Home သတင်း မိုးများရာသီတွင် ဖြစ်ပွား‌သော‌ရောဂါ များ‌ကြောင့် ဒုက္ခသည် က‌လေးများ ‌သေဆုံးမှုရှိ‌နေ

မိုးများရာသီတွင် ဖြစ်ပွား‌သော‌ရောဂါ များ‌ကြောင့် ဒုက္ခသည် က‌လေးများ ‌သေဆုံးမှုရှိ‌နေ

2269
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွား‌လေး (ကရင်သတင်းဌာန)

ထိုင်း-မြန်မာနယ်စပ်‌ဒေသရှိ ကရင်ဒုက္ခသည်စခန်းအသီးသီးတွင် မိုးများ‌သောရာသီ ဇူလိုင်လတွင်း ဖြစ်‌လေ့ရှိ‌သော ‌ရောဂါများ‌ကြောင့် က‌လေးများ ‌သေဆုံးသည်အထိ ဖြစ်ရှိ‌နေ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မယ်ရာမိုစခန်း၊ ရပ်ကွက်(၅/က)ရှိ မသန်မစွမ်းသူများအတွက် အထူးပညာ‌ရေး‌ကျောင်း(SE)တွင် ဝမ်း‌လျှော‌ရောဂါ‌ကြောင့် က‌လေးငယ် ၂ဦး ‌သေဆုံးသွားခဲ့‌ကြောင်း ကရင်အမျိုးသမီးအစည်းအရုံးမှ လူမှု‌ရေးတာဝန်ခံ ‌နော်လှကြည်က ‌ပြောသည်။

“SE ‌ကျောင်းမှာ ဝမ်း‌လျှော‌ရောဂါ‌ကြောင့် က‌လေးနှစ်‌ယောက် ‌သေဆုံးသွားတယ်။ တစ်‌ယောက်က အသက် (၆)နှစ်အရွယ်‌လောက် ရှိမယ်။ သူက မဲ့စရင်း‌ဆေးရုံကိုပို့ရင်း လမ်းတစ်ဝက်မှာ ဆုံးသွားတာ။ ‌နောက်တစ်‌ယောက်က‌တော့ ၄နှစ်‌လောက်ရှိမယ်”ဟု သူမက ‌ပြောသည်။

ထို့အပြင် စခန်းအတွင်း၌ က‌လေးများမှာ ရင်ကြပ်‌ရောဂါလည်း ခံစား‌နေရသူများလာသည်ဟု သူမက ဆက်‌ပြောသည်။

ရာသီဥတုအ‌ပြောင်းအလဲနှင့် မိုးများ‌သောလများတွင် တုပ်‌ကွေး‌ရောဂါ၊ ဝမ်း‌လျှော‌ရောဂါ၊ ရင်ကြပ်‌ရောဂါနှင့် ငှက်ဖျား‌ရောဂါများ ဖြစ်‌လေ့ရှိ ရာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မယ်လစခန်း၌လည်း အထူးသဖြင့် က‌လေးများတွင်သာ တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

မယ်လစခန်း အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောအဲ့ကလယ်က ̏ များ‌သောအားဖြင့်က‌တော့ ‌ဘော်ဒါ‌ဆောင်မှာ‌နေတဲ့ ‌ကျောင်းသား‌တွေ ဖြစ် တာများတယ်။ ပြီး‌တော့ ဒီဇူလိုင်လမှာဆိုရင် တုပ်‌ကွေး‌ရောဂါ ‌ဝေဒနာသည်ဦး‌ရေ ၆ဝက‌နေ ၇၀‌လောက်အထိ လာပြီး ကုသမှု ရှိ‌နေတယ် ̋ ဟု ‌ပြောသည်။

သို့‌သော် အုန်းဖျန်စခန်းတွင်မူ ငှက်ဖျား‌ရောဂါ ခံစား‌နေရသူ ဦး‌ရေများလာပြီး များ‌သောအားဖြင့် စခန်းအပြင်သို့ထွက်ကာ အလုပ်လုပ်‌နေ ကြသူများ၌ အဖြစ်များသည်ဟုလည်း အုန်းဖျန်စခန်း AMI ‌ဆေးရုံတာဝန်ခံ ဆရာတာ့‌နေ့သားက ‌ပြောသည်။

လွန်ခဲ့‌သောနှစ်များကလည်း ယခုလိုရာသီတွင် အလားတူ ဖြစ်ပွားမှုမျိုးရှိခဲ့ပြီး မယ်ရာမိုစခန်း၌ တုပ်‌ကွေး‌ရောဂါ ကူးစက်မှု‌ကြောင့် စာသင် ‌ကျောင်းအချို့မှာ ပိတ်ထားရသည်အထိ ရှိခဲ့သည်။