Home သတင်း The Voice သတင်းဂျာနယ်ထုတ်‌ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံရ

The Voice သတင်းဂျာနယ်ထုတ်‌ဝေခွင့် အကန့်အသတ်မရှိ ပိတ်ပင်ခံရ

1712
ဇူလိုင်လ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)


မြန်မာနိုင်ငံပြန်ကြား‌ရေးဝန်ကြီးဌာနနှင့် စာ‌ပေစစ်‌ဆေး‌ရေးအဖွဲ့က ပြည်တွင်းထုတ်သတင်းဂျာနယ် တစ်ခုဖြစ်‌သော The Voice သတင်းဂျာ နယ်ကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းချက်များ မလိုက်နာဟူ၍ စွပ်စွဲကာ စာ‌ပေထုတ်‌ဝေခွင့်ကို အကန့်အသတ်မရှိ ပိတ်လိုက် ‌ကြောင်း ထိုသတင်းဌာန အယ်ဒီတာချုပ် ဦး‌ကျော်မင်း‌ဆွေက ‌ပြောသည်။

သတင်းဂျာနယ်ထုတ်‌ဝေရာတွင် စာ‌ပေစစ်‌ဆေး‌ရေးထံသို့ အချိန်မီ မတင်ပြခဲ့ခြင်းနှင့် မတင်ပြဘဲ ပုံနှိပ်ဖြန့်‌ဝေခြင်း စသည့် စည်းကမ်းချက် များ ချိုး‌ဖောက်ခဲ့သဖြင့် ယ‌နေ့မှ စတင်ပြီး The Voice သတင်းဂျာနယ်ကို အပိတ်ခံလိုက်ရ‌ကြောင်း အယ်ဒီတာချုပ် ကို‌ကျော်မင်း‌ဆွေက ကရင်သတင်းဌာနသို့ ‌ပြောသည်။

“သူတို့က‌တော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်‌တွေကို ချိုး‌ဖောက်တယ် ဆိုတာကလွဲလို့ ဘာ‌ကြောင့်ပိတ်တယ်ဆိုတာနဲ့ ပိတ်ရ‌လောက် ‌အောင် စည်းကမ်း‌တွေ‌ဖောက်တယ်ဆိုတာမျိုးကို သက်‌သေမပြဘူး”ဟု ကို‌ကျော်မင်း‌ဆွေက ‌ပြောသည်။

၎င်းတို့အား အစိုးရ ပြန်ကြား‌ရေးဌာနမှ ‌ခေါ်ယူ‌ပြောဆိုရာတွင် ပြီးခဲ့သည့် ဇွန်လ‌လောက်မှ စတင်၍ The Voice သတင်း ဂျာနယ်သည် ဂျာနယ်စည်းကမ်းချက်များ ချိုး‌ဖောက်‌နေသည်ဟု ‌ပြောဆို‌သော်လည်း ယခုလို ဒီမိုက‌ရေစီ ကူး‌ပြောင်းကာလတွင် မီဒီယာလွတ်လပ်ခွင့် ပိတ်ပင်ခံရသည်ဟုမြင်‌ကြောင်း ကို‌ကျော်မင်း‌ဆွေက ဆက်‌ပြောသည်။

ထို့အပြင် ယ‌နေ့တစ်ရက်တည်း၌ပင် The Voice သတင်းဂျာနယ်နည်းတူ Envoy ဂျာနယ်ကိုလည်း အကန့်အသတ်မရှိ ထုတ်‌ဝေခွင့် အပိတ်ခံလိုက်ရ‌ကြောင်းလည်း သိရသည်။

ထုတ်‌ဝေခွင့် အပိတ်ခံလိုက်ရခြင်းနှင့် ပတ်သက်၍ Envoy ဂျာနယ်တွင် မိမိကိုယ်တိုင် CEO အဖြစ် တာဝန်ယူထုတ်‌ဝေ‌နေ‌သော ဂျာနယ် ဖြစ်သဖြင့် အထူး‌ကြေကွဲဝမ်းနည်း စိတ်မ‌ကောင်းဖြစ်ရ‌ကြောင်း Envoy ဂျာနယ်ထုတ်‌ဝေသူ ဒါရိုက်တာ ဇင်‌ရော်‌မောင်‌မောင်က ‌ပြောကြား သည်ဟု ပြည်တွင်းဂျာနယ်တစ်‌စောင်တွင် ‌ဖော်ပြထားသည်။

ကို‌ကျော်မင်း‌ဆွေက “ကျ‌နော်တို့ပြည်တွင်းမှာထုတ်တဲ့ မီဒီယာ‌တွေအားလုံးက တိုင်းပြည်အကျိုး ပျက်စီးရာပျက်စီး‌ကြောင်း လုပ်‌နေတဲ့ စာ‌စောင်တစ်‌စောင်မှ မရှိပါဘူး။ ဒီမိုက‌ရေစီအသွင်‌ပြောင်းကာလမှာ အကုန်လုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်‌ပြောင်းဖို့၊ စစ်ဖက်၊ အရပ် ဖက်တွဲပြီး‌တော့ တိုင်းပြည်အကျိုးပြုတာ‌တွေ ဝိုင်းဝန်းပြီး လုပ်‌ဆောင်သွားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အလုပ်လုပ်‌နေကြတာပါ”ဟု ဖြည့်စွက်‌ပြောဆိုသည်။

မြန်မာပြည်တွင် ‌နေ့စဉ်ထုတ် အွန်လိုင်းစာ‌စောင်၊ အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် living colour မဂ္ဂဇင်း ထုတ်‌ဝေ‌နေ‌သော The Voice သတင်းဂျာနယ်ကို စာ‌ပေစစ်‌ဆေး‌ရေးမှ အ‌ရေးယူပြီး ထုတ်‌ဝေခွင့် အပိတ်ခံရသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၆ကြိမ်‌မြောက်ရှိပြီး ဖြစ်သည်။