Home သတင်း လွှတ်‌တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ

လွှတ်‌တော်တက်ရန် NLD ဆုံးဖြတ်လိုက်ပြီ

1605
ဧပြီလ ၃ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


၂၀၀၈ ဖွဲ့စည်းပုံပါ အ‌ခြေခံဥပ‌ဒေအချို့အား သ‌ဘောမတူညီ၍ လွှတ်‌တော်တက်ရန် ‌နှောင့်‌နှေး‌နေသည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD)၏ လွှတ်‌တော်ကိုယ်စားလှယ်များသည် ပြည်သူ့အသံကို နား‌ထောင်သည့်အ‌နေဖြင့် ကျမ်းကျိန်ပြီး လွှတ်‌တော်တက်ဖို့ ယ‌နေ့ ဆုံး ဖြတ်လိုက်ပြီ ဖြစ်သည်။

အဓိက အချက်နှစ်ချက်ဖြင့် လွှတ်‌တော်တက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်‌ကြောင်းလည်း NLD မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခု လို ‌ပြောသည်။

“မဲဆန္ဒရှင်ပြည်သူအများစုက NLD ကို တက်‌စေချင်တယ်။ လွှတ်‌တော်ထဲ ‌ရောက်‌စေချင်တယ်။ လွှတ်‌တော်မတက်‌သေးတာကို စိုးရိမ်ပူပန် ‌နေကြတယ်။ အဲဒါကို ‌ပြေ‌ပျောက်‌အောင်ပါ။ ဒုတိယတချက်က ပါလီမန်ထဲမှာရှိတဲ့ တိုင်းရင်းသားပါတီ ၁၆ခုကလည်း ဒီအခက်အခဲကို ‌နောင်မှ‌ဖြေရှင်းပြီး‌တော့ ‌လော‌လောဆယ်တက်နိုင်ဖို့ သူတို့‌မေတ္တာရပ်ခံတဲ့အတွက်‌ကြောင့် တက်ဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၎င်းက ‌ပြော သည်။

ပြင်ဆင်လိုသည့် အချက်အလက်များကို အစိုးရမှ ပြင်ဆင်‌ပေးခြင်းမရှိ‌သော်လည်း လွှတ်‌တော်တက် ‌ရောက်ရခြင်းမှာ အစိုးရအား လက် ‌လျှော့‌ပေးလိုက်ခြင်းမျိုးမဟုတ်ဘဲ ပြင်ဆင်စရာများကို လွှတ်‌တော်ထဲ‌ရောက်မှသာလျှင် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် လုပ်‌ဆောင် သွားမည်ဟုလည်း သူက ဆက်‌ပြောသည်။

သို့‌သော် မည်သည့်အချိန်တွင် လွှတ်‌တော်စတက်မည်ကို မသိရ‌သေး‌ကြောင်းနှင့် လွှတ်‌တော်တက်ရန် ကျမ်းကျိန်ဆို‌ရေးနှင့် ပတ်သက်၍ NLD မှ လွှတ်‌တော်ကို တင်ပြထားပြီး အ‌ကြောင်းပြန်ကြားချက်ကိုလည်း ‌စောင့်ဆိုင်း‌နေ‌ကြောင်း ဦးဉာဏ်ဝင်းက ‌ပြောသည်။

ပြည်သူများ၏ ‌မျှော်လင့်ချက်အတိုင်း လွှတ်‌တော်တက်ကာ ပြင်ဆင်စရာများကို လွှတ်‌တော်ထဲတွင် ပြင်ဆင်သွားသင့်‌ကြောင်းနှင့် NLD အ ‌နေဖြင့် လွှတ်‌တော်တက်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ ‌ကောင်းမွန်‌ကြောင်း ပြည်တွင်းသတင်းဌာနမှ ဝိုင်ပီအိုင် အယ်ဒီတာတစ်ဦးဖြစ်သူ ကိုမြင့် ‌ကျော်က မှတ်ချက်‌ပေး ‌ပြောဆိုသည်။

သူက “အမှန်‌တော့ ဒီကိစ္စ(ပြင်ဆင်လိုသည့်အချက်အလက်များ)က အရမ်းအ‌ရေးကြီးတယ်ဆိုရင် ‌ရွေး‌ကောက်ပွဲ မတိုင်ခင်ကတည်းက ‌ပြောထားသင့်တယ်။ အဲလိုမှ မဟုတ်ရင်‌တော့ အနိုင်ရပြီးမှ ‌ပြောတာ၊ လူထုက လွှတ်‌တော်တက်မယ့်ကိစ္စအ‌ပေါ် ‌မျှော်လင့်ချက်ထား‌နေ ချိန်မှာ‌ပြော‌တော့ အားမလိုအားမရ ဖြစ်ကြတာ‌ပေါ့။ အခုဆုံးဖြတ်ချက်က‌ကောင်းပါတယ်။ နဂိုကတည်းက ဆုံးဖြတ်သင့်တယ်ထင်ပါ တယ်။”ဟု ‌ပြောသည်။

ယ‌နေ့ ‌နေ့လည် ၁ဝနာရီတွင် အမျိုးသားဒီမိုက‌ရေစီရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့‌သော NLD ဗဟိုအလုပ်မှု‌ဆောင် အဖွဲ့အစည်းအ‌ဝေးအပြီး တွင် ပြည်သူများနှင့် ဒီမိုက‌ရေစီပါတီများ လိုလားချက်အရ ‌မေလ ၂ရက်‌နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး NLD ပါတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်း စုကြည်က လွှတ်‌တော်တက်မည်ဟု မီဒီယာများကို ‌ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်‌တော်အတွင်း တိုင်းရင်းသားပါတီများနှင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်တို့ ပူး‌ပေါင်းပြီး ‌ပြောင်းသင့်သည့်ကိစ္စများကို ‌ပြောင်းလဲရန်၊ အထူးသဖြင့် ကျမ်းကျိန်စာ၏ စာသား‌တွေကို ‌ပြောင်းရန်ကို လွှတ်‌တော်ထဲရှိ မဟာမိတ်ကိုယ်စားလှယ်များက ဝိုင်းဝန်းပြီး ‌မေတ္တာရပ်ခံမှု များ ရှိခဲ့‌သော‌ကြောင့် လွှတ်‌တော်တက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သူမက ‌ပြောသွားသည်။

ယခု ဧပြီလ ၁ရက်‌နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ် ၄၅‌နေရာတွင် NLD မှ ၄၄‌နေရာ ဝင်‌ရောက်ယှဉ် ပြိုင်ခဲ့ရာ ၄၃‌နေရာ အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ဧပြီလ ၂ဝရက်‌နေ့ကကလည်း ၂၀၀၈ ဖွဲ့စည်းပုံပါ အ‌ခြေခံဥပ‌ဒေအချို့အား သ‌ဘောတူညီမှု မရှိသဖြင့် ဧပြီလ ၂၃ရက်‌နေ့တွင် ကျင်းပမည့် လွှတ်‌တော် တက်‌ရောက်ရန် မ‌သေချာ‌သေး‌ကြောင်းလည်း သတင်းမီဒီယာများကို ‌ပြော ကြားခဲ့‌သေးသည်။