Home သတင်း မူးယစ်‌ဆေးဝါး‌ရောင်းဝယ်ခြင်း မှန်ပါကအစစ်‌ဆေးခံမည်ဟု ဗိုလ်ချုပ် ‌စောလားပွယ်‌ပြော

မူးယစ်‌ဆေးဝါး‌ရောင်းဝယ်ခြင်း မှန်ပါကအစစ်‌ဆေးခံမည်ဟု ဗိုလ်ချုပ် ‌စောလားပွယ်‌ပြော

2945
‌မေလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မူးယစ်‌ဆေးဝါးကို ၎င်းကိုယ်တိုင် ‌ရောင်းဝယ်‌ဖောက်ကား‌နေခြင်း မှန်ပါက နိုင်ငံတကာခုံရုံးတွင် အစစ်‌ဆေးခံယူပြီး ကျသင့်သည့် အပြစ် ဒဏ်ကို ကျခံသွားမည်ဟု ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်-DKBA မှ ဗိုလ်ချုပ်‌စောလားပွယ်က ယ‌နေ့ ‌ပြောကြား လိုက်သည်။

၎င်းအား မူးယစ်ရာဇာဟု ထိုင်းအစိုးရမှ စွပ်စွဲ‌ပြောဆိုမှု‌ကြောင့် ဗိုလ်ချုပ်‌စောလားပွယ်က တုန့်ပြန်သည့်အ‌နေဖြင့် ကရင်ပြည်နယ် မြဝတီမြို့ နယ် ‌ဝေါ်‌လေ‌ဒေသရှိ ‌ကော်သူးမွဲခီး(ယခင်-ဆုံဆည်းမြိုင်)ရပ်ကွက်၌ ယ‌နေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ထိုသို့ ‌ပြောကြားလိုက် ခြင်း ဖြစ်သည်။

“ဒီမူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားတာ၊ ထုတ်လုပ်တာတို့ တခါမှ မလုပ်ခဲ့ဘူး။ တကယ်လို့ ကိုယ်တိုင် ‌ရောင်းဝယ်‌ဖောက်ကားတာ မျိုးတင် မဟုတ်ဘဲနဲ့ လူတစ်ဦးတ‌ယောက်ကို ‌ရောင်းဖို့ စီးပွား‌ရေးလုပ်ဖို့ ညွှန်ကြားတာမျိုး ရှိခဲ့မယ်ဆိုရင်‌တောင်မှ နိုင်ငံတကာခုံရုံးမှာ အစစ်ခံပြီး အပြစ်ခံမယ်။”ဟု ဗိုလ်ချုပ် ‌စောလားပွယ်မှ ‌ပြော‌ကြောင်း ဒီ‌ကေဘီ‌အေ၏ ကလို့ထူး‌ဘော ကရင်အစည်းအရုံး-KKO အ‌ထွေ ‌ထွေအတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင်က ပြန်လည်‌ပြောဆိုသည်။

ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ‌နေရာများတွင် မူးယစ်‌ဆေးဝါး ထုတ်လုပ်ခြင်း၊ ‌ရောင်းဝယ်‌ဖောက်ကားခြင်း ရှိမရှိ လာ‌ရောက်စစ်‌ဆေးနိုင်သည် ဟု ထိုင်းအစိုးရကို ဖိတ်‌ခေါ်ထားပြီဖြစ်‌သော်လည်း ယခုထိ လာ‌ရောက် စစ်‌ဆေးခြင်း မရှိ‌သေး‌ကြောင်းလည်း ဗိုလ်ချုပ်‌စောလားပွယ်က ‌ပြောကြားခဲ့‌ကြောင်း ‌စောဂုဏ်‌အောင်က ဆက်‌ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာသတင်းစာဆရာများ၊ သတင်း‌ထောက်များနှင့် ထိုင်းသတင်း‌ထောက် ၄ဦး တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၂ဝရက်‌နေ့က ထိုင်း အမှတ်-၃ ရုပ်သံလိုင်းမှ ထုတ်လွှင့်လိုက်‌သော ထိုင်းနိုင်ငံမှ အလိုရှိသူ မူးယစ်ရာဇာ ၂၅ဦးထဲတွင် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောလားပွယ် ပါဝင်‌ကြောင်း ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်း၏ ‌ပြောကြားချက်သည် မြန် မာနိုင်ငံကိုလည်း ထိခိုက်‌သော‌ကြောင့် ၎င်းအား မ‌တောင်းပန်လိုသည့်တိုင် သမ္မတဦးသိန်းစိန်အား ‌တောင်းပန်သင့်‌ကြောင်း ဗိုလ်ချုပ် ‌စောလားပွယ်က ‌ပြောကြားခဲ့သည်ဟု သိရသည်။

တဆက်တည်း၌ပင် နိုင်ငံခြားသတင်း‌ထောက်များလာနိုင်သည့် သတင်းစာရှင်းလင်းပွဲကို ဆက်လုပ်သွားမည်ဖြစ်‌ကြောင်းနှင့် နိုင်ငံတကာ မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးအဖွဲ့များ ဖိတ်‌ခေါ်ကာ လာ‌ရောက် စစ်‌ဆေး‌ပေးခြင်းမျိုး ဆက်လုပ်သွားရန် ရှိ‌ကြောင်းလည်း ဗိုလ်ချုပ်‌စောလား ပွယ်က ‌ပြောခဲ့သည်ဟု သိရသည်။

ဧပြီလ ၂ဝ ရက်‌နေ့က မူးယစ်‌ဆေးဝါးကုန်ကူးမှု ထိပ်တန်းစာရင်း၌ ပါဝင်သူ ၂၅ဦး၏ အမည်ကို ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသား ၃ဦးဖြစ်သည့် ‌ရွှေတြိဂံ‌ဒေသမှ ‌နော်ခမ်း၊ တာချီလိတ် နမ့်ပုံပြည်သူ့စစ် ‌ခေါင်း‌ဆောင် ယီ‌ဆေးနှင့် ဗိုလ်ချုပ်‌စောလားပွယ်တို့ ပါဝင်ခဲ့သည်။

ယင်းသို့ ထိုင်းအစိုးရဘက်မှ ဗိုလ်ချုပ်‌စောလားပွယ်အား မူးယစ်ရာဇာအဖြစ် စွပ်စွဲ‌ကြေညာမှုအ‌ပေါ် ပတ်သက်ခြင်းမရှိပါက ထုတ်ပြန်သူ ကိုယ်တိုင် တာဝန်ခံရမည်ဖြစ်‌ကြောင်းလည်း DKBA မှ ပြီးခဲ့သည့် ရက်သတ္တပတ်က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။