Home သတင်း ‌ရေးမြို့နယ်တွင် အာဇာနည်‌နေ့ ကျင်းပခွင့်မရ

‌ရေးမြို့နယ်တွင် အာဇာနည်‌နေ့ ကျင်းပခွင့်မရ

3468
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

မြန်မာနိုင်ငံ‌တောင်ပိုင်း မွန်ပြည်နယ်၊ ‌ရေးမြို့နယ်တွင် လာမည့် ဇူလိုင် ၁၉ရက်တွင် ကျ‌ရောက်မည့် (၆၅)နှစ်‌မြောက် အာဇာနည်‌နေ့ ချီတက်အ‌လေးပြုခြင်း၊ အခမ်းအနား ကျင်းပခြင်းကို အာဏာပိုင်တို့က ခွင့်မပြု‌ကြောင်း သိရသည်။

အာဇာနည်‌နေ့ ချီတက်အ‌လေးပြုခြင်း အခမ်းအနားအတွက် ငြိမ်းချမ်းစွာ စု‌ဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်လို ‌ကြောင်း ‌ရေးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်တို့၏ ‌လျှောက်ထားချက်ကို ‌ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဇူလိုင်လ ၁၄ရက်‌နေ့တွင် ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။

“‌ရေးမြို့နယ်မှာ အာဇာနည်‌နေ့ ကျင်းပခွင့်မရဘူး။ ‌ရေးမြို့နယ် အုပ်ချုပ်‌ရေးမှူးအဖွဲ့က‌နေ သူတို့ ငြင်းပယ်လိုက်တယ်ဆိုတဲ့ အ‌ကြောင်းပြ ချက်‌တွေနဲ့ ကျ‌နော်တို့ကို အ‌ကြောင်းပြန်ကြားလာတာပါ”ဟု ‌မော်လမြိုင်မှ NLD ပြန်ကြား‌ရေး တာဝန်ခံ ကိုကို‌ဇော်က ‌ပြောသည်။

အခမ်းအနား ကျင်းပသည့်‌နေရာသည် အထက(၁) ‌ဘောလုံးကွင်း‌ဘေးဖြစ်ပြီး က‌လေးသူငယ်များနှင့် အများပြည်သူများ အားကစား ပြုလုပ်သည့်‌နေရာဖြစ်ခြင်း၊ ထို‌နေရာကို အာဇာနည်‌နေ့ အခမ်းအနားပြုလုပ်ရန် မသတ်မှတ်ထားခြင်း၊ မြို့နယ်စည်ပင်သာယာ‌ရေး နယ်နိ မိတ်အတွင်း တည်ရှိပြီး အများပိုင်‌မြေအဖြစ် တည်ရှိ‌နေခြင်း‌ကြောင့် မည်သည့်အဖွဲ့အစည်းကိုမျှ ခွင့်ပြု၍ မရဟု ပြန်ကြားခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်တွင် အာဇာနည်‌နေ့ အခမ်းအနား ပြုလုပ်ရန် ‌ဆောင်ရွက်လျှက်ရှိသဖြင့် ယခု ‌လျှောက်ထားသည့် ‌နေရာသည် လွမ်းသူ့ပန်း‌ခွေချသင့်သည့် ‌နေရာမဟုတ်‌ကြောင်း စသည့်အ‌ကြောင်းပြချက်များနှင့် ငြင်းပယ်ခဲ့သည်ဟု ၎င်းက ‌ပြောဆိုသည်။

‌ရေးမြို့နယ်နည်းတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ပဲခူးမြို့နယ်၊ ပြည်မြို့နယ်တို့တွင်လည်း အာဇာနည်‌နေ့ ချီတက်အ‌လေးပြုခြင်း အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တို့က ခွင့်မပြုသဖြင့် ကျင်းပခွင့် မရရှိကြ‌ကြောင်း သိရသည်။

သို့‌သော်လည်း မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပြည်နယ်ဝန်ကြီးချုပ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၁၉ရက်‌နေ့၌ ကျ‌ရောက်သည့် အာဇာနည်‌နေ့အခမ်းအနား ကျင်းပခွင့်ရရှိထားသည်ဟုလည်း ကိုကို‌ဇော်က ‌ပြောသည်။

မြန်မာပြည်တွင် ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်‌နေ့က ဗိုလ်ချုပ်‌အောင်ဆန်း အပါအဝင် မိုင်းပွန်‌စော်ဘွား စပ်စံထွန်း၊ ဦးဘဝင်း၊ ဒီးဒုတ် ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန်ဦးအုန်း‌မောင်နှင့် ရဲ‌ဘော်ကို‌ထွေးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့်‌နေ့ကို အစွဲပြု၍ အာဇာနည် ‌နေ့ဟု သတ်မှတ်ခဲ့ကြသည်။