Home သတင်း မဲ‌ဆောက်မြို့ ‌မေ‌ဒေး‌နေ့ အစီအစဉ် ထိုင်းနှင့် မြန်မာ ပူး‌ပေါင်းကျင်းပ

မဲ‌ဆောက်မြို့ ‌မေ‌ဒေး‌နေ့ အစီအစဉ် ထိုင်းနှင့် မြန်မာ ပူး‌ပေါင်းကျင်းပ

2117
‌မေလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ယ‌နေ့ကျ‌ရောက်သည့် ၁၂၂ကြိမ်‌မြောက် ကမ္ဘာ့အလုပ်သမား‌နေ့ကို ဂုဏ်ပြုသည့်အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ထိုင်းမြို့ ခံများနှင့် ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၂,၀၀၀‌ကျော် ပူး‌ပေါင်းကာ မဲ‌ဆောက်မြို့အတွင်း စီတန်းလှည့်လည် ချီတက်ခဲ့ကြသည်။

‌မေ‌ဒေး‌နေ့ ချီတက်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ အလုပ်သမားအခွင့်အ‌ရေး ကာကွယ်‌ရေးရုံးနှင့် စက်မှုလုပ်ငန်းရှင်များက ဦးစီး ပြီး ဂုဏ်ပြုချီတက်သူများက မဲ‌ဆောက်မြို့မ ရဲစခန်း(ပုလိပ်ရုံး)မှ ‌မေ‌ဒေးနှင့်သက်ဆိုင်သည့် ဆိုင်းဘုတ်များ ကိုင်‌ဆောင်ခြင်း၊ ဘင်ခရာတီး မှုတ်ခြင်း၊ ဒိုးပတ်တီးကာ ကခုန်ခြင်းတို့ဖြင့် ဝိထရာခွန် အထက်တန်း‌ကျောင်းရှိရာသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ပါဝင်ချီတက်ခဲ့သူ အလုပ်သမ မသွယ်သွယ်ဆန်းက “ကျမက‌တော့ ဒီလိုမျိုး‌တွေ့ရတာ အရမ်း‌ပျော်တယ်။ ကျမအတွက် ပထမဆုံးအကြိမ် ပဲ။ ပြည်တွင်းမှာ ဒီလို ‌မေ‌ဒေးအခမ်းအနားကို တခါမှ မ‌တွေ့ဖူးဘူး။ ‌နောက် အခွင့်ရရင် မိတ်‌ဆွေအ‌ပေါင်းအသင်းများနဲ့ ‌မေ‌ဒေး‌နေ့ကို ပါဝင်ဆင်နွှဲချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ၌လည်း ယခင်နှစ်များက ‌မေ‌ဒေး‌နေ့ကို အနည်းအကျဉ်းသာ ကျင်းပခဲ့‌သော်လည်း ယခုနှစ်၌မူ လူမှု‌ရေးအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီ များနှင့် ပြည်သူလူထုများ ပူး‌ပေါင်း၍ ရန်ကုန်တစ်မြို့တည်းတွင် ‌မေ‌ဒေး‌နေ့ အခမ်းအနားကို သန်လျင်၊ ဒဂုံနှင့် ‌တော်ဝင်နှင်းဆီ ‌နေရာ ၃‌နေ ရာတို့တွင် ကျင်းပခဲ့ကြ‌ကြောင်း ရန်ကုန်မြို့တဦး၏ ‌ပြောပြချက်အရ သိရသည်။

ယခုလို မဲ‌ဆောက်မြို့၌ ပြုလုပ်သည့် ‌မေ‌ဒေး‌နေ့ ‌မေ‌ဒေး‌နေ့ အခမ်းအနားတွင် အလုပ်‌ရေးရာများ၊ အလုပ်သမားအခွင့်အ‌ရေးများနှင့် စပ် လျဉ်းသည့် ပညာ‌ပေးမှု၊ ‌ဟော‌ပြောမှုများ ပြုလုပ်‌ပေးသင့်‌ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-FTUB မှ ဆရာဦးမင်းလွင် ယခုလို ‌ပြောသည်။

သူက “ဒီနှစ်မှာ‌တော့ ကုမ္ပဏီ‌တွေ ပိုပြီး‌တော့ ပါဝင်လာတာကို ‌တွေ့ရတယ်။ ဒါ‌တွေနဲ့ မပြည့်စုံ‌သေးဘူး။ အလုပ်သမား‌တွေကိုယ်တိုင် စကား‌ပြောနိုင်တဲ့အဆင့် အဲဒီအဆင့်အထိ ထည့်‌ပေးဖို့ လိုပါတယ်။”ဟု ‌ပြောဆိုသည်။

အလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌သော ထိုင်းနိုင်ငံအ‌ခြေစိုက် အစိုးရမဟုတ်‌သောအဖွဲ့-NGO တခုဖြစ်သည့် Burma link UK ၏ ဥက္ကဌ တိုနီစတိုကယ်လ် (Tony Stokle)ကလည်း “မဲ‌ဆောက်မှာလုပ်တဲ့ ‌မေ‌ဒေး‌နေ့က ‌ကောင်းပါတယ်။ ဒါ‌ပေမယ့် တကယ်ဆိုရင် အလုပ်သမား ‌တွေ သူ့အလုပ်ရုံက သူနဲ့ မဟုတ်ဘဲ ယူနီယံ(သူ့အဖွဲ့အစည်း)နဲ့ ဖြစ်ရင် ပို‌ကောင်းတယ်။ အဲဒါဆိုရင် ပိုပြီး‌တော့မှလည်း စနစ်ကျတာ‌ပေါ့။” ဟု ဆိုသည်။

ဝိထရာခွန် အထက‌ကျောင်းတွင် ပြုလုပ်သည့် ‌မေ‌ဒေး‌နေ့ အခမ်းအနားတွင် အလုပ်သမားနှင့် သက်ဆိုင်သည့် အသိပညာ‌ပေး စာ‌စောင် များ၊ စီဒီပြားများကို အဲန်ဂျီအိုမှ ဖြန့်‌ဝေ‌ပေးခြင်းအပြင် ‌ပျော်ပွဲရွှင်ပွဲများ၊ အားကစားများအဖြစ် တီးမှုတ်ကပြခြင်း၊ ‌ဘောလုံးကန်ခြင်း၊ ‌ဘော လုံးပစ်ခြင်း၊ ခြင်းလုံးခတ်ခြင်း၊ မဲနိုက်ခြင်းနှင့် ကြိုးဆွဲခြင်း စသည့်လှုပ်ရှားမှုများကို အခမ်းအနားကြီးကြပ်သူများက ပြုလုပ်‌ပေးခဲ့ကြသည်။

အဆိုပါ ပွဲစီစဉ်သူ ထိုင်းအာဏာပိုင်များက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ဟူ၍ အဆင့်လိုက် ဆုချီးမြှင့်‌ပေးခဲ့ကြသည်။

ယခင်နှစ်ကလည်း မဲ‌ဆောက်မြို့ရှိ မြို့ခံထိုင်းပြည်သူများနှင့် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများ ပူး‌ပေါင်း၍ ‌မေ‌ဒေး‌နေ့ကို ကျင်းပခဲ့ကြသည်။