Home သတင်း ငြိမ်းချမ်း‌ရေးသ‌ဘောတူထားမှုများကို KNU နှင့်ဦး‌အောင်မင်းအဖွဲ့ ပြန်‌ဆွေး‌နွေး

ငြိမ်းချမ်း‌ရေးသ‌ဘောတူထားမှုများကို KNU နှင့်ဦး‌အောင်မင်းအဖွဲ့ ပြန်‌ဆွေး‌နွေး

1778
ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နှစ်ဖက် ငြိမ်းချမ်း‌ရေးသ‌ဘော တူညီချက်များကို ပြန်လည်‌ဆွေး‌နွေးသည့် အ‌နေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ် ဦး‌အောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယ‌နေ့ည‌နေ ၃နာရီခန့်မှ ၅နာရီအထိ ‌တွေ့ဆုံခဲ့သည်။

ယ‌နေ့‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲတွင် KNU ဘက်မှ အဖွဲ့ဝင် ၆ဦးပါဝင်သည့် အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန် ဦး‌ဆောင်‌သော အဖွဲ့နှင့် အစိုးရဘက်မှ ဦး‌အောင်မင်း ဦး‌ဆောင်‌သော ကိုယ်စားလှယ် ၉ဦး အဖွဲ့တို့က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “ကျမတို့ ‌ဆွေး‌နွေးတာက‌တော့ ပြီးခဲ့တဲ့ အစိုးရနဲ့ ‌ဆွေး‌နွေးထားတာ ‌တွေ၊ သ‌ဘောတူညီဖြတ်ထားတဲ့အ‌ပေါ် ပြန်‌ပြောဆိုကြပြီး ‌ရှေ့ဆက်ဘာ‌တွေ လုပ်မလဲ‌ပေါ့။ ‌နောက် ကျမတို့ KNU ရဲ့ လုပ်ငန်းစဉ် အ‌ပြောင်းအလဲ‌တွေ သူတို့ကို အသိ‌ပေးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ အစိုးရနှင့် သ‌ဘောတူ လက်မှတ်ထိုးပြီး‌နောက် ဖွင့်လှစ်ထားသည့် KNU ရုံးများကိစ္စနှင့် ပတ်သက် ၍ သုံးသပ်ခြင်း၊ လက်ရှိ ပြည်သူလူထုများက ‌တောင်းဆိုထားသည့် ‌မြေယာသိမ်းဆည်းမှု ကိစ္စများကို ‌ဆွေး‌နွေးခဲ့သည်ဟု ‌နော်စီဖိုးရာစိန်က ဆိုသည်။

မီးရထားဝန်ကြီး ဦး‌အောင်မင်းကလည်း “KNU ‌ဒေသအတွင်း လူထု‌တွေ အခက်အခဲ တစုံတရာ ဖြစ်လာရင် ဆက်ဆံ‌ရေးက‌နေတဆင့် သွားတိုင်နိုင်တယ်။ ဆက်ဆံရုံးမှာ ‌ဆွေး‌နွေးနိုင်တယ်။”ဟု ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်။

ဧပြီလ ၆ရက်‌နေ့က ‌နော်စီဖိုးရာစိန်ဦး‌ဆောင်သည့်‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ် အဖွဲ့နှင့်မြန်မာအစိုးရဘက်မှမီးရထားဝန်ကြီး ဦး‌ဆောင်သည့် အဖွဲ့တို့သည်ရန်ကုန်မြို့တွင် ပြည်‌ထောင်စု အဆင့် ‌ဆွေး‌နွေးကြကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့်နှစ်ဖက် သ‌ဘောတူလက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ယ‌နေ့ ‌ဆွေး‌နွေးပွဲတွင် စစ်‌ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် ‌ပြောဆို‌ဆွေး‌နွေးမှုများ မရှိခဲ့‌ကြောင်း၊ တိကျသည့် ဆုံးဖြတ်ချက်များ မရှိခဲ့‌ကြောင်းနှင့် ‌နောက် ‌တွေ့ဆုံကြမည့် သတ်မှတ်ရက်များ မရှိ‌သေး‌ကြောင်း KNU က ‌ပြောသည်။

သို့‌သော် ‌ဆွေး‌နွေးပွဲ‌ကြောင့် KNU နှင့် မြန်မာအစိုးရအကြား ဆက်ဆံ‌ရေးများ ဆက်လက်ခိုင်မြဲသလို မရှင်းလင်း သည့် အ‌ကြောင်းအရာများကို ပြန်လည်‌မေးမြန်း ဖလှယ်ခဲ့သည့်အ‌ပေါ် ဆက်‌ရှေ့လုပ်‌ဆောင်ရမည့် လုပ်ငန်းများအတွက် အကျိုးရှိသည်ဟု ‌နော်စီဖိုးရာစိန်က ‌ပြောသည်။