Home သတင်း လယ်‌မြေနှင့် သချင်္ိုင်း‌မြေ သိမ်းဆည်းခံရသဖြင့် ကရင်‌ဒေသခံများ အခက်အခဲ‌တွေ့ကြုံ

လယ်‌မြေနှင့် သချင်္ိုင်း‌မြေ သိမ်းဆည်းခံရသဖြင့် ကရင်‌ဒေသခံများ အခက်အခဲ‌တွေ့ကြုံ

1871
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့‌မြောက်ဘက် စက်မှုဇုံနယ်‌မြေတဝိုက်ရှိ ထီးဖိုးခလုံး‌ကျေးရွာတွင် လယ်ယာ‌မြေများ သိမ်းဆည်းခံထားရသည့်အ ပြင် သချင်္ိုင်း‌မြေများပါမကျန် အစိုးရဘက်မှ သိမ်းဆည်းထားမှု‌ကြောင့် ‌ဒေသခံများ အခက်အခဲ ကြုံ‌တွေ့‌နေကြရသည်ဟု ထို‌ဒေသမှလာ သည့် သတင်းများအရ သိရသည်။

“သူတို့လုပ်နိုင်တာလည်း မဟုတ်ဘူး။ ရွာသား‌တွေကိုလည်း မ‌ပေးလုပ်ဘူး” ဟု ထီးဖိုးခလုံး‌ဒေသခံများက ‌ပြောသည်။

အစိုးရဘက်မှ နယ်ခြား‌စောင့်တပ်ရင်း နယ်‌မြေ‌နေအတွက်ဆိုကာ ထီးဖိုးခလုံး‌ကျေးရွာရှိ လယ်ယာ၊‌မြေများနှင့် သချင်္ိုင်း‌မြေများကိုပါ သိမ်း ယူပြီး ‌မြေထိုးစက်ကြီးများဖြင့် လာ‌ရောက်တူးဆွ‌နေကြပြီ ဖြစ်‌ကြောင်းလည်း ဖလုံ-စ‌ဝေါ် ဒီမိုကရတ်တစ်ပါတီမှ အမျိုးသမီး‌ရေးရာ တာဝန်ခံ ‌နော်ယုဇနဝါက ယခုလို ‌ပြောသည်။

သူက “အစိုးရက BGF ကိုချ‌ပေးထားတဲ့‌မြေကွက်‌တွေက မလွတ်မကင်း‌မြေဖြစ်ပြီး ‌မြေပိုင်ရှင်‌တွေ ရှိ‌နေတယ်။ သချင်္ိုင်း‌မြေပါမကျန် အကုန် ယူလိုက်‌တော့ အခု‌သေတဲ့သူ‌တွေကို ဘယ်မှာသွားမြှုပ်ရမလဲ‌တောင် မသိ‌တော့ဘူး ဖြစ်‌နေကြပြီ”ဟု ‌ပြောသည်။

ထို့အပြင် စက်မှုဇုံ စတင်လုပ်‌ဆောင်ခဲ့သည့် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ‌ကော့ကရိတ်မြို့နယ် ကျုံဒိုး‌ကျေးနယ် ကျွန်းက‌လေး‌ကျေး ရွာတွင် ယခင်စစ်အစိုးရလက်ထပ်က တပ်‌မြေအဖြစ် သိမ်းဆည်းထား‌သော လယ်‌မြေဧက‌ပေါင်း ၈၀ဝနီးပါးနှင့် နဘူးရွာ‌ကျေးရွာတွင်လည်း အစိုးရ စစ်တပ်နှင့်နီးသည့် လယ်ယာ‌မြေများ သိမ်းဆည်းခံထားရသည့်အပြင် ထိုလယ်‌မြေများအတွက် သွား‌ရောက်လုပ်ကိုင်‌ပေး‌နေရ ‌ကြောင်းလည်း ‌နော်ယုဇနဝါက ဆက်‌ပြောသည်။

‌နော်ယုဇနဝါက “လယ်‌မြေ‌တွေကို သိမ်းတာတင် မက‌သေးဘူး။ နှစ်တိုင်း သွားထွန်‌ပေးရတယ်။ သွားစိုက်‌ပေးရတယ်။ မသွားမ‌နေရ သွား လုပ်‌ပေးရ‌သေးတယ်”ဟု ‌ပြောသည်။

ထိုလယ်ယာ‌မြေအသိမ်းခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလူ့အခွင့်‌ရေး‌ကော်မရှင်ထံ ဖလုံ-စ‌ဝေါ်က တိုင်ကြားထားသကဲ့သို့ ဘားအံမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာတို့အား တိုင်ကြားထား‌သော်လည်း ထူးခြားမှု တစုံတရာ မရှိ‌သေး‌ကြောင်း သိရသည်။

“အရင်တုန်းက ဒီလိုမျိုး သိမ်းခံရရင် တိုင်ကြားလို့ရတယ်ဆိုတာကို လယ်သမား‌တွေက မသိခဲ့ကြဘူး‌လေ။ အခု‌တော့ လွှတ်‌တော်ကိုယ်စား လှယ်‌တွေကလည်း ဒီလိုမျိုးဖြစ်ရင် တိုင်ကြားလို့ ရတယ်ဆိုတာမျိုး‌တွေ ‌ပြောလာ‌တော့ သူတို့သိမ်းခံထားရတာ‌တွေကို ထုတ်‌ဖော်လာကြ တာပါ”ဟုလည်း ကရင်အမျိုးသားတစ်ဦးက ‌ပြောသည်။

အစိုးရက ‌ဒေသခံများ၏ လယ်ယာ‌မြေများကို သိမ်းဆည်း‌နေရုံမကပဲ စက်မှုဇုံနယ်‌မြေ၏ လမ်း‌ဘေးအနီးတွင်ရှိ‌သော အိမ်‌မြေများကိုပါ ‌ပြောင်း‌ရွှေ့ခိုင်းရန် ကြိုးပမ်း‌နေကြ‌ကြောင်းလည်း ‌နော်ယုဇနဝါက ‌ပြောသည်။

လက်ရှိအချိန်တွင် ဘားအံစက်မှုဇုံနယ်‌မြေများ ‌ဆောက်လုပ်ဆဲဖြစ်ပြီး လျှပ်စစ်မီးမရရှိ‌သေးသဖြင့် စက်မှုလုပ်ငန်းများ စတင်လုပ်ကိုင်ခြင်း မရှိ‌သေး‌ကြောင်းလည်း သိရသည်။