Home သတင်း မန္တ‌လေးတိုင်း ကျန်းမာ‌ရေးအရာရှိ လူထုအ‌ခြေပြုအဖွဲ့၏ လုပ်ငန်းများကို ဝင်စွက်ဖက်‌နေ

မန္တ‌လေးတိုင်း ကျန်းမာ‌ရေးအရာရှိ လူထုအ‌ခြေပြုအဖွဲ့၏ လုပ်ငန်းများကို ဝင်စွက်ဖက်‌နေ

1836
ဇူလိုင်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

မန္တ‌လေးမြို့ တိုင်းကျန်းမာ‌ရေးအရာရှိ (Regional Officer- RO) ‌ဒေါက်တာ‌ကျော်စိုးသည် လူထုအ‌ခြေပြုအဖွဲ့အချို့၏ လုပ်ပိုင်ခွင့်များကို ဝင်‌ရောက်စွက်ဖက်လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များအ‌နေဖြင့် စိတ်အ‌နှောက် အယှက်ဖြစ်ရသည်ဟု ‌ဒေသတွင်းရှိ လူထုအ‌ခြေပြု အဖွဲ့တစ်ခုမှ မန်‌နေဂျာ အမျိုးသမီး တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “RO က တစ်နည်းနည်းနဲ့ ကျမတို့ အလုပ်လုပ်ရင် ‌ငွေကို လှည့်ပတ်‌တောင်း‌နေတာ‌လေ။ အရင်က ကျမတို့လခ‌တွေ ‌ပေါင်းပြီး‌ပေး ‌တော့ အဆင်‌ပြေခဲ့တာပါ။ အခု မ‌ပေးနိုင်‌တော့ အလုပ်‌တွေကို ပြဿနာရှာလာတာပါ။ ကျမတို့အလုပ်‌တွေဟာ ပရဟိတ အလုပ်‌တွေဖြစ် လို့ အမြတ်အစွန်း မတွက်ပါဘူး။ အိတ်စိုက်လုပ်သင့် လုပ်ရတာ‌လေ။”ဟု ‌ပြောသည်။

၎င်းအပြင် ကျန်းမာ‌ရေးဆိုင်ရာ ပညာ‌ပေးလုပ်ငန်းများနှင့် ခုခံအားကျဆင်းသည့် ‌ဝေဒနာရှင်များကို ‌ဆေးဝါး‌ပေး‌ဝေလျှက်ရှိသည့် လူမှု‌ရေး အဖွဲ့မှာလည်း ယခင်က RO နှင့် ဆက်ဆံ‌ရေး အဆင်‌ပြေမှု ရှိခဲ့ပြီး ယခုအချိန်တွင်မူ လူမှုအဖွဲ့ ‌တွေ့ဆုံပွဲများ၌ RO မှ ၎င်းသ‌ဘောမကျသူ ကို တက်‌ရောက်‌စေခြင်းမရှိ‌ကြောင်း ‌တွေ့ဆုံပွဲ စီစဉ်သူတစ်ဦးက ‌ပြောသည်။

“အခုက ဘယ်လိုဖြစ်သလဲဆို‌တော့ သူနဲ့မတည့်တဲ့သူ ပါလာရင် ပွဲလုပ်ခွင့်‌တွေမ‌ပေးသလို စည်းမျဉ်း‌တွေ သူဖာသာချ‌တော့တာပဲ။ တိုင်း ကျန်းမာ‌ရေးဦးစီးမှုး ‌ဒေါက်တာမိုး‌ဆွေက ခွင့်‌ပေးတာကို‌တောင် သူက ကန့်ကွက်တယ်။ အစည်းအ‌ဝေးလုပ်ဖို့ သွား‌ပြောရင်လည်း သူ နာမည်တပ်တဲ့လူ‌တွေ မပါ‌စေနဲ့။ မဖိတ်နဲ့လို့ ‌ပေါ်တင်‌ပြောတာ”ဟု အစည်းအ‌ဝေးကျင်းပသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထို့အပြင် ၂၀၁၂ခုနှစ်၊ လူထုအကျိုးပြု စွမ်း‌ဆောင်သူများအတွက် ‌ပေး‌သော Red Ribbon ဆုရသူတစ်ဦးအား ကုလသမဂ္ဂ အဖွဲ့ဝင်များမှ ‌တွေ့ခွင့်‌တောင်းရာ အဆိုပါဆုရှင်မှာ စည်းကမ်းချိုး‌ဖောက်သဖြင့် မဖိတ်ထား‌ကြောင်း ‌ပြောဆိုသည့်အပြင် အဖွဲ့နာမည်ကိုလည်း ‌ဖျောက် ဖျက်ထားခဲ့သည်။

‌ဒေသခံ ဆရာဝန်တစ်ဦးက “စည်းကမ်းချိုး‌ဖောက်တယ်ဆိုရင်လည်း စာထုတ်ပါလို့ သူ့ကို ‌ပြောပါတယ်။ ‌ဖြေရှင်းမယ်ဆို‌တော့လည်း မသိ ချင်‌ယောင်‌ဆောင်ပြီး စကားကို လွှဲ‌ပြောတယ်။ ကိုယ်‌ရေးကိုယ်တာ ပြဿနာဆိုရင်လည်း အလုပ်‌တွေကို လာမစွက်ဖက်သင့်ပါဘူး။ အရင် အစိုးရလက်ထက်က လုပ်ခဲ့တာ‌တွေကို အရှိန်မ‌သေ‌သေးဘူး။ ခုထိ ဆက်လုပ်‌နေတယ်”ဟု ဆိုသည်။

RO နှင့် ပတ်သက်၍ ‌ဖြေရှင်း‌ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို အကူအညီ‌တောင်းခံ‌သော်လည်း ကိုယ်‌ရေးကိုယ်တာ အ‌ကြောင်း ပြကာ မ‌ဖြေရှင်း‌ပေးသလို လူထုအ‌ခြေပြုအဖွဲ့အချို့အ‌နေဖြင့်လည်း အဖွဲ့မှတ်ပုံတင်ထားဆဲကာလဖြစ်၍ လက်ရှိအချိန်တွင် မည်သို့မှ လုပ် ‌ဆောင်နိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

သို့‌သော် တိုင်းကျန်းမာ‌ရေးအရာရှိ ‌ဒေါက်တာ‌ကျော်စိုးမှာ မန္တ‌လေးတိုင်းရှိ အခြားမြို့များမှ လူထုအ‌ခြေပြုအဖွဲ့များနှင့် အဆင်‌ပြေ‌ကြောင်း ‌မေမြို့ရှိ လူမှုအဖွဲ့တစ်ခုမှ အမျိုးသားဝန်ထမ်းတစ်ဦးက “ကျ‌နော်တို့က‌တော့ အဆင်‌ပြေ‌အောင် ‌ပေါင်းရတာပဲ‌လေ။ ဖိအား‌ပေးခံရတယ် ဆို‌ပေမယ့်လည်း ‌လော‌လောဆယ် မတတ်နိုင်‌သေးပါဘူး”ဟု ဆိုသည်။

မန္တ‌လေးတိုင်း၊ တိုင်းကျန်းမာ‌ရေးအရာရှိမှာ ၂၀၀၇ခုနှစ်၊ ‌အောက်တိုဘာလမှစ၍ ယ‌နေ့အထိ မန္တ‌လေးတိုင်း ကျန်းမာ‌ရေးဦးစီးဌာနတွင် ဝင်‌ရောက်တာဝန် ထမ်း‌ဆောင်‌နေခြင်းဖြစ်ပြီး အဆိုပါကိစ္စကို မကြာ‌သေးခင်ကမှ အသစ်‌ရောက်ရှိလာသည့် တိုင်းကျန်းမာ‌ရေးဦးစီးမှူးပင် ‌ဖြေရှင်းနိုင်ခြင်း မရှိ‌ကြောင်း သိရသည်။