Home သတင်း မယ်‌တော်‌ဆေးခန်းတွင် က‌လေးလူနာ ပိုများလာ

မယ်‌တော်‌ဆေးခန်းတွင် က‌လေးလူနာ ပိုများလာ

2511
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် ယခုအပတ်အတွင်း က‌လေးလူနာမှာ ယခင်လကထက် ပိုများလာသည်ဟု ‌ဆေးခန်းမှ က‌လေးကျန်းမာ‌ရေးတာဝန်ခံ ဆရာမ ‌နော်‌မေစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆေးခန်းသို့ ‌ရောက်ရှိလာသည့် က‌လေးအ‌ရေအတွက်မှာ ဇွန်လ၌ တစ်ရက်လျင် ၄၀-၅ဝဦးအကြား ရှိ‌သော်လည်း ဇူလိုင်လ၌မူ ပထမအ ပတ်အတွင်း၌ပင် တစ်ရက်လျှင် ၈ဝဦး‌ကျော်အထိ ရှိ‌နေခြင်းဖြစ်သည်။

ဆရာမ ‌နော်‌မေစိုးက “ကူးစက်‌ရောဂါ‌တွေက‌နေ မိဘ‌တွေ ဂရုမပြုမိတဲ့အတွက် က‌လေး‌တွေ ဖျားနာတာ များကြတာပါ။ ဒီလို မိုးရာသီမျိုး မှာ တုပ်‌ကွေးတို့၊ ငှက်ဖျားတို့၊ ဝမ်း‌လျော ဝမ်းပျက်တာ‌တွေက ကူးစက်လွယ်တယ်‌လေ”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ဝန်းကျင်‌နေ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများမှ ‌မွေးဖွားလာသည့် အသက် ၁၂နှစ်‌အောက်အရွယ် က‌လေးငယ် များမှာ ငှက်ဖျား၊ တုပ်‌ကွေး၊ ဝမ်း‌လျောဝမ်းပျက်၊ ‌ချောင်းဆိုးရင်ကြပ်‌ရောဂါများ အဖြစ်များ‌နေပြီး ‌ချောင်းဆိုးရင်ကြပ်‌ရောဂါမှာမူ ငါးနှစ် ‌အောက်က‌လေးအရွယ် အဖြစ်များ‌ကြောင်း သိရသည်။

က‌လေးငယ်တစ်ဦး၏ ကုသမှုကုန်ကျစရိတ်မှာ ထိုင်းဘတ်‌ငွေ ၅၀-၈ဝကြား ရှိ‌သော်လည်း မယ်‌တော်‌ဆေးခန်းမှ က‌လေးငယ်များအား ‌နေ့ စဉ် အခမဲ့ ကုသ‌ပေးလျက်ရှိသည့်အတွက် မြန်မာဘက်ကမ်းမှ လာ‌ရောက်ကုသကြသူများလည်း ရှိသည်။

မြဝတီမြို့ရှိ ‌ဆေးခန်းများတွင် ကုသစရိတ်အတွက် အကုန်ကျ မခံနိုင်၍ မဲ‌ဆောက်မြို့၊ မယ်‌တော်‌ဆေးခန်းသို့ လာ‌ရောက်ပြသရခြင်းဖြစ် ‌ကြောင်း က‌လေးမိခင်တစ်ဦးဖြစ်သူ မမြ‌အေးက “ဒီမှာဆို အခမဲ့ကုသခွင့်ရတယ်။ လမ်းစရိတ်‌လောက်ပဲ ကုန်တာပါ။ ဒီလိုအခမဲ့ ကုသခွင့်ရ တဲ့အတွက် ဆရာမကြီး (‌ဒေါက်တာစင်သီယာ‌မောင်)နဲ့ ဆရာ၊ ဆရာမ အားလုံးကို ရင်ထဲက အမြဲ ‌ကျေးဇူးတင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆေးခန်းသို့ ဘားအံ၊ ‌ကော့ကရိတ်၊ ရန်ကုန်မြို့များမှ က‌လေးများလည်း လာ‌ရောက် ‌ဆေးကုသခံကြပြီး ယင်းတို့ထဲ၌ ‌မွေးရာပါ နှလုံး‌ရော ဂါနှင့် ‌မွေးရာပါ စအို‌ပေါက် မပါသူများလည်း ‌တွေ့ရှိရသည့်အတွက် ၎င်းလူနာများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ သွား‌ရောက်ကုသနိုင်ရန် မယ်‌တော်‌ဆေးခန်းမှ စီစဉ်‌ပေးသည်ဟုလည်း က‌လေးကျန်းမာ‌ရေး တာဝန်ခံ ဆရာမ ‌နော်‌မေစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂ခုနှစ်၊ ဇွန်လကုန်မှစ၍ ဘဏ္ဍာ‌ငွေ‌လျော့နည်းလာခြင်း‌ကြောင့် မယ်‌တော်‌ဆေးခန်းမှ အခြားဌာနတချို့အတွက် လုပ်ငန်းအ‌ကောင်အ ထည်‌ဖော်မှု အခက်အခဲများ ရှိလာ‌သော်လည်း က‌လေးကျန်းမာ‌ရေးဌာနမှာမူ လတ်တ‌လောကာလတွင် ထိခိုက်မှု မရှိ‌သေး‌ကြောင်း ဆရာမ‌နော်‌မေစိုးက ‌ပြောသည်။

ထို့အပြင် မယ်‌တော်‌ဆေးခန်းမှ က‌လေးကျန်းမာ‌ရေးဌာနအ‌နေဖြင့် “School Health Team” အဖွဲ့တဖွဲ့ဖွဲ့ပြီး မဲ‌ဆောက်မြို့ရှိ ‌ရွှေ့‌ပြောင်းမြန် မာစာသင်‌ကျောင်းများတွင် ‌ဆေးဝါးကုသမှုနှင့် ကျန်းမာ‌ရေး ပညာ‌ပေးခြင်းကိုလည်း ‌ခြောက်လတကြိမ် လုပ်‌ဆောင်‌ပေးသည်။

၂၀၁ဝခုနှစ်နှင့် နှိုင်းယှဉ်လျင် ၂၀၁၁ခုနှစ်တွင် ပြင်ပ က‌လေးလူနာ ၂,၁၀ဝဦး‌ကျော် ‌လျော့နည်းသွားပြီး ၁၃ရာခိုင်နှုန်း ဖြစ်သည်။ က‌လေး အတွင်းလူနာသည်လည်း ၄၉ဝဦး‌ကျော် ‌လျော့နည်းသွားပြီး ၂၇ရာခိုင်နှုန်းဖြစ်‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ ၂၀၁၁ခုနှစ်၊ နှစ်ချုပ်အစီရင်ခံ စာတွင် ‌ဖော်ပြထားသည်။