် တိုင်းရင်းသား‌ဒေသများ၏ ဆင်းရဲမွဲ‌တေမှု ပြဿနာအဆုံး ကြားနာ‌ဆွေး‌နွေး‌နေကြသည်။ သည့်အပြင် တိုင်းရင်းသားနိုင်ငံ‌ရေး အင်အားစုများကလည်း တိုင်းရင်းသား ညီလာခံကြီးတစ်ရပ် ကျင်းပသွားရန် အစိုးရအာဏာပိုင်များကို တိုက်တွန်း‌တောင်းဆိုလိုက်‌သေးသည်။

လက်ရှိ အာဏာရပါတီဖြစ်‌သော ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၏ ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်‌မြေမှ ပြည်သူ့လွှတ်‌တော်အ မတ် ဦးတီခွန်မြတ်ကိုယ်တိုင် “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကို ကာကွယ်‌စောင့်‌ရှောက်‌သော ဥပ‌ဒေပြဌာန်းခွင့်”အဆိုကို ဇူလိုင် လ ၂၅ရက်‌နေ့က တင်ပြခဲ့ပြီး ကြားဖြတ်‌ရွေး‌ကောက်ပွဲ အနိုင်ရပါတီ NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် ‌ထောက်ခံခဲ့သည်။ ဗမာပြည်တွင် တိုင်းရင်းသားများနှင့် ပတ်သက်သည့် အခန်းကဏ္ဍတိုင်းမှာ မ‌ပြောမပြီး၊ မတီးမမြည်ဆိုသလို အ‌ရေးတယူ ‌ဆောင်ရွက်ရန် လို‌ကြောင်း ၎င်းတင်ပြမှုများက မီး‌မောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

ယင်းသို့ တင်ပြလိုက်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကို ကာကွယ်‌စောင့်‌ရှောက်‌သော ဥပ‌ဒေပြဋ္ဌာန်း‌ရေးအဆိုကို လူဝင်မှု ကြီးကြပ်‌ရေး(လ.၀.က) ဒုတိယဝန်ကြီး၊ ပြည်ထဲ‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်‌ထောင်စု‌ရှေ့‌နေချုပ်ရုံးမှ ဒုတိယ ‌ရှေ့‌နေချုပ်တို့က ‌ထောက်ခံ‌ဆွေး‌နွေးပြီး ဇူလိုင်လ ၃ဝရက်‌နေ့တွင် ပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးက အတည်ပြုလိုက်ပြီဖြစ်သည်။ တိုင်းရင်းသား‌ပေါင်းစုံ မှီတင်း‌နေထိုင်သည့် တိုင်းပြည်တွင် ‌ခေတ်အဆက်ဆက်၊ အစိုးရအဆင့်ဆင့်က ပြဌာန်းရန် ဥ‌ပေက္ခာပြု၊ လစ်လျူရှုခဲ့ခြင်းကို ယခုကျမှသာ ‌ဆွေး‌နွေးအတည်ပြု‌နေရခြင်းဖြစ်သည်။

တိုင်းပြည်အတွင်း လူမျိုးတမျိုး၏ အခွင့်အ‌ရေးကို ချိုး‌ဖောက်ခံ‌နေရ၍သာ လွှတ်‌တော်တွင် ယခုလို တင်ပြ‌တောင်းဆိုမှုများ ဖြစ်လာရခြင်း ဖြစ်သည်။ လူမျိုးတမျိုးချင်းစီ၏ စာ‌ပေ၊ ဘာသာစကား၊ ယဉ်‌ကျေးမှုများကို လွတ်လပ်စွာ ထိန်းသိမ်း‌ဖော်ထုတ်ခွင့်မရှိဘဲ ကန့်သတ်ချက် များ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ‌ဘောင်ခတ်ထားပါက အကြင်သူသည် ထိုလူမျိုး၏ အခွင့်အ‌ရေးကို ချိုး‌ဖောက်လိုက်ခြင်းမည်၏။ “စာ‌ပေ မြင့်မှ လူမျိုးတင့်မည်”ဟူသည့် ဆိုရိုးစကား ရှိ‌ပေသည်။ မိမိတို့၏ လူမျိုးတင့်တယ်ရန်အတွက် စာ‌ပေကို ‌ရေးသား ထိန်းသိမ်း ‌ဖော်ထုတ်ရန် မှာလည်း များစွာ လိုအပ်လှသည်။

လက်ရှိ လွှတ်‌တော်တွင်းဖြစ်‌စေ၊ လွှတ်‌တော်ပြင်ပမှ အစိုးရနှင့် နိုင်ငံ‌ရေးပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ၌ဖြစ်‌စေ အစိုးရ‌ကျောင်းများ၏ စာသင်ချိန်များတွင် တိုင်းရင်းသားစာ‌ပေများကို သက်ဆိုင်ရာ ပြည်နယ်အလိုက် သင်ကြားခွင့်များ တခုတ်တရ ‌ဆွေး‌နွေးခဲ့ကြ၊ သ‌ဘောတူ ညီမှုအချို့ ရခဲ့ကြ‌သော်ငြား လိုအပ်မှုများ ရှိ‌နေ‌ပေ‌သေးသည်။ ဗမာပြည်အတွင်းရှိ တိုင်းရင်းသားများသည် ၎င်းတို့၏ ကိုယ်ပိုင်‌နောက်ခံ သမိုင်း‌ကြောင်းများ မတူညီကြ‌သော်လည်း မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး ‌တောင်းဆိုမှုများမူကား ထပ်တူထပ်မျှပင် ဖြစ်သည်။ ထို့အ တွက် ‌နောက်ခံသမိုင်း မတူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထား‌သော ပြည်‌ထောင်စုတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)အ‌နေဖြင့် လက်ရှိအစိုးရက တစ်‌ပြေးညီ အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံ‌ရေးကို တစုတစည်းတည်း ‌ဆွေး‌နွေး သွားလိုကြသည်။

တစ်ဖက် လွှတ်‌တော်အစည်းအ‌ဝေးရှိ တိုင်းရင်းသားလွှတ်‌တော်အမတ်များကလည်း မိမိတို့ တိုင်းရင်းသားများ၏ အခွင့်အ‌ရေးများ ကာကွယ်နိုင်ရန်နှင့် ‌ဒေသတိုးတက်ဖွံ့ဖြိုးရန် တန်းတူညီမျှမှု၊ အပြန်အလှန် ‌လေးစားယုံကြည်မှုများကို အ‌ခြေခံပြီး စစ်မှန်‌သော ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကြီး ‌ပေါ်ထွန်းလာ‌ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအတွင်းရှိ တည်ဆဲဥပ‌ဒေများကို လိုအပ်သလို ပြုပြင်ပြဋ္ဌာန်းသင့် သလို အရည်အချင်း ပြည့်မှီ‌သော အမျိုးသမီးများကိုပါ လက်ရှိ လွှတ်‌တော်တွင်းမှ ၁၂ရာခိုင်နှုန်းထက် ‌ကျော်လွန်၍ ‌ခေါင်း‌ဆောင်မှုတွင် ပါဝင်‌စေသင့်‌ကြောင်း တိုက်တွန်းလိုက်ရ‌ပေသည်။